( Zawgyi Version )
ရီပေါ်တစ်ယောက် ဂိမ်းဆော့ပီး အိပ်ပျော်သွားပြီး
ဆေးအရှိန်ကြောင့်ထင်ပါရဲ့ .. နေမကောင်းနေတာ
တောင် သူက ရှောင်းကျန့်ကို ဂိမ်းထဲမှာ အပြည့်အဝ
ကာကွယ်ပေးနေသေးတယ် အရင်ကလိုပါပဲ .. သူ့
အပေါ်အမြဲ အနစ်နာခံတတ်တဲ့ ရီပေါ် ဘာမှမပြောင်း
လဲခဲ့ဘူး ...အိပ်နေတဲ့ ရီပေါ်ကို ရှောင်းကျန့် တစ်စိမ့်စိမ့်ထိုင်ကြည့်
နေမိတယ် .. မနက်ဖြန်ကျရင် လမ်းလျှောက်တာစပြီး
လေ့ကျင့်ဖို့ ရှိတယ် .. မသိရင် လမ်းမလျှောက်တတ်
တဲ့ မွေးကင်းစကလေးလေးကို လမ်းလျှောက်သင်ပေး
ရမယ့် ခံစားချက်မျိုး .. ရီပေါ်ခဏလေးနဲ့ လမ်းပြန်
လျှောက်နိုင်မယ်ဆိုတာယုံတယ် ...ရှောင်းကျန့် အပြင်မှာ မိုးရာသီကြောင့်အလွန်အေးစိမ့်
နေတာမို့ Heater ကိုနည်းနည်းမြှင့်ပေးလိုက်တယ်..
နွေးနွေးထွေးထွေးအိပ်ပါ ကလေး .. ဆေးရုံကဆင်း
တဲ့အခါကျမှ ကိုကို့ ရင်ခွင်ထဲဝင်အိပ် ..****************
အခု ရီပေါ်လမ်းလျှောက်ကျင့်နေတယ် ... သိပ်ပြီး
ကျင့်သားမရသေးလို့ ရှောင်းကျန့်ကသာကူညီပေး
ရတယ် .. ဖြစ်နိုင်ရင် ရီပေါ်ကိုမြန်မြန်သက်သာစေ
ချင်ပြီ သူကိုယ်တိုင်ပဲ ရီပေါ်အစားဖြစ်လိုက်ချင်မိ
သည်....."ပင်ပန်းနေပြီလား...ရီပေါ်.."
"နည်းနည်းလေးတောင်မပင်ပန်းပါဘူး ကိုကိုနဲ့တူတူ
ရှိနေရလို့ဖြစ်မှာ .. "ရီပေါ်က ချစ်စရာကောင်းအောင်ဆိုလာတော့ ရှောင်း
ကျန့် ခေါင်းလေးကိုပုတ်လိုက်တယ် အသည်းယား
လွန်းလို့ဖြစ်သည်..."အောင်မယ်...ဒီမှာ မင်းတို့ကသာယာနေကျ .. အခန်း
ထဲမှာမရှိလို့ လိုက်ရှာလိုက်ရတာနော် "ဟောက်ရွှမ်းက မကျေမနပ် ပြောလာသည်ကြောင့်
စုန်ကျိရန်ပါဝင်ပြောတော့သည်.."ဘာမှမရှာလိုက်ရပါဘူး ဟောက်ရွှမ်းရယ် မင် နာ့စ်
မလေးကို မေးပြီးလိုက်လာတာပဲကို.."ဟောက်ရွှမ်း နောက်တွင်ရပ်နေသော စုန်ကျိရန်ဘက်
သို့ အကြည့်စူစူး ပို့လိုက်ပြီး....
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)