part52

2.9K 213 11
                                    

Unicode&Zawgyi

(Unicode)

nightclub bar တစ်ခုအတွင်း၌....

VIP အခန်းငယ် တစ်ခုအတွင်း လူအများစုဝေး၍ ကြည့်ရှုကာ တီးတိုးပြောနေကြသည်။

ထိုလူအုပ်၏ အလယ်တွင် ကြမ်းပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းနေသော မိန်းကလေးငယ်၏ခန္ဓာကိုယ်တစ်ခု။

ထိုမိန်းကလေးက bar တွင် အလုပ်လုပ်သည့် မိန်းကလေး ဖြစ်ဟန်ရ၏။

ထိုမိန်းကလေး၏ ခေါင်းတွင် မာကျောသည့် အရာတစ်ခုခုဖြင့် အရိုက်ခံထားရသည်။

အေးစက်သည့် ကြမ်းပြင်ပေါ်တွင် သွေးတို့ ချင်းချင်းနီကာ ထိုမိန်းကလေး မှာလည်း သွေးတို့ဖုံးလွှမ်းနေသည်။

သူဝတ်ထားသည့် အဖြူ ရောင် ရှပ်အက်ျကပင် အနီရောင်သို့ ပြောင်းလုနီးနီး ဖြစ်၍ နေသည်။

ထို သနားစဖွယ် သေဆုံးနေသော မိန်းကလေး၏ ရှေ့တွင် ရူးသွပ်နေသည့်အလား ကြမ်းတမ်းခက်ထန်သော
အကြည့်တို့ဖြင့် လူတစ်ယောက်ရပ်နေသည်။
ပါးစပ်ကနေ လည်း စကားလုံး အချို့ ရေရွတ်နေသေးသည်။

"အောက်တန်းစားကောင်မ ကများ ငါ့ကို ငြင်းဆန်ရဲတယ်....သေသင့်တယ်...."

ထိုသူသည်ကား အခြားသူမဟုတ်။
ရှောင်းနင် ပါပင်..။

ရှောင်းနင် မှာ ရှောင်းချန်ယင်း နဲ့ စကားအချေအတင် ဖြစ်ခဲ့ပြီးနောက် သူ့အပေါင်းအဖော်အချို့ဖြင့် nightclub barတွင် လာ၍ အရက်သောက်နေခဲ့ခြင်းပင်။

သူ့ဘေးက ခွေးကောင် အချို့၏ မြှောက်ထိုးပင့်ကော် လုပ်မှုကြောင့် မှာထားသည်အားလာချပေးသည့်
စားပွဲထိုးမလေးကို ဆွဲလားယမ်းလား လုပ်သည့်အပြင် ဘေးက မြှောက်ပေးသည့်စကားများကြောင့် ထိုမိန်းကလေးကို
ကာအိန္ဒြေ ဖျက်ဆီးဖို့အထိ ကြိုးပမ်းခဲ့သည်။

ထိုမိန်းကလေးသည်ကား အပျော်မယ်မဟုတ်... စားပွဲထိုးတစ်ယောက်သာ ဖြစ်သည်။

လူအများရှေ့မှာ သူ၏ ကာအိန္ဒြေ ကို ထိပါးလာသည့်အတွက် ငြင်းဆန်မှု ပြုလုပ်ခဲ့လိမ့်မည်။

ထိုမိန်းကလေး၏ ငြင်းဆန်မှုက ရှောင်းနင်ကို သူ့သူငယ်ချင်းတွေရှေ့မှာ အရှက်ခွဲလိုက်သလိုဖြစ်ပြီး ဒေါသစိတ်မွှန်ကာ အနီးရှိ အရက်ပုလင်းဖြင့် သူ့ကို ငြင်းဆန်ဝံ့သည့် မိန်းကလေး၏ ခေါင်းကို ရိုက်နှက်လိုက်မိမည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Opowieści tętniące życiem. Odkryj je teraz