part32

3.3K 251 8
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ် မှာ ရှောင်းကျန့် ၏ စကားကို လတ်တလော ပြန်မတုံ့ပြန်နိုင်သေးပေ။

သို့သော်ငြား coffee barအတွင်းမှာတော့ ခါချဉ်အုံ တုတ်နဲ့ ထိုးလိုက်သလို ကျွတ်စိကျွတ်စိ ဖြစ်လို့နေချေပြီ။

ထိုအဖြစ်အပျက်၏ အဓိက တရားခံမှာ
ရှောင်းကျန့် ပင်။

coffee barသို့ လာသည့်ဝယ်သူအများစုမှာ မိန်းကလေးများဖြစ်သည်။
အဘယ်ကြောင့်မူ ဝမ်ရိပေါ် ကို
ငမ်းရန် လာကြခြင်းသာ။

အခုတော့ သူတို့ ကြိတ် crush နေသည့် ကောင်လေးကို အခြားကောင်လေး
တစ်ယောက်က လာ၍ ပြီတီတီ လုပ်နေသည်။
လာကြောင်နေသော ကောင်လေးမှာလည်း idol တစ်ယောက်ပင် ရှုံးလောက်သည့် ကိုယ်ဟန်အမူအယာကို ပိုင်ဆိုင်ထားသေးသည်။

ထိုသူနှစ်ယောက်ကို ကြည့်ပြီး ဆိုင်အတွင်းရှိ မိန်းမငယ်လေးများ ကျွတ်စိကျွတ်စိ ဖြစ်သည်မှာ ထူးဆန်းမှု တစ်ခု မဟုတ်တော့။

ဝမ်ရိပေါ်  ဆိုင်အတွင်းက မိန်းကလေးတွေ ရဲ့အကြည့်ကို ခံစားမိသောကြောင့်...
အချိန်အခါ မဟုတ် ရောက်လာသော
ရှောင်းကျန့် ကိုသာ မျက်စောင်းခဲလိုက်သည်။

"ခင်ဗျား ဘာလာလုပ်တာလဲ..."

"ရိလေးနဲ့အတူ နေ့လည်စာ စားရအောင်လို့လေ...."

"ခင်ဗျားနဲ့ အတူ စားမယ်လို့ ပြောမိလို့လား..."

"အင်း..."

ရှောင်းကျန့် သူ့ရဲ့မူပိုင်အပြုံးလေးကို နှုတ်ခမ်းထက် ဆင်မြန်းရင်း ခေါင်းညိမ့်ဖြေလိုက်၏။

"ဘယ်လို....."

"ခုနက ရိလေး ကိုကို့ကို ဘာလာလုပ်တာလဲ မေးတော့ ကိုကို ဘာပြန်ဖြေလိုက်တာလဲ..."

"ကျွန်တော် နဲ့အတူ နေ့လည်စာ စားရအောင်..."

"အာ...တွေ့လား ရိလေး အခုပဲ ပြောလိုက်ပြီ..."

ဝမ်ရိပေါ်မှာ ရှောင်းကျန့် စကားကြောင့် အနည်းငယ် တွေဝေသွားပြီးမှ သူသိလိုက်ရသည်။ အနှီ မကောင်းသည့် လူက  မိမိဆီက နေ့လည်စာ အတူစားရအောင် ဆိုသည့် စကား ထွက်လာအောင် မလိမ့်တပတ် လုပ်သွားခြင်းပင်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now