part22

3.4K 247 9
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့်မှာ... ဝမ်ရိပေါ်  ၏ ဂရုစိုက်မှုကို လိုချင်သောကြောင့် တမင် မူးဟန်ဆောင်ကာ ဝမ်ရိပေါ် ပြုလုပ်ပေးသည့် အတိုင်း ငြိမ်နေခဲ့သည်။

မိမိနှင့်အတူ အိပ်လောက်သည်ဟု ထင်ထားသော်လည်း ထိုကောင်လေးက ဆိုဖာပေါ်မှာ တစ်ယောက်တည်း အိပ်နေသည်။

ဆိုဖာပေါ်မှာ အိပ်ရသည်က သက်သောင့်သက်သာ မဖြစ်စေပေ။

ဤသည်ကို မည်သည့်အတွက် ကြောင့်
ဝမ်ရိပေါ် က ဆိုဖာပေါ်မှာ အိပ်ချင်နေရတာလဲ ဆိုတာ ရှောင်းကျန့် စဉ်းစားမရ ဖြစ်နေသည်။

ရှောင်းကျန့်မှာ.... ဝမ်ရိပေါ်  ကို ဆိုဖာပေါ်မှ သွားခေါ်ချင်သော်လည်း မိမိဟန်ဆောင်နေသည်ကို ပေါ်သွားမှာ စိုးရိမ်နေရသေးသည်။

ရှောင်းကျန့်.... ဝမ်ရိပေါ်  ကို တိတ်တိတ်လေး စောင့်ကြည့်နေပြီး ဝမ်ရိပေါ်  အိပ်ပျော်သွားသည် သေချာမှ ခုတင်ပေါ်က ဆင်းကာ
ဝမ်ရိပေါ်  ဆီသို့ လျှောက်လာခဲ့သည်။

ရှောင်းကျန့် .... ဆိုဖာပေါ်တွင် ကွေးကွေးလေး အိပ်နေသည့် ဝမ်ရိပေါ်  ဆီမှ အရင်ဆုံး
အနမ်းတစ်ပွင့် ခိုးလိုက်သေးသည်။
ပြီးမှ ဝမ်ရိပေါ်  ကို ပွေ့ချီ မသွား၍ အိပ်ယာပေါ် မှာ ပြောင်းလဲအိပ်စေသည်။

ရှောင်းကျန့် မှာ တစ်ညလုံး မိမိကိုယ်ကို လူသား ခေါင်းအုံး အဖြစ် ပြောင်းလဲစေရင်း ဝမ်ရိပေါ်  ကို ထွေးပွေ့ထားပေးခဲ့သည်။

ရှောင်းကျန့် ၏ လူသားခေါင်းအုံးကို
ဝမ်ရိပေါ်  မှာ အတော်လေး နှစ်သက် သဘောကျ ပုံပင်။
ရှောင်းကျန့် ဆီသို့ ပို၍ တိုးဝင်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်။

ရှောင်းကျန့် မှာ ဝမ်ရိပေါ် မနိုးခင် အရင် ထရသည်။
မဟုတ်လျှင် ရိလေးက သူ့ကို အခွင့်အရေး ယူသည်ဟုဆိုကာ ထပ်မံ၍ မုန်းသွားပြန်လိမ့်မည်။

သို့သော် ရှောင်းကျန့် ထင်မထားသည်က ဝမ်ရိပေါ်  နိုးလျှင်နိုးချင်း သူ့ကို နှင်ထုတ်လိမ့်မည်ဟု ပင်။
သူ ကြိုးစား၍ ချက်ထားခဲ့သည့် မနက်စာလေးကိုလည်း စားမသွားခဲ့။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now