part15

3.7K 279 6
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်၏ နှုတ်ခမ်းပါးက ထွက်ကျလာသော စကားတို့က နာကျင်မှုတို့ ထင်ဟပ်နေသည်။

ရှောင်းကျန့် သူသည်လည်း ဝမ်ရိပေါ် ၏ စကားထဲက နာကျင်မှုကို ခံစားမိပါသည်။
သူသည်လည်း ထိုနာကျင်မှုထက်မလျော့သော နာကျင်မှုကို ရင်ဝယ်ပိုက်မိထားသည်ပင်။

"ကိုကို လူမမှားပါဘူး...."

ထွက်ခွာနေခဲ့သည့် ကျောပြင်ငယ်လေးက အနည်းငယ်ရပ်တန့်သွား၏။

"အခြားသူကိုသာ မှားရင်မှားမယ် အခြားသူကိုသာ မေ့ချင်မေ့မယ်... ကိုကို့ရဲ့ နှလုံးသားကိုတော့ ကိုကို မမေ့ပါဘူး....ရိလေး...."

ထိုစကားအဆုံး ဝမ်ရိပေါ်မှာ အေးစက်မှုန်မှိုင်းမှုအပြည့်ဖြင့် ရှောင်းကျန့်ထံ လှည့်ကြည့်လာသည်။

"ကျွတ်စ်...ခင်ဗျား က စိတ်အနှောင့်အယှက် ပေးလိုက်တာ....လူမှားတယ်ဆို မှားတယ်ပေါ့....ဘာတွေကို မေ့တာ တွေ မမေ့တာတွေလုပ်နေတာလဲ..."

"ရိလေး... ကိုကို တောင်းပန်ပါတယ်.... "

"ဒီက အစ်ကို လွဲနေပြီ....ကျွန်တော်နဲ့ ခင်ဗျား က လူစိမ်းတွေဘဲ....တောင်းပန်စရာ အကြောင်းရှိလို့လား...."

ဝမ်ရိပေါ် ၏ မျက်နှာတွင် ခံစားချက်တို့ ရှင်းလင်းနေသည် ။
အမှန်တကယ် ရင်းနှီးသိရှိခဲ့ခြင်းမရှိပါသည့်
လူတစ်ယောက်ကို စကားပြောနေသည့်အလား။

"ကိုကို....မဟုတ်ခဲ့ဘူး..."

ရှောင်းကျန့် အစက ထိုအခြင်းအရာကို ပြောရန် မရည်ရွယ်ခဲ့ပါပေ။ သက်သေ အထင်အရှားရမှာသာ ပြောလိုခဲ့သည်။ သို့သော် ယခုတစ်ခါတော့မတူတော့ပြီပင်။ သူ့ချစ်ရသူ၏ အရိပ်လေးဖြစ်ဖြစ် အမိဖမ်းထားနိုင်ဖို့ ပြောရန်သာဆုံးဖြတ်လိုက်သည်။

"....."

"ဦးလေးကို ကားနဲ့တိုက်တာ ကိုကို မဟုတ်ခဲ့ဘူး ဆိုရင်ရော...."

ဝမ်ရိပေါ် ၏ တည်တင်းနေသည့် မျက်နှာက အနည်းငယ်  ပျက်ယွင်းသွားသည်။

"မဟုတ်ခဲ့ဘူး...ဒါဘာကို ဆိုလိုတာလဲ.."

"ကိုကို ချောက်ချ ခံခဲ့ရတာ...."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Onde histórias criam vida. Descubra agora