Unicode&Zawgyi
(Unicode)
"ရိပေါ် မှောင်နေပြီ မင်း မပြန်ဘူးလား...."
"မပြန်ဘူး...."
"မင်း ဘာဖြစ်လာတာပြန်လဲကွာ...."
ကျိုးချန် တကယ်ကို စိတ်လေနေလေပြီ။
အနှီ စိတ်ဒုက္ခပေးလှသော ချစ်သူငယ်ချင်း ကြီး၏ ချစ်ရေးချစ်ရာ ပြသနာကို ဖြေရှင်းပေးနေရသည်ကို တကယ်ကို စိတ်ကုန်လာသည်။ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် တို့နှစ်ယောက် စိတ်ကောက်တိုင်း ကျိုးချန်နဲ့ယန်မင်ရှုမှာ ဓားစာခံ ဖြစ်ရသည်သာ။ ပြီးလျှင် ထို
ပြဿနာ အစပြုသူ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် မှာ ဘာမှ မဖြစ်ခဲ့သည့်အတိုင်း ပြန်လည်၍ ချစ်ကြည်နူးတစ်တီတူး သွားသော်လည်း ကျိုးချန်နဲ့ ယန်မင်ရှုမှာ သာ စိတ်ဒုက္ခရောက်၍ ကျန်ခဲ့ရသည်။ယခုလည်း ဘာဖြစ်လာပြန်ပြီလဲ ဟုသာ ကျိုးချန် တွေးနေမိသည်။
တစ်ဖက်ကလည်း မိမိကိုယ်ကို ကံကောင်းပါစေ ဟု ဆုတောင်းနေမိသည် ။"ကျိုးချန်..... သူ တစ်ခုခု မဟုတ်တော့ဘူး...."
ဝမ်ရိပေါ်သည်ကား အမူအယာ မှုန်မှိုင်းနေ၏။ မျက်ဝန်းတို့က နက်ရှိုင်းကာ တစ်စုံတစ်ခုကို ကျိတ်မနိုင်ခဲမရဖြစ်နေပုံရ၏။
"သူက ဘာမဟုတ်တာလဲ...."
"အခုရက်ပိုင်း မနက် အိပ်ယာထလို့ သူ့အခန်းထဲသွားကြည့်ရင် မရှိတော့ဘူး....အလုပ်သွားပြီ....ညဆိုရင်လည်း အရမ်း နောက်ကျမှ ပြန်လာတယ်.....ကျိုးချန် မင်းပြောကြည့်... သူခြေလှမ်းပျက်နေတာ ဟုတ်တယ် မလား...."
လငပုပ်ဖမ်းထားသည့်အတိုင်း ဝမ်ရိပေါ် မျက်နှာက ပိုမိုမည်းမှောင်လာသည်။
"သူ အလုပ်ရှုပ်နေလို့ နေမှာပေါ့.... "
ကျိုးချန် သာမန်ကာလျှံကာ ပဲ ပြန်ဖြေလိုက်သည်။
ဟုတ်သည်လေ။
ဒါမျိုးတွေက ကျိုးချန်အတွက် ရိုး၍နေချေပြီ။"ကျိုးချန် ငါအတည်ပြောနေတာ.... မင်းနည်းနည်းလေး အလေးအနက်ထားပေးပါလား...."
"ငါ တကယ် အလေးအနက်ထားပါတယ် ရိပေါ် ရာ...ဒါပေမဲ့ လေ....မင်းတို့နှစ်ယောက် ချစ်ကျီစယ်နေတာ မပြီးနိုင်တော့ဘူးလား....ပြီးရင် ဘာမှ ဟုတ်တာလဲ မဟုတ်ဘူး.....ပြန်ပြီး ချစ်ကမ္ဘာ တည်သွားပြန်တာပဲ....နောက်ဆုံး မင်းတို့နှစ်ယောက်ကြောင့် ငါနဲ့ ငါ့ရဲ့ ချစ်မမပဲ စိတ်ပင်ပန်းရတာ...."
ŞİMDİ OKUDUĞUN
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Hayran Kurguအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...