( Zawgyi Version)
စာမေးပွဲနီးလာတာမို့ ရီပေါ် အတန်းပျက်လို့မဖြစ်
တော့ပေ .. ညက ဒဏ်ကြောင့် လမ်းကိုပင် မနည်း
လျှောက်နေရသည် .. ရှောင်းကျန့်က ဒီနေ့ခွင့်ယူဖို့
ပြောလာပေမယ့် မဖြစ်ချေ ခွင့်ယူတာ တော်တော်
လေးများနေပြီ .. ထို့ကြောင့် ဆေးသောက်ပြီးကျောင်း
ကို မနည်းလာရခြင်းဖြစ်သည်.."ဝမ်ရီပေါ် အပြင်မှာအေးနေတယ် မှန်ချထား..
Heaterဖွင့်ပေးမယ်....""ရတယ် ကိုကို .. ကျွန်တော် အပြင်လေတိုက်တာ
ပိုကြိုက်လို့"ပြောမရတဲ့အဆုံး ရှောင်းကျန့် ဘေးကခလုတ်ကို
နှိပ်ပြီး ရီပေါ်ဘေးက ကားမှန်ကိုပိတ်ကာ Heater
ဖွင့်လိုက်သည်..."တော်တော်ပြောရခက်တယ်...အပြင်ကလေအေးတွေ
တိုက်နေတာ..မင်းမြန်မြန်သေမှာစိုးလို့ပြောနေတာ..
ငါ့စကားနားထောင်မှပေါ့ .. အနွေးထည်လည်းထပ်
မဝတ်လာဘူး .. ကျောင်းမလာနဲ့ဆိုလည်းရအောင်
လာတယ်...မင်းတော့နော်!!""ကိုကိုကလည်း ကျွန်တော် ကျောင်းမသွားနိုင်အောင်
ဖြစ်နေတာ ကိုကို့ကြောင့်လေ..ကျွန်တော့ကိုကောင်း
ကောင်းပြောပါ..."ရှောင်းကျန့်က ဆူတော့ . ရီပေါ်ကလည်းဆူပုတ်ပုတ်
ဖြင့်ပြန်ပြောသည် .."ပြန်ပြောမနေနဲ့ ပိတ်ရိုက်လိုက်ဦးမယ် .. ကျောင်း
ရောက်ရင် ငါ့အနွေးထည်ယူသွားချေ""ရပါတယ်ဆို .. ကိုကိုပဲဝတ်ပါ ကိုကိုသာအအေး
ပတ်နေမှာစိုးလို့..""လျှာမရှည်နဲ့ ငါကဘာမှမဖြစ်ဖူး မင်းက သိပ်နေမ
ကောင်းဘူးမလား ဝတ်သွား..."ရီပေါ်က အအေးကြိုက်သူမို့ ဒီလောက်အေးတာက
ကိစ္စမရှိပါ...သို့သော် ကိုကို့ အနွေးထည်ကြီးယူဝတ်
ကာ ကိုကိုက ချမ်းနေမှာပေါ့ .. ခက်တာက ကိုကိုက
လည်းပြောမရဆိုမရကျောင်းရောက်တော့ ကိုကိုက ရီပေါ်ကို အနွေးထည်
အတင်းဝတ်ပေးသည်..."ချွတ်မပစ်နဲ့နော်..ငါမင်းကိုလာချောင်းမှာ .. ညနေ
လာခေါ်မယ် အတန်းထဲမှာပဲစောင့်နေ""အင်း..အင်း..သွားတော့မယ် "
"ခဏနေဦး ငါလိုက်ပို့မယ်..."
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)