Unicode&Zawgyi
(Unicode)
"ရှောင်းနင်....အလကားကောင်....နင်ဟာလေ...."
ရှောင်းချန်ယင်း သူ၏ ဒေါသကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ခက်ခဲနေချေ၏။ သူ့မှာ ရှောင်းနင် ကို သတ်ပစ်ချင်လောက်သည်အထိ ဖြစ်နေသည် ။
မိမိတာဝန်ယူထားသည့် ပရောဂျက်က လေလံဆွဲဖို့ နီးကပ်နေပြီ။
ဒီပရောဂျက်သာ အောင်မြင်လျှင် ယွမ်ချင်သည်ကား မိမိ၏လက်တွင်းကျရောက်တော့မည် ဖြစ်သည်။
ယခုတော့ မိမိ၏ မောင်အရင်းကြောင့် သေချင်စိတ်ပေါက်နေပြီပင်။
"မမကလည်း စိတ်မဆိုးပါနဲ့ ဟာ ငါ အဆင်ပြေအောင် လုပ်ပေးပါမယ်ဟာ....စိတ်လျှော့နော်... "
ရှောင်းနင်မှာ ရှောင်းချန်ယင်း ထံ ရေတစ်ခွက် ကမ်းပေးလိုက်ရင်း ချော့မော့ပြောဆိုလာသည်။
"အရူး ငါ စိတ်လျှော့နိုင်မလား....နင်သာ ငါ့မောင်မဟုတ်ရင် အခုချိန်သေနေလောက်ပြီ....နင်ဖြောင်ထားတဲ့ ဘဏ္ဍာ ငွေကိစ္စကို သဘက်ခါ ပြေလည်တာ လိုချင်တယ်...နားလည်လား...."
"အင်းပါ...မမရာ အဆင်သင့်လုပ်ထားပါမယ်..."
ရှောင်းချန်ယင်းမှာ ရှောင်းနင်ဆီက အာမခံချက်ရသည်နှင့် သူ့ရုံးခန်းသူ ပြန်သွားသည်။
ရှောင်းချန်ယင်း ထွက်သွား သည်နှင့်
ရှောင်းနင် တစ်နေရာသို့ ဖုန်းဆက်လိုက်သည်။"ငွေချေးမယ့်သူတွေနဲ့ ဆက်သွယ်လို့မရရင် ငါ့ရှယ်ယာအချို့ ရောင်းဖို့ လုပ်လိုက်တော့.. "
ရှောင်းနင် ထို ဆုံးဖြတ်ချက်ကို မနည်းချလိုက်ရသည်။
တစ်ဖက် ၌...
"အားကျန့် ငါတို့အတွက် သတင်းကောင်းပဲ...."
"ဘာသတင်းလဲ မင်ရှု...."
"ရှောင်းနင် ရှယ်ယာတွေ ထုတ်ရောင်းနေပြီ...."
"ဒီလို အလျှင်အမြန် ထုတ်ရောင်းတယ်ဆိုတော့ အခြေအနေ ဆိုးလို့ပဲ ဖြစ်ရမယ်....နင့်သတင်းကောင်းကလည်း ပုံမှန်ပါပဲ..."
ရှောင်းကျန့်မှာ နဂိုကတည်းက ထိုကိစ္စ အား ခန့်မှန်းထားသည့်အလား ပြောလိုက်သည်။
ESTÁS LEYENDO
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Fanficအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...