Unicode&Zawgyi
(Unicode)
အသူရာ နေမင်း၏ဖျော့တော့သည့်ရောင်ခြည်ဦးက
မြေကမ္ဘာပေါ်သို့ စတင်ပက်ဖြန်းနေလေပြီ။သို့သော် ဝမ်ရိပေါ် ကတော့ အိမ်မက်ကမ္ဘာထဲက လွတ်မြောက်ခြင်းမရှိသေးပဲ ဆက်လက်အိပ်မောကျနေသည်။
ရှောင်းကျန့် မှာ နေရောင်မထွက်ခင်ကတည်းက နိုးနေခဲ့ပြီး မနက်စာ ချက်ကာ .....ဝမ်ရိပေါ် အလုပ်သွားလျှင် ဝတ်ဖို့ အဝတ်အစားပါပြင်ဆင်ပြီး အဆင်သင့်လုပ်ပေးထားသည်။
"ရိလေး....ထတော့..."
ရှောင်းကျန့်...ဝမ်ရိပေါ် ခြုံထားသည့်
စောင်ကို ဘေးဘက်သို့ အသာဖယ်လိုက်သည်။"Hmmn~~..."
အအိပ်ပုပ်လေးကတော့ အိပ်ယာထခြင်းမပြုဘဲ စောင်ကို ပြန်လည်ဆွဲယူကာဆက်အိပ်နေသည်။
"ရိလေး ထတော့ကွာ......"
"အိပ်ချင်သေးတယ် ကိုကိုရာ....နော်....နောက်ထပ် ၅မိနစ်ပဲ....၅မိနစ်လေးပဲ...နော်....နော်"
ဝမ်ရိပေါ်မှာ မျက်လုံး ပင်မဖွင့်ပဲ အိပ်မှုန်စုံဖွားနဲ့ လက်လေးငါးချောင်းထောင်ကာ နှုတ်ခမ်းလေးစူရင်းပြောနေသည်။
"မရတော့ဘူး.... ၅မိနစ် ၅မိနစ်နဲ့ ဘယ်နှစ်ကြိမ် ရှိပြီလဲ.... "
"မသိဘူးကွာ....အိပ်ချင်သေးတာပဲသိတယ်...."
"ကိုကိုရဲ့ အိပ်ပုပ်လေး ထတော့.....၈နာရီဖြစ်နေပြီ......"
ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ် ချက်ချင်း ငေါက်ခနဲ ထထိုင်ကာ
"ဟမ်....၈နာရီ....ဘာလို့ စောစော မနှိုးတာလဲ...အလုပ်နောက်ကျတော့မယ်....."
"ဘာလို့ ကိုကို့အပြစ်လဲ...ကိုကို ရိလေးကိုနှိုးတာ ဒီတစ်ကြိမ်အပါအဝင်ဆို ၇ကြိမ်မြောက်နော်....ကဲ ဒါဆိုရင် ပြောပါဦး ကိုကို့အပြစ်လား...ဒါမှမဟုတ် အအိပ်မက်တဲ့ ရိလေးအပြစ်လား..."
ရှောင်းကျန့်.. သူ့ရှေ့က အအိပ်ပုပ်လေး ရဲ့နှာသီးဖျားလေးကို လက်နဲ့ အသာအယာတို့ထိရင်း အကြောင်းပြချက်ပေးဦးလေဆိုသည့်
အကြည့်ဖြင့်ကြည့်နေသည်။
![](https://img.wattpad.com/cover/213859525-288-k911902.jpg)
أنت تقرأ
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
أدب الهواةအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...