part36

3.2K 220 6
                                    

Unicode &Zawgyi

(Unicode )

ဝမ်ရိပေါ် မှာ သူ့ရှေ့က လူ၏အကြည့်ကို သဘောမကျသော်လည်း ကိုယ့်ဘက်က
အရင်မှားမိသည်မို့ အပြုံးနဲ့သာ ပြန်လည် တုံ့ပြန်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် မရည်ရွယ်ပဲ ဝင်တိုက်မိသွားတာ..."

"ကိုယ် အဆင်ပြေပါတယ်... ဒါနဲ့ ကိုယ်မေးထားတာ မပြောသေးဘူးနော်.... "

"ခင်ဗျား အဆင်ပြေ တယ်ဆို ကျွန်တော့်ကို ခွင့်ပြုပါဦး..."

ဝမ်ရိပေါ်  ယွင်ဟန် ၏ အမေးကို တမင်လျစ်လျူ ရှုလိုက်ခြင်းဖြစ်သည်။

ထိုသူ့ကို မြင်ကတည်းက ဝမ်ရိပေါ် သူ့စိတ်ထဲက မည်သည့်အတွက်ကြောင့် သဘောမကျမှန်းမသိပေ။ သူ၏ မသိစိတ်က စိုးရိမ်နေသလိုခံစားနေရသည်။ ယွင်ဟန်အပေါ် စိတ်သက်သာမှုမရှိပေ။

ထို့အတွက်ကြောင့်  ဝမ်ရိပေါ်  သူ၏ နာမည်ကို မပြောခဲ့ဘဲ ထိုနေရာမှ မြန်မြန် ထွက်လာခဲ့၏။ 

ယွင်ဟန်မှာ အခု လို လျစ်လျူ ရှုခြင်းခံလိုက်ရသည်က ဝမ်ရိပေါ်  ထံမှ ပထမဆုံး ဖြစ်လိမ့်မည်။

ယွင်ဟန်၏ လှည့်စားလိုသည့် အပြုံးတို့က တောက်လောင်လာ၏။

သူ့ကို ချန်ထားခဲ့သည့် ကျောပြင်ကို သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ
ကြည့်ရှုပြီးနောက် နောက်လှည့်ကာသာ ပြန်လာခဲ့သည်။
သူ၏ ဦးတည်ရာမှာ အလွန်လှပတောက်ပြောင်နေသည့် အနက်ရောင် ကားကြီးဆီသို့။

"ဥက္ကဋ္ဌ.... "

အနက်ရောင် ကားနားတွင် ရပ်နေသည့် လူတစ်ယောက် က ယွင်ဟန်ကို ဦးညွတ်ရင်း ကားတံခါးကို ဖွင့်ပေးလာ၏။

"သူ့အကြောင်း ကို စုံစမ်းလိုက်....သူနဲ့ပတ်သက်တာတွေ သူ့ဘေးပတ်ဝန်းကျင်က လူတွေ အားလုံးကို စုံစမ်းလိုက်..."

ယွင်ဟန် ခုန ကားတံခါးဖွင့်ပေးသည့် သူကို ပြောလိုက်သည်။

ယွင်ဟန် သည်ကား ယွင်ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။ ယွင်ဟန်မှာ အသက်၂၃နှစ်အရွယ်ကစလို့ ယခု အသက် ၂၉ နှစ်အရွယ်ထိ  စီးပွားရေး လောကမှာ ထိပ်တန်းအောင်မြင်မှု ရရှိနေသည့်သူတစ်ယောက်ပင်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Opowieści tętniące życiem. Odkryj je teraz