Just Only For You-(11)

17.8K 1.5K 42
                                    

Zawgyi Version

ဝတ်စုံရွေးနေချိန် ကိုကိုသည် သူ့ကိုအဖက်တောင်
မလုပ်ခဲ့ပါ..အဲ့ဒီအစားပြောခဲ့သည်က...

"မင်းဘာသာမင်းကြိုက်တာရွေး .. ငါ့အတွက်က
အရေးမပါတဲ့ မင်္ဂလာပွဲမို့ အမဲရောင် တစ်စုံဆိုရင်
အဆင်ပြေနေပီ!!!"

ကိုကိုပြောတဲ့ အရေးမပါတဲ့ မင်္ဂလာပွဲလေးက
ကျွန်တော့အတွက်တော့ သိပ်ကိုအရေးပါတယ်
ကိုကို....

အခုဆို ဝန်ထမ်းကောင်မလေးတွေကတောင် ဝမ်ရီ
ပေါ်ကို ကွက်ကြည့် ကွက်ကြည့် ရှောင်းကျန့်သည်
ဆိုဖာ၌ထိုင်နေပီး ဝမ်ရီပေါ်ကသာ အကျီနှစ်စုံလုံး
အတွက်ရွေးနေရသည်....ထိုကောင်မလေးတွေက
တော့ ဝမ်ရီပေါ်ကို ထူးဆန်းသလိုကြည့်နေတာမဆန်း
တော့ သူနဲ့ကိုကိုပုံတွေ ပြန့်သွားတာက တော်ရုံအတိုင်း
အတာမှ မဟုတ်ပဲ

နောက်ဆုံး ရီပေါ်ဟာ အဖြူရောင်လေး နှစ်စုံကိုသာ
ရွေးလိုက်တယ်...ကတ်ပေးပီး ငွေရှင်းပီးနောက်မှာ
ကိုကို ဟာ သူ့ကိုမစောင့်ပဲအရင်ထွက်သွားတယ်သူ့
မှာ ကိုကို့နောက်ကို အမှီပြေးလိုက်ရပြန်တယ်...ကိုကို
ကတော့ ကားစက်တောင် နှိုးပြီးနေပြီဖြစ်သည်..
သူကားပေါ်ကို ကတမ်းကတမ်းတက်လိုက်တယ်...
ထို့နောက် ကိုကိုလည်း ကားကို တရကြမ်းမောင်း
တော့တယ်...

ကြည့်ရတာ ဝမ်ရီပေါ်ကို အိမ်အရင်ပြန်ပို့ပေးပြီးမှ
ကိုကိုကအိမ်ပြန်မည်ထင်သည်...ဝမ်ရီပေါ် ကိုကို့
ကိုတစ်ချက်ကြည့်လိုက်ပြီး...

"ကိုကို...ကျွန်တော် အဖြူရောင်လေးပဲရွေးလာခဲ့
တယ်..."

"............"

ရှောင်းကျန့်ဟာ ဘာမှပြန်မပြောတာကြောင့်
ရီပေါ် ပါးစပ်ကလေးပိတ်ပီး သာ လိုက်လာ
လိုက်တော့တယ်...နောက်တော့သတိထားကြည့်မှ
ဒါ အိမ်ပြန်နေတဲ့ လမ်းမဟုတ်ဖူးပဲ.....

"ကိုကို ဘယ်ကိုသွားနေတာလဲ ဟင်"

"မင်း ပါးစပ်ပေါက်ကို ပိတ်ပြီးသာလိုက်ခဲ့
ငါ့ကိုအာရုံမနောက်နဲ့"

ကိုကိုသည် ဝမ်ရီပေါ် ဘာပြောပြောအကောင်းမ
မြင်တာကို ရီပေါ်သိပါသည်...ဘာလို့ ဒီလောက်ထိ
မုန်းနေရတာလဲ ပြီးတော့ ကျွန်တော် မလုပ်ဖူးဆို
တာကိုရော ဘာလို့မယုံရတာလဲ....

JUST ONLY FOR YOU[Zhanyi/Complete]Tahanan ng mga kuwento. Tumuklas ngayon