part5

4.7K 309 4
                                    

Unicode &Zawgyi

(Unicode)

ညင်သာစွာ တိုက်ခတ်နေသည့် လေညှင်း
တို့က လိုက်ကာနောက်မှ တစ်ဆင့်
ရှောင်းကျန့် ထံ ရိုက်ခတ်လို့ နေသည်။

သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က
ရှောင်းကျန့်ထံ အဆောတလျင် လှမ်းလို့လာ၏။

"သခင်လေး ရှောင်းကျန့်...
သခင်မက အခုချက်ချင်း လာခဲ့ပါလို့ ပြောခိုင်းလိုက်ပါတယ်.."

ထိုအမျိုးသမီးက တစ်ဆင့် စကား ပြောကြားပေးခြင်း ဖြစ်သော်ငြား တလေးတစား ပြုမူ၏။

"သိပြီ...ကျွန်တော် လာခဲ့မယ်လို့ ပြောလိုက်ပါ..."

ရှောင်းကျန့်ဆီက တုံ့ပြန်မှု ရပြီးသည်နှင့် ထိုအမျိုးသမီးသည်လည်း ပြန်ထွက်သွားသည်။

ရှောင်းကျန့် သူ့စိတ်ထဲ အလိုမကျမှုတို့ ဖြစ်တည်သွားရသည်။ ပုံမှန်ဆိုလျှင် ယွမ်ချင်၏ သခင်မ စုဝမ်ဝမ် မှာ သူ့ကို မျက်နှာမပြောနဲ့၊  အရိပ်တောင် မြင်ချင်သူ မဟုတ်ပေ။ ယခုတော့ သူက တကူးတက လူတောင် လွှတ်၍ ခေါ်ခိုင်းလိုက်သည်။

ရှောင်းကျန့် နှုတ်ခမ်းစွန်းက ကော့ညွှတ်သွားကာ ရယ်မောလာခဲ့၏။

"ကြည့်ရတာ ရှောင်းနင် ပြဿနာ ရှာပြန်ပြီ ထင်တယ်..."

ရှောင်းကျန့်မှာ စုဝမ်ဝမ်နဲ့ မျက်နှာချင်း မဆိုင်လိုသော်လည်း သိချင်စိတ်ပြင်းပြလာသည်မို့ လုပ်လက်စ အလုပ်တို့ကို လက်စသတ်ကာ ထားခဲ့ပြီး ထွက်လာခဲ့လိုက်သည်။

ရှောင်းကျန့်... ယွမ်ချင်၏ ပင်မ စံအိမ်ရှေ့၌ အချိန် တခဏ မျှ ရပ်ကာ သက်ပြင်းရှည် ချလိုက်သည်။

ရှောင်းကျန့် သူ၏ စိတ်ကို အသင့်ပြင်လိုက်ပြီးနောက် စံအိမ်အတွင်းသို့ ဝင်လာခဲ့လိုက်သည်။

စံအိမ်အတွင်းရှိ ဧည့်ခန်း ဆိုဖာပေါ်၌ အထက်စီးဆန်မှုကို မာန်ဝင့်ဖော်ဆောင်လို့ထားသည့် အမျိုးသမီး တစ်ဦး ထိုင်လို့နေသည်။
ထိုသူသည်ကား ယွမ်ချင်၏သခင်မ
စုဝမ်ဝမ် ။

ရှောင်းကျန့် ထိုအမျိုးသမီးထံ လျှောက်လှမ်း သွားလိုက်ပြီး မေးမြန်းလိုက်၏။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Opowieści tętniące życiem. Odkryj je teraz