Unicode & Zawgyi
(Unicode)
ယန်မင်ရှု မိမိရှေ့က အသိစိတ်လွတ်နေသည့်
သူငယ်ချင်း ဖြစ်သူ ကို ကြည့်ပြီး တကယ်ကို
စိတ်မသက်မသာ ခံစားနေရသည်။"အားကျန့် နင် အဆင်ပြေရဲ့လား နင့်ကို
ကြည့်ရတာ....""ငါ အဆင်ပြေပါတယ်...
အခု အလုပ်ကိစ္စကိုပဲ အာရုံစိုက်ကြတာပေါ့...."ရှောင်းကျန့် အတွက် ကျိုး ကုမ္ပဏီ၏ နှစ်ပတ်လည် ပွဲ က အကျိုးအမြတ်များစွာ ယူဆောင်လာခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင် အမြောက်အများနဲ့ ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့သည်။ရှောင်းကျန့် ပွဲ ပြီးအောင်ထိ ဆက်မနေ....။
သူ လိုအပ်သည်တို့ကို ရယူပြီးသည်နှင့်
ထိုပွဲတွင် ယန်မင်ရှု ကို ဆက်နေစေကာ
သူက ပြန်သွားခဲ့သည်။ဝမ်ရိပေါ် မှာ မိမိလုပ်ခဲ့သည့်အရာတို့ကို ပြန်တွေးမိတိုင်း ကိုယ့်ကိုကိုယ် အရူးတစ်ယောက်လို ခံစားရသည်။
တကယ်တမ်း ထိုသူ့ကို မိမိအနေနှင့် ပြတ်သားခဲ့ပြီဆိုပါက ထိုကဲ့သို့ကလေးဆန်မှုမျိုးကို မပြုလုပ်ခဲ့သင့်ပေ....။
ဝမ်ရိပေါ် သူ့အိမ်သို့ ပြန်ရောက်သည်အထိ
စိတ်တို့က ထွေပြားနေသည်။ချင်းရင်လမ်း အိမ်သို့ ပြန်ရောက်ချိန်တွင်...
ဝမ်ရိပေါ် တံခါးဖွင့်ရန် ပြင်နေတုန်း တံခါးဘေး အမှောင်ထဲတွင် လူရိပ်မြင်လိုက်ရသောကြောင့် ထိုနေရာကို သတိထားကာ ကြည့်လိုက်သည်။
ထိုလူရိပ်က ဝမ်ရိပေါ် ရောက်နေသည်ကို သတိထားမိသွားသည်ထင်သည်။
ထိုင်နေရာကနေ ယိုင်တိယိုင်တိုင်ဖြင့်
ထလာကာ....ဝမ်ရိပေါ် ကို ဖက်တွယ်လာသည်။ဝမ်ရိပေါ် ၏တုံ့ပြန်မှုက အတွေးထက်မြန်သည်။
ရုတ်တရက် လာဖက်တွယ်သည့် ထိုလူ၏ လက်ကို လိမ်ချိုးလိုက်သည်။
ဝမ်ရိပေါ် ၏ ထိုအပြုအမူနဲ့အတူ ဝမ်းခေါင်သံဖြင့် အော်ဟစ်လာသော နာနာကျင်ကျင် ဖြစ်နေသည့် အသံပါ ကပ်ပါလာသည်။
![](https://img.wattpad.com/cover/213859525-288-k911902.jpg)
ESTÁS LEYENDO
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Fanficအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...