part31

3.3K 245 10
                                    

Unicode&Zawgyi

(Unicode)

ရှောင်းချန်ယင်း အစည်းအဝေး လုပ်နေသည်ကို ရှောင်းကျန့် ဘေးကနေသာ ထိုင်ကြည့်နေသည်။

အစည်းအဝေး ခန်းမထဲက လူအချို့က တော့
ရှောင်းကျန့်ထံ မလိုလားသည့်ဟန်များနှင့် ကြည့်လာ၏။

ဤ အစည်းအဝေး တွင် တချို့လုပ်ငန်းပိုင်ဆိုင်ရာ လျှို့ဝှက်ချက်များ ပါသည်။
ထိုကဲ့သို့ သော နေရာမျိုးတွင် အပြင်လူတစ်ယောက်ရှိနေသည်ကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

ရှောင်ချန်ယင်း ဝန်ထမ်း အချို့ရဲ့ အကြည့်ကို သတိထားမိပြီး နှုတ်ခမ်းစွန်းက ကော့တက်ပြုံးသွားသည်။ 
ထိုကဲ့သို့ ဖြစ်အောင်လည်း သူတမင် ကြိုးစားခဲ့ခြင်းပင်။

"ဒါရိုက်တာရှောင်း ဒီနေရာမှာ အပြင်လူတွေ မရှိသင့်ဘူး...."

ရှောင်းချန်ယင်း ၏ ညာဘက် စားပွဲထိပ်ဆုံးတွင် ထိုင်နေသည့် လူက သူ၏သဘောထားအား ထုတ်ပြလာ၏။

"အဖွဲ့မှူး ဝူ ဒါ ဘာအပြုအမူလဲ..."

ရှောင်းချန်ယင်း ဒေါသထွက်ချင်ယောင်ဆောင်ကာ ဟန်လုပ် မေးမြန်းလာသည်။

"ဒါရိုက်တာ ရှောင်း.... သူက အပြင်လူပဲ ...
ကျွန်တော် တို့ရဲ့ပရောဂျက်အသစ်ကို သူသိသွားရင် ကျွန်တော်တို့ ကုမ္ပဏီ အတွက် မကောင်းဘူး...."

အဖွဲ့မှူး ဝူဆိုသူက ရှောင်းချန်ယင်းအား အကျိုးအကြောင်းရှင်းပြလာ၏။

"အဖွဲ့မှူး ဝူ သူက အပြင်လူ မဟုတ်ဘူး marketing department ရဲ့ မန်နေဂျာ အသစ် ရှောင်းကျန့်... ဒါကြောင့်မို့ အစည်းအဝေး မှာ သူရှိနေဖို့လိုတယ်
ဟုတ်ပြီလား...."

"မန်နေဂျာ အသစ် ရှောင်းကျန့်?? ...မျိုးရိုး က ရှောင်း....ပဲ...ဒီလိုဆိုရင် သူ့ကြည့်ရတာ ဒါရိုက်တာ ရှောင်းကို အမှီပြုပြီး ဒီနေရာကို အရယူထားတာပဲ...
သူ့ရဲ့တကယ့် အရည်အချင်း အစစ်အမှန်နဲ့မှ မဟုတ်တာ...."

ရှောင်းကျန့် ငြိမ်သက်စွာ လက်ထဲရှိ ဘောပင်ကို ဆော့ကစားနေသော်လည်း ထိုစကားသံထွက်လာသည့်အခိုက် အဖွဲ့မှူး ဝူဆိုသူကို မျက်လုံးပင့်လျှက် မော့ကြည့်လာသည်။ ခပ်ထေ့ထေ့လေး လှောင်ရယ်သံကလည်း တတက်တည်း ကပ်ငြိပါလာ၏။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Dove le storie prendono vita. Scoprilo ora