(Zawgyi Version)
ရီပေါ်ရဲ့အသားအရေဟာ သူများတွေထက်ပိုပီး
ဖြူနေတာမို့ အဖျားသွေးကြောင့် မျက်နှာကပို
၍ပင်ရဲတွတ်နေသည်...ရှောင်းကျန့်ကတော့ ခြေ
မကိုင်မိလက်မကိုင်မိဖြစ်နေရပြီ ဒီကောင်လေးဖျား
တာ သူ့ကြောင့်မဟုတ်လား.....သူ့ကြောင့်ထိုကောင်လေး ညတိုင်းမအိပ်ရသည့်
အပြင်မနက်ကျစောစောထရသည်..ခုနကလည်း
ဖန်ကွဲတွေရှသွားသည်မို့ အနာရှိန်နှင့်ဖျားနေတာဖြစ်
ရမည်....ရှောင်းကျန့် ဆရာဝန်ကိုအမြန်ပင်ဖုန်းဆက်
ပြီးလှမ်းခေါ်လိုက်သည်....ဆရာဝန်မလာခင် ရီပေါ် ခြုံထားတဲ့စောင်ကိုဖယ်
ပြီး ချွေးတွေရွဲနေတဲ့ရီပေါ်ကို အကျီလဲပေးဖို့ အသာ
အယာလေး မကာ ရီပေါ်ကို အကျီချွတ်ပေးတော့
တအင်းအင်း တအဲအဲဖြင့် .. အဖျားရှိန်ကြောင့်ထင်
ပါရဲ့ .. ရှောင်းကျန့်တောင်သူ့အသားကိုထိရတာ
ပူလာသလိုပင်.....အကျီချွတ်လိုက်တော့ ရီပေါ်ကိုယ်ပေါ်မှာသူဖန်
တီးထားတဲ့ ကိုက်ရာတွေ မြင်မကောင်းထို့နောက်
အကျီပါးပါးယားယားလေး တစ်ထည်လောက်
လဲပေးဖို့ ဗီဒိုထဲ အပြေးအလွှားရှာရပြန်သည်....
ရီပေါ်ခန္ဓာကိုယ်ကပေါ့တာမို့ အကျီလဲပေးတာ
သိပ်တော့မခက်ခဲလှပါ....သူအကျီလဲပေးပြီးမ
ကြာခင် ဆရာဝန်ရောက်လာတော့မှ ဆရာဝန်ကို
တံခါးပြေးဖွင့်ပေးရပြန်တယ်..ဆရာဝန်က သူ့ဘာသာသူစမ်းသပ်ကာ ရီပေါ်ကို
ဆေးတစ်လုံးထိုးပေးပြီး သောက်ဆေးတွေလည်း
ပေးသွားသည်....ဆရာဝန်ပြန်သွားတော့မှ ရှောင်း
ကျန့် တတ်သလောက်မှတ်သလောက်လေးဖြင့်
နဖူးပေါ် ရေဝတ်တင်ပေးထားလိုက်သည်...မုန်းပေမယ့်လည်း လူတစ်ယောက် ကိုယ့်ရှေ့မှာ
ဖျားနေတာကို ပစ်ထားရတဲ့ အထိတော့ အသည်း
မမာနိုင်ပါ...ရီပေါ်ကတော့ အဖျားကြောင့် မျက်
လုံးတောင် မဖွင့်နိုင်ပဲအိပ်ပျော်နေရှာသည်....ရှောင်းကျန့် အခန်းထဲက ခုံမှာပဲထိုင်ကာ tvကြည့်
ရင်း စောင့်ပေးနေလိုက်တယ်...အောက်ကနေ ဘဲလ်
သံကြားတာကြောင့် ပြတင်းပေါက်ကနေ လှမ်းကြည့်
လိုက်တော့ မာမားပင်...
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)