( Zawgyi Version)
ကျောင်းပိတ်ရက်ဖြစ်သော်ညားလည်း ကိုကို့
မေမေတ်ို့အိမ်ရောက်နေတာမို့ စောစောထမှ
ဖြစ်မည်..အင်း..အရင်ရက်တွေကလည်းစော
စောထရတာပါပဲ....ဒါပေမယ့်အခု သူမထနိုင်ပေ..
ညကဒဏ်ကြောင့် လှုပ်လိုက်တာနဲ့တင်အရမ်း
ကိုနာနေရသည်..ကိုကိုကတော့ အဝတ်ဗလာနဲ့သူဘေးမှာအိပ်
မောကျနေသည်...ဝမ်ရီပေါ် အားတင်းကာမ
ရမက ထလိုက်ပီး ရေချိုးခန်းထဲ ဝင်လိုက်သည်
ရေချိုးပြီးတော့ ရေချိုးခန်းထဲမှာ အသင့်ရှိနေ
တဲ့ Bathrobe လေးကို ဝတ်ကာ ရေချိုးခန်း
အပြင်ထွက်လာသည် အထိ ကိုကိုကမနိုးသေး
ပေဝတ်စရာအဝတ်လည်းမပါလာတာကြောင့်
ကိုကို့ ဗီဒိုကိုဖွင့်ကြည့်လိုက်သည်..အရင်က
ကိုကို့ အဝတ်အစားတွေဖြစ်မည် ကိုကိုဒီမှာပဲ
ထားထားတာသူတ်ို့အိမ်ကိုမသယ်တာ
ပဲဖြစ်ရမည်...ဝမ်ရီပေါ် ထိုအထဲက အဖြူရောင်
Sport Shirtကလေးကိုကောက်စွပ်လိုက်သည်.
ထို့နောက် ဘောင်းဘီတစ်ထည်ကိုပါကောက်စွပ်
ွိလိုက်သည်...ဝတ်ရတာအဆင်ပြေသော်ညား
ကိုကို့အကျီတွေမို့ ရီပေါ်အတွက်တော့ ပွပွကြီး
ဖြစ်နေသည်.....ရီပေါ်တွေးလိုက်သည်...မနက်ဖြန်ကျရင်မာမား
တို့ဆီသွားရမယ်လို့...မာမားတို့ကိုလွမ်းလှပီလေဝမ်ရီပေါ် အောက်ထပ်ကိုဆင်းသွားတော့ ထမင်း
ဟင်းချက်နေတဲ့ ကိုကို့မေမေကိုတွေ့တာကြောင့်
အနားသွားကာ"မာမား ကျွန်တော် ဝိုင်းလုပ်ပေးမယ်..."
"လုပ်စရာမလိုပါဘူးသားရယ်...မားကိုယ့်ဘာ
သာလုပ်ပါ့မယ်...သားပါပါးကတော့ အစောကြီး
အလုပ်သွားပီ..မာမား မနက်စာပြင်ပေးထားတယ်
စားလိုက်ဦးသား.....မင်း ကိုကို ကတော့ မနိုးသေး
ဘူးမလား...""ဟုတ်...ကိုကိုအိပ်တုန်း...."
"အေးအေး...ကျောင်းပိတ်ရက်ပဲအိပ်ပါစေ
နှိုးမနေနဲ့တော့...""ဟုတ်မာမား...."
ရီပေါ် ကိုကို့မေမေပြင်ပေးတဲ့မနက်စာကိုစားပီး
ထိုင်မနေချင်တာကြောင့် ဟင်းချက်နေတဲ့ကိုကို့
မေမေကို ဝိုင်းကူပေးတော့သည်...မာမားလည်း
တားလို့မရတဲ့အဆုံး ဝိုင်းကူခိုင်းရသည်....
YOU ARE READING
JUST ONLY FOR YOU[Zhanyi/Complete]
Fanfictionသူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့... သူငယ်ချင်းတွေကမေးနေပီ.... မင်းမာနတွေဘယ်ရောက်သွားလဲတဲ့.. Available (Zawgyi and Unicode)