Unicode &Zawgyi
(Unicode)
ဝမ်ရိပေါ် စိတ်ထဲက နာကျင်သည်။
ဖြစ်နိုင်လျှင် သူ ထိုကိစ္စကို ...အစ ပြန်မဖော်ချင်တော့။သူ ရှောင်းကျန့် အပေါ် စိတ်လည်းမဆိုးချင်သလို စိတ်လည်းမနာချင်ပေ။
ထို့အတွက်ကြောင့် အချိန်ခဏလောက် တည်ငြိမ်အောင် နေချင်နေခြင်းဖြစ်သည် ။
အစက သူ ရှောင်းကျန့် ကို မျက်နှာချင်းဆိုင် ထိပ်တိုက်မေးရန် ရည်ရွယ်ထားခဲ့မိသည်။
သို့သော် ထိုသို့ ပြုမူရန် တွန့်ဆုတ်နေခဲ့သည်။
အကယ်၍များ သူမေးလိုက်လျှင် နှစ်ယောက်ကြားထဲမှာ ထပ်မံ၍ အဖုအထစ် ဖြစ်သွားဦးမည်။အခုကိစ္စသည်ကား သူ့ဘက်က ရှောင်းကျန့် အပေါ် သက်သက် အထင်လွဲနေသည်လည်း ဖြစ်နိုင်သည်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးမှာ အရာအားလုံးကို အတုအယောင် အဖြစ် ဖန်တီးဖို့ ဆိုသည်မှာ သိပ်ကို လွယ်ကူလွန်းနေသည်ပင်။
သို့သော်လည်း စိတ်၏ အခြားတစ်ဖက်က အတုအယောင်ဆိုသည်ထက် အမှန်တရားဟု ယူဆမိနေဆဲ။
ယောကျာ်း လေး နှစ်ယောက်ရဲ့
ကြားထဲက ပတ်သက်ဆက်နွှယ်မှုဟာ
အထိမခံသည့် ကြွေပန်းကန် တစ်ချပ်ကဲ့သို့ပင်....။
လွယ်လွယ် ကျိုးပျက်နိုင်၏။သူ့ အနေနှင့် ရှောင်းကျန့် မိမိ အချစ်ကို ငြီးငွေ့သွား၍ အခြားမိန်းကလေးတစ်ယောက်နှင့် အတူ ရှိနေနိုင်တာပဲ ဆိုသည့် အတွေးစိတ် များနေမိ၏။
ယခု သူ စိုးထိတ်နေသည့် ကိစ္စ ကို တစ်ဖက်က အလိုအလျောက် ဖြေရှင်းပြီးနှင့်နေပြီ မဟုတ်ပါလား။
တစ်ဖက်က မိမိကို ပြောပြစေရန်
အလိုရှိနေခဲ့သည် ပင်။"ကိုကိုက တကယ်ပဲ သိချင်တာလား...."
"အင်း....ကိုကို သိချင်တယ်....."
"ဒါဆိုရင် အိမ်ကို အရင်ပြန်ကြတာပေါ့ ....
အခု ကိစ္စ က လမ်းမှာ ဖြေရှင်းရမယ့် ကိစ္စ မဟုတ်ဘူးလို့ ထင်တယ်...."ဝမ်ရိပေါ် အသံမှာ ယခင်အတိုင်း အေးစက်နေဆဲ ပင်....။
"အင်း.... အိမ်ကိုအရင်ပြန်ကြမယ်...."
أنت تقرأ
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
أدب الهواةအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...