Unicode&Zawgyi
(Unicode)
"ရိပေါ် စိတ်အေးအေးထား... အားကျန့် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး.... "
ယန်မင်ရှုမှာ ဝမ်ရိပေါ် စိတ်ငြိမ်စေရန်
ပြောသာ ပြောလိုက်ရသော်လည်း သူ့စိတ်ထဲမှာလည်း ရှောင်းကျန့်အတွက် ပူပန်စိတ်ကြောင့် ဂနာမငြိမ်တော့ပေ။"အစ်မ မင်ရှု ...."
ဝမ်ရိပေါ် မျက်နှာမှာ စိုးရိမ်စိတ်တို့ ပြည့်နှက်နေသည်။
"ရိပေါ် မင်း ရှောင်းချန်ယင်း...ကို တွေ့လိုက်တယ်မလား..."
ယန်မင်ရှု မေးလိုက်သည်။
"တွေ့လိုက်တယ်...."
"မင်း တစ်ခုခု မြင်ခဲ့တာ ရှိလား အစ်မကို ပြောပြနိုင်မလား...."
"ရှိတယ် အရင်ဆုံး ကိုကို့ကို လိုက်ရှာရအောင်.... ကျွန်တော် အစ်မမင်ရှုကို လမ်းမှာပြောပြမယ်..."
"ကောင်းပြီ....အရင်ဆုံး အားကျန့် ကို လိုက်ရှာရအောင်..ရိပေါ် မင်းနဲ့အစ်မ အတူ သွားမယ် ....ကျိုးချန် မင်းက ခန်းမရဲ့ အနောက်ဘက်ခြမ်းကို သွားရှာလိုက်...."
ကျိုးချန် ခေါင်းသာ ညိမ့်ပြပြီး ယန်မင်ရှု ပြောသည့်ဘက်သို့ ထွက်သွားသည်။
ယန်မင်ရှု သူ့လူအချို့အား ရှောင်းကျန့် ကို
ရှာရန် တိတ်တဆိတ် ခိုင်းလိုက်သည်။
ယန်မင်ရှု ဆူဆူညံညံ မလုပ်ရဲပေ....။ မတော်တဆ တစ်ခုခု မှားယွင်းသွားလျှင် ရှောင်းချန်ယင်း၏ လှည့်ကွက်ထဲ ရောက်သွားနိုင်သည်။ ထို့အတွက် ကြောင့် သူတို့ အားလုံး တိုးတိုးတိတ်တိတ် သာ လှုပ်ရှားရဲသည်။"ရိပေါ် အစ်မတို့ ဒီဘက်ကို သွားရအောင်....ပြီးတော့ ခုန မင်းမြင်ခဲ့တာ ပြောပြ...."
" ခုန ကျွန်တော် သူ့ကို တွေ့လို့ နောက်ကနေ လိုက်သွားကြည့်တာ... ဝိတ်တာတစ်ယောက်နဲ့ စကားပြောနေတာ တွေ့တယ်...ပြီးတော့ အဲ့ ဝိတ်တာကို ကျိန်းသေ သူတစ်ခုခု ခိုင်းလိုက်ပုံရတယ်....ကျွန်တော် စဥ်းစားပေမဲ့ မခန့်မှန်းနိုင်ဘူး..."
ထိုအချိန် ယန်မင်ရှု စိတ်ထဲ ဝင်လာသည့် စကားလုံးသည်ကား ပြဿနာ အကြီးအကျယ်တက်ပြီ ဟူသည့်အရာပင်။
BẠN ĐANG ĐỌC
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Fanfictionအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...