part3

5.8K 325 2
                                    

Unicode&Zawgyi

(Unicode)

"ကျန့်ကျန့် မနက်စောစော ဘယ်က ပြန်လာတာလဲ....."

ယခုလေးတင်မှ  ပြန်ရောက်လာသော
ရှောင်းကျန့် ကို မိန်းကလေးတစ်ယောက်က အမေးစကားပြုလာ၏။

ရှောင်းကျန့်သည် ခေါင်းညိမ့် နှုတ်ဆက်လိုက်ကာ ထိုမိန်းကလေးနဲ့ မျက်နှာချင်းဆိုင်တွင် ရပ်လိုက်၏။

ထိုနောက် ထိုမိန်းကလေးထံ ဖော်ရွေစွာ စကားဆိုလာသည်။

"အစ်မ ချန်ယင်း....အလုပ်သွားတော့မလို့လား...."

ချန်ယင်း...ထိုမိန်းကလေး ၏ အမည်အပြည့်အစုံကား ရှောင်းချန်ယင်းပင်။ ရှောင်းကျန့်၏ အဖေတူ အမေကွဲ အစ်မ ဖြစ်သည်။

"ဟုတ်တယ် ဒါနဲ့ ကျန့်ကျန့် က မနက်စောစော ဆို အမြဲ ပျောက်ပျောက်သွားတယ်.... ဘယ်တွေသွားနေတာလဲ....."

ရှောင်းချန်ယင်းက ဖော်ရွေစွာ တုံ့ပြန်လာသည်။

"မမ ကလည်း သူ့အကောင်ဆီ သွားတာနေမှာပေါ့.....သူဘာလဲဆိုတာ မမသိရဲ့နဲ့...."

တတိယမြောက် ဝင်ရောက်လာသူကား ရှောင်းနင်။ ရှောင်းချန်ယင်း၏ မောင်အရင်း၊ ရှောင်းကျန့်၏ အဖေတူ အမေကွဲ အစ်ကို ဖြစ်၏။ 

သို့သော်  ထိုသွေးရင်းမောင်နှမနှစ်ယောက်ဖြစ်သည့် ရှောင်းနင် နှင့် ရှောင်းချန်ယင်း တို့ နှစ်ယောက်တွင် ရှောင်ချန်ယင်း ကသာ ရှောင်းကျန့် အပေါ် ဂရုစိုက်ကာ ကြင်နာသည်။

"အားနင်.....တိတ်စမ်း....အရေးမပါတာတွေ ပြောမနေပဲ အလုပ်သွားတော့ ဖေဖေ့ကို စိတ်ညစ်အောင် မလုပ်နဲ့.....သူ့ကို
မစောင့်ရစေနဲ့.... "

"မမ နင်...ကလေအမြဲတမ်း ဒီကောင့်အပေါ် ကာဆီးကာဆီးနဲ့.... နင့်မောင်အရင်း ငါ့အပေါ် ကို နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ကောင်းပေးစမ်းပါ...."

"ရှောင်းနင်...နင့်ကို သွားခိုင်းနေတယ်နော်... "

"အင်းပါ..အင်းပါ... သိပြီ....."

ရှောင်းနင်မှာ အလိုမကျ ဆူအောင့်စွာဖြင့် ရှောင်းချန်ယင်းကို တုံ့ပြန်လာသည်။

သို့သော် ရှောင်းချန်ယင်း၏ အကြည့်စူးစူးကြောင့် ရှောင်းနင် ဆက်မနေရဲတော့ပဲ ထွက်သွားရန်သာ ဆုံးဖြတ်လိုက်ရသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Onde histórias criam vida. Descubra agora