Unicode&Zawgyi
(Unicode)
ရှောင်းကျန့် ၏အဖြေကြောင့် ဝမ်ရိပေါ် သဘောတကျ ပြုံးရယ်လာသည်။
"ကိုကို တကယ်ကို အဖြေကောင်းဖြေတတ်တာပဲ...."
"ကိုကိုက နားထောင်ကောင်းအောင် ဖြေတာ မဟုတ်ဘူး...တကယ်အတည်ပြောတာ....
ရိလေးဆိုတာကလည်း ကိုကို့အတွက်
ဖြစ်တည်လာသလို ကိုကို ကလည်း ရိလေးအတွက်ပဲ ဖြစ်တည်လာတာ....""ဟုတ်ပါပြီ...ကျွန်တော် ကိုကို့ကို အရှုံး ပေးတယ်..
ဒါပေမဲ့ ကျွန်တော် အစ်မ မင်ရှု အကြောင်း သိရမှ ဖြစ်မယ်....မဟုတ်ရင် ကျိုးချန် နားဒုက္ခပေးတာကို ခံနိုင်မှာ မဟုတ်တော့ဘူး.... ""ကျိုးချန်...!"
"အင်း.... သူက အစ်မ မင်ရှုကို စိတ်ဝင်စားနေတာ... ကိုကို့ကို မေးပေးခိုင်းနေတာ ကြာပြီ..."
"ဟားဟား...ဟားဟားဟား~~~"
"ကိုကို ဘာရယ်တာလဲ.... ကျွန်တော် ပြောတာ ရယ်စရာ ပါလို့လား..."
"မဟုတ်ပါဘူး ကျိုးချန်က မင်ရှုကို ကြိုက်တယ်...ဟုတ်ကော ဟုတ်လို့လား ရိလေးရယ်..."
"မဟုတ်ဘူး... ကျိုးချန်က အစ်မ မင်ရှုကို မကြိုက်ဘူး... ကျွန်တော်က ကြိုက်နေတာ...."
ဝမ်ရိပေါ် ၏ မကျေလည် အကြည့်နဲ့အတူ ရွဲ့ကာပြောသည့်အသံက ကပ်ပါလာ၏။
"မင်ရှု ကို ရိလေး မကြိုက်ရပါဘူး....ရိလေးမှာ ကိုကိုတစ်ယောက်တည်းကိုပဲ ချစ်ခွင့်ရှိသလို ကြိုက်ခွင့်လည်းရှိတယ်....ဒီတော့ မင်ရှုကို ကျိုးချန် လက်ထဲပဲ အပ်လိုက်ရမှာပေါ့...."
ဝမ်ရိပေါ် မှာ ဒီလို သူငယ်ချင်း မျိုးကိုရတဲ့ ယန်မင်ရှုကိုသာ သနားသည့် အတွေး ပိုပို
ဝင်မိသည်။"ဒီလိုလုပ်လိုက်လေ....ကိုကို့ဆီက မေးမှာထက်စာရင်....ကျိုးချန်ကို မင်ရှု ဖုန်းနံပါတ် ပြောပြလိုက်ပါလား....သူကိုယ်တိုင် မေးပါစေ...."
"ကျွန်တော့်မှာ အစ်မ မင်ရှု ဖုန်းနံပါတ် မှ
မရှိတာ... ""ကိုကို ပြောပြမယ်လေ...."
ရှောင်းကျန့် အစက ယန်မင်ရှု တောင်းဆိုထားသည့်ကိစ္စအတွက် လူရှာရန် ခက်ခဲနေခဲ့သေးသည်။ အခုတော့ အထူးတလည် ရှာရန်မလိုတော့ချေ။ ရေကန်အသင့် ကြာအသင့် ဖြစ်လို့နေသည်။
ESTÁS LEYENDO
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Fanficအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...