part40

3.4K 239 8
                                    

Unicode&Zawgyi

(Unicode)

အိမ်ရောက်သည်အထိ စကားတစ်ခွန်း မပြောသော ဝမ်ရိပေါ် ကြောင့် ရှောင်းကျန့် အတော် စိတ်ညစ်နေ၏။

"ရိလေး....ရိလေး...."

ဝမ်ရိပေါ် က တံခါးသော့ဖွင့်နေရာကနေ ခေါ်သံကြောင့် လှည့်ကြည့်လာသည်။

သို့သော် သူ့ရှေ့က လူက တွန့်ဆုတ်စွာနဲ့ ပြောဖို့ ချီတုံချတုံ ဖြစ်နေ၏။

"ဘာမှ မဟုတ်တော့ဘူး..."

ရှောင်းကျန့်... ဝမ်ရိပေါ်  ကို ယွင်ဟန်နှင့် ပတ်သက်မှုအား မေးမြန်းလိုသော်လည်း
အခုမှ ပြန်လည် တည်ဆောက်ထားသည့် အိမ်ကလေးပြိုလဲသွားမည် စိုးသဖြင့် မမေးတော့ပေ။

မှောင်မဲနေသည့် အိမ်လေး အလင်းရောင်တို့ ဖြာကျသွားသည်နှင့်တစ်ပြိုက်နက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဝမ်ရိပေါ် သူ့ဘေးက လူကို  မေးခွန်းပေါင်းများစွာ ပါဝင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှောင်းကျန့်သည် လည်း ဝမ်ရိပေါ်  ၏ အကြည့်ကြောင့် မှားယွင်းနေသည့် အချက်ကို ရှာဖွေရန် အိမ်ထဲသို့ အကြည့်ပို့လိုက်မိသည်။

အိမ်ထဲတွင် ပစ္စည်း တွေက ရှုပ်ပွနေပြီး တစ်စုံတစ်ယောက်၏ ရှာဖွေခြင်းကို ခံထားရပုံပေါ်သည်။

အိမ်ထဲရှိ ပစ္စည်း အားလုံး ပျောက်ရှ ခြင်းမရှိဘဲ လေမုန်တိုင်းဝင်သွားသကဲ့သို့ ရှုပ်ပွမှုသာ ရှိနေ၏။

"ကျွန်တော့်ကို လက်ရှိ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းမပြချင်ဘူးလား...."

ဝမ်ရိပေါ် က အေးစက်နေသည့် မျက်ဝန်းတို့ဖြင့် မေးလာ၏။

"ဒါက ရှုပ်ထွေးတယ်.... ကိုကိုလည်း သေချာ မပြောတတ်ဘူး....."

"ကျွန်တော့်ကို အမှန်အတိုင်းပြော....အရင်တစ်ခေါက်က အိမ်ထဲ ခိုးဝင်တဲ့လူကလည်း ရိုးရိုးသူခိုးမဖြစ်နိုင်ဘူး...အခုတစ်ခေါက်ရောပဲ....ဘာလို့ဆို အိမ်ထဲက ပစ္စည်း တစ်ခုမှ မပျောက်ဘူးလေ...ပစ္စည်းခိုးဖို့ အချိန်မရတာတော့ မဖြစ်နိုင်ဘူး...တစ်အိမ်လုံး ကို ဗြောင်းဆန်အောင် လုပ်ဖို့ကျအချိန်ရှိပြီး တစ်စုံတစ်ခု ယူဖို့ကို အချိန်မရှိဘူးလို့ မပြောနဲ့...."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Où les histoires vivent. Découvrez maintenant