( Zawgyi Version)
အပြန်လမ်းတစ်လျှောက်လုံးရီပေါ်ကတော့ပင်ပန်း
ပြီး ရှောင်းကျန့်လက်မောင်းပေါ်အိပ်ပျော်နေတယ်
ရှောင်းကျန့် ကားမှန်ကနေ နေထိုးနေတာမို့ လိုက်
ကာကို ဆွဲလိုက်တယ် .. သူလက်မောင်းနာနေ
သော်လည်း သူ့ကြောင့်ရီပေါ်ပင်ပန်းနေတာကိုသိ
တော့ မနှိုးရက်ပေ .. ကားထဲက အအေးပေး
စက်ကလည်း အရမ်းအေးနေတာမို့ ရှောင်းကျန့်
သူ့အနွေးထည်သာ ချွတ်ပီး ထပ်ဝတ်ပေးထားလိုက်
တယ်....သူကအောက်ခံအကျီအထူတစ်ထပ်ပါသေးတာမို့
ကိစ္စမရှိပေ .. အကျီဝတ်ပေးနေရင်း ကြည့်
လိုက်တော့ လည်ပင်းမှာ ကိုက်ရာတွေ တန်းစီ
နေသည် .. ဒါကို ထိုကောင်လေးက အကျီနှင့်
မရမက ဖုံးထားဟန်တူသည် .. ရှောင်းကျန့်
သဘောကျလွန်းလို့ အသံထွက်ရယ်မိသွားတော့
ရီပေါ်သူငယ်ချင်းတွေက သူ့ကိုဝိုင်းကြည့်လာသည်..ထို့ကြောင့် မျက်နှာကိုပြန်တည်လိုက်ပြီး မျက်လုံး
တွေသာ မှေးထားလိုက်တော့တယ်..........
အိမ်ပြန်ရောက်တော့ သူကိုယ်တိုင်လည်းခရီးပန်း
နေပြီ .. ရီပေါ်ကို အသာလှုပ်ကာ နှိုးလိုက်တယ်
ရှောင်းယွင့်ကတော့ suitcaseတွေလာဝိုင်းသယ်
ပေးတယ်...သူတို့ အိမ်ရောက်တဲ့ အချိန်ကညနေ
6နာရီကျော်နေပြီ....ခရီးပန်းနေတာမို့ ချက်ချင်း
အခန်းထဲဝင်ပြီး အိပ်ပျော်သွားတဲ့ရီပေါ်ကိုလည်းမ
နှိုးချင်တော့ပေ .."ရှောင်းယွင့် အကို့ကို လိမ္မော်ရည်လေးနှင့်သံ
ပုရာရည်လေး ဖျော်လာပေးပါလား..""ဟုတ်ကဲ့ အကိုလေး .. ရှောင်းယွင့်ခုပဲသွား
လုပ်လိုက်ပါ့မယ်..."ရီပေါ်ကတော့ အခန်းထဲဝင်ပြီး ချက်ချင်းပြန်အိပ်
သွားတာမို့ ရှောင်းကျန့်ဝတ်ပေးထားတဲ့ အနွေး
ထည်ကိုတောင် မချွတ်ပေ...တစ်နေကုန်ဒီအဝတ်
အစားတွေနဲ့မို့ ရှောင်းကျန့် အိပ်ပျော်နေတဲ့ရီပေါ်ကို
မနှိုးအောင် အသာလေး အကျီချွတ်ပေးတော့ထုံးစံ
အတိုင်း ရီပေါ်က ပါးစပ် ပကျွတ် ပကျွတ်လုပ်ကာ
ပြန်အိပ်သွားပြန်သည် ..ဒါက သူ့အမူအကျင့် တစ်ခုပေလားတော့မသိ...
ရီပေါ် suitcase ထဲက အကျီလေးတွေကို
ထုတ်ပြီး ရှောင်းကျန့် ဗီဒိုထဲ ပြန်ထည့်ပေးနေ
လိုက်တယ် .. သူ့အကျီတွေလည်း ထည့်ပီးပြီ
ဖြစ်သည်...
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)