part26

3.5K 256 17
                                    

Unicode&Zawgyi

(Unicode)

"ရိလေး ကိုကို့ကို နေခွင့်ပြုမယ်မလား...."

ရှောင်းကျန့်၏ အမေးကို ဝမ်ရိပေါ်မှာ အချိုသာဆုံး အပြုံးလေးနဲ့ ဦးစွာ အရင်တုံ့ပြန်လိုက်သည်။

"ခင်ဗျားဘာသာ လမ်းဘေးပဲ ရောက်ရောက် အိမ်ခြေယာမဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်နဲ့မှ မဆိုင်တာ  ပြီးတော့ ကျွန်တော့်အိမ်က ဒုက္ခသည်စခန်းလည်းမဟုတ်ဘူး....ဒါကြောင့် ခင်ဗျားကို လက်မခံနိုင်တာ နားလည်ပေးပါ...."

ရှောင်းကျန့်မှာ ဝမ်ရိပေါ်  ကို အရင်က ဒီလောက်ထိ ပြောရခက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ရိ​လေး....ကိုကို့ကို တကယ်ပဲ နှင်ထုတ်ရက်လို့လား...."

"ခင်ဗျားကို ဘာအတွက် နှင်မထုတ်ရက်ရမှာလဲ....အခု ထွက်သွားနိုင်ပါပြီ...."

ရှောင်းကျန့် လွတ်လွတ်လပ်လပ် ထွက်သွားနိုင်စေရန် ဝမ်ရိပေါ် လမ်းဖယ်ပေးလိုက်သည်။

"ရိလေး ကိုကို့ကို ဒီမှာနေခွင့်ပြုပါနော်....
ရိလေးခိုင်းတာ ကိုကို အကုန်လုပ်ပေးမယ်လေ... နော်...."

"ရှောင်းကျန့် ခင်ဗျား ကျွန်တော့်စိတ်ကို စွနေတာလား....ခင်ဗျားကို အယဉ်ကျေးဆုံးနဲ့အချိုသာဆုံး ဆက်ဆံပေးပြီးပြီနော်....ခင်ဗျား ထွက်သွား ဖို့ငြင်းနေဦးမယ်ဆိုရင် ဆက်ပြီး ကျွန်တော် မယဉ်ကျေးနိုင်တော့ဘူး...."

ဝမ်ရိပေါ်  တကယ်ကို စိတ်အချဉ်ပေါက်လာပြီဖြစ်သည်။
သူအခုချိန်မှာ စိတ်ပင်ပန်းလွန်းနေသည်။ ဘယ်သူနဲ့မှ မျက်နှာချင်းဆိုင် စကားပြောချင်စိတ်မရှိ။

"ရိလေးက အပြင်ကနေ ပြန်လာရင် ပင်ပန်းနေပြီလေ....အိမ်အလုပ်တွေ ကိုကို လုပ်ပေးတော့ ရိလေးသက်သာတာပေါ့..ပြီးတော့
ရိလေး အနားမှာ ကိုကို ရှိနေတော့ ရိလေးတစ်ခုခု ဖြစ်လာရင် ကိုကို ကာကွယ်ပေးနိုင်တယ်လေ..."

"ခင်ဗျား အကူအညီမလိုဘူး ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နိုင်တယ် အခု ထွက်သွားပေးနိုင်မလား ကျွန်တော် နားချင်ပြီ..."

"ရိလေး...."

ရှောင်းကျန့် ကို ကြည့်ရတာ ပေကပ်နေပြီး ထွက်သွားမည့် ပုံမပေါ်သဖြင့် ဝမ်ရိပေါ် .... ရှောင်းကျန့် လက်ကို ဆောင့်ဆွဲကာ သူကိုယ်တိုင် အိမ်အပြင်သို့ ဆွဲခေါ်သွားလေသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Donde viven las historias. Descúbrelo ahora