part 73

3K 169 4
                                    

Unicode &Zawgyi

(Unicode)

ရှောင်းကျန့် နဲ့ ယွင်ဟန် တို့ ထွက်သွားပြီး သိပ်မကြာလိုက်ပါပေ။
အခန်းထဲက ဆူညံ သံတို့ကြောင့် ထို အခန်းရှေ့ လူအများ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့ပြီး
ဝမ်ရိပေါ်  နဲ့ ယန်မင်ရှုတို့လည်း ရောက်လာခဲ့သည်။

"ရိပေါ်.... မင်း အားကျန့် ကို ဖုန်းဆက်ကြည့်ပါလား...."

"အာ....ဟုတ်သားပဲ ကျွန်တော် စိုးရိမ်စိတ်များနေတာနဲ့ ဖုန်းဆက်ဖို့
မေ့သွားတယ်... "

အမှန်တကယ် သူ ထိုအချက်ကို မေ့နေခဲ့သည်။
လူက ထူပူပြီး စိတ်အစဉ်က မတည်ငြိမ်နေသည့် အတွက် စဉ်းစားနိုင်စွမ်း ယုတ်လျော့သွားခဲ့၏။ ယန်မင်ရှု သတိပေးမှ သူ
ရှောင်းကျန့် ဆီ  ဖုန်းဆက်မိသည်။

ရှောင်းကျန့်သည်ကား  နားနေခန်းထဲက ထွက်လာပြီး သည်နှင့်
သူ့ပုံစံ ကို အခြားသူ တွေ အမြင်မှာ တည်ငြိမ်အောင် မနည်း ထိန်းနေရသည်။

ယွမ်ချင်သည်ကား ကုမ္ပဏီလုပ်ငန်းစု ဖြစ်သည့်အတွက် လူပြတ်သည့် နေရာ ဟူ၍ကား ရှိမနေ။ အနည်းနဲ့အများ ရှိနေ၏။

ပိုဆိုးသည်က ရှောင်းကျန့် မှာ ယွမ်ချင်ရဲ့ ဥက္ကဌ ဖြစ်နေသည့်အတွက် ရှောင်းကျန့် ထွက်လာရာ လမ်းတစ်လျှောက်မှာ ဝန်ထမ်းအားလုံးက နှုတ်ဆက်ဂါဝရ ပြု ကြသည်။ ထိုအချက်က ယခု အချိန်တွင် ရှောင်းကျန့် ကို ပို၍ နေရခက်စေသည်။

ရှောင်းကျန့် သူ၏ စိတ်ကို တတ်နိုင်သလောက် ဖိနှိပ်ရင်း မျက်နှာထားကို တည်ငြိမ်အောင် ထားနေရသည့်အတွက် တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များပင် ကျ၍ နေချေသည်။

ယွင်ဟန်  ရှောင်းကျန့် နောက်ကနေ အမြန် လိုက်လာခဲ့သည်တောင်မှ ယွမ်ချင် အဆောက်အဦး ရှေ့ ရောက်မှ လိုက်မှီသည်။

ယွင်ဟန်...သူ့ကို ဂရုမထားသည့် ရှောင်းကျန့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်၏။

"အားကျန့် မင်း ဒီလိုပုံစံနဲ့ အဆင်မပြေဘူး.... ကိုယ်ကူညီမယ်...."

"ဖယ်....စမ်း...."

ရှောင်းကျန့်သည်ကား သူ့ကိုယ်သူ မနည်း ဟန်ကိုယ့် နေရတဲ့အထဲ ယွင်ဟန်ကို မြင်လိုက်ရသည့်အတွက်
သူ၏ စိတ်ထဲ ဖြစ်ပေါ်လာသည့် ဒေါသနဲ့ ရာဂ ခံစားချက် နှစ်မျိုးမှာ  တစ်ကိုယ်လုံး မွှေနှောက်လာ၏။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) حيث تعيش القصص. اكتشف الآن