part30

3.6K 236 4
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့်မှာ တစ်ညလုံး ဆိုဖာနဲ့ အဖော်ပြု ပြီးနောက်မှာတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိသည်။
ထိုသည်မှာတော့  အိမ်သော့အပြင် အိပ်ခန်းသော့ပါ ပွှားယူထားရန်ပင်။

ဝမ်ရိပေါ် မနက် အိပ်ယာနိုးသည်နှင့် အဝတ်အစားလဲပြီး မနက်စာ စားရန် ဆင်းလာသည်။
အရင်နေ့ကကဲ့သို့ပင်
လေးထောင့်စားပွဲရှည်ပေါ်တွင် စားစရာအပြည့် ဖြစ်နေသည်။

"ရိလေး....နိုးလာပြီလား..."

"အင်း..."

"ကိုကို ရိလေး အတွက် မနက်စာ ပြင်ထားပေးတယ်...."

"အကုန်လုံး ခင်ဗျားချက်ထားတာလား...."

"ဟုတ်တယ် အကုန် ရိလေး အကြိုက်တွေချည်းပဲလေ...."

"ဒါတွေက အရင်တုန်းက ကြိုက်တာ အခုမကြိုက်တော့ဘူး....."

ထိုစကားကြောင့် ရှောင်းကျန့် မျက်ဝန်းတို့က ညှိုးငယ်ကျသွားသည်။ တခဏ အကြာ စိတ်အားထက်သန်စွာဖြင့် ပြန်လည်လင်းလက်လာသည်။

"ဒါဆို ရိလေး ကြိုက်တာ ပြောလေ... ကိုကို အခု ချက်ပေးမယ်...."

ရှောင်းကျန့်၏ စိတ်အားထက်သန်မှုကြောင့် ဝမ်ရိပေါ် သူ့ကိုယ်သူပင် လိုက်မမှီချင်တော့အောင် ဖြစ်လာရသည်။

"ရပါတယ် အပင်ပန်းခံမနေနဲ့ ဒါတွေပဲ စားလိုက်မယ်...."

"ဒါပေမဲ့ ရိလေးမှ မကြိုက်တာ...."

စိတ်မကောင်းဖြစ်နေသည့် အသံက ပေါ်လွင်ထင်ရှားနေ၏။

"မကြိုက်ပေမယ့် ခင်ဗျားချက်ထားတာ ကောင်းတော့ စားရအဆင်ပြေပါတယ်...."

ချီးကျူးလေဟန် ပါသော စကားသံကြောင့် ရှောင်းကျန့်၏ ဇီးရွက်လောက် သေးငယ်ကျသွားသည့် မျက်နှာလေးမှာ စကော လောက်ကျယ်ပြန့်သွားလေသည်။

"ရိလေး ဆိုလိုချင်တာက ကိုကို ဟင်းချက်တာ တော်တယ်လို့လား....ရိလေးဆီက
ချီးကျူးစကားကြားရတော့ ကိုကို ပင်ပန်းနေရတာတွေ ပျောက်သွားသလိုပဲ...."

"စားလို့အဆင်ပြေတယ်ပဲ ပြောတာ.... ခင်ဗျားကို ချီးကျူးနေတာမဟုတ်ဘူး..."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Onde histórias criam vida. Descubra agora