part39

3.1K 225 23
                                    

Unicode&Zawgyi

(Unicode)

"ခင်ဗျားရဲ့ အကူအညီကို ကျွန်တော့်ချစ်သူက မလိုအပ်ပါဘူး...."

အသံလာရာထံ ဝမ်ရိပေါ် လှည့်ကြည့်လိုက်မိ၏။

သူ့ထံ အေးစက်မှုနဲ့အတူ ကြင်နာမှုတို့ ရောပြွမ်းနေသည့် အကြည့်တို့ပို့လွှတ်ရင်း လျှောက်လှမ်းလာသည့် အနှီလူ။

ယွင်ဟန်၏ အကြည့်တို့က မျက်နှာချင်း ဆိုင်ရှိ လူထံ ရှေးရှု ရောက်ရှိသွား၏။ 

"ရိလေးကို ကိုကို လာကြိုတာ...."

ရှောင်းကျန့် ယွင်ဟန်ကို မကြည်သည့် အကြည့်တို့သာ ပေးပို့နေရင်း ဝမ်ရိပေါ်  ကို ပြောလိုက်သည်။

ယွင်ဟန် စကားဆိုခြင်းမရှိပဲ ရှောင်းကျန့် ကိုသာ ကြည့်နေသည်။
သူ၏ အကြည့်တို့တွင် ရန်လိုခြင်း မရှိသလို ချစ်ခင်ခြင်းလည်းမရှိပေ။
အခြားသူ တစ်ယောက် ခန့်မှန်းမရအောင် မျက်ဝန်းတို့ကနက်ရှိုင်းနေသည်။

ယွင်ဟန်၏ ခန့်မှန်းရခက်သည့် မျက်ဝန်းတို့ကြောင့် ရှောင်းကျန့်မှာ ထိုလူနှင့်ပတ်သက်၍ မကောင်းဘူးဟု ခံစားလာရသည်။

ထိုလူကို ကြည့်မိတိုင်း သူ့ တွင် တစ်စုံတစ်ရာကို ဆုံးရှုံးတော့မည်ဟု ခံစားနေရသည်။

ရှောင်းကျန့် ယွင်ဟန်ကို လျစ်လျူ ရှုလိုက်ပြီး...

"ရိလေး ပြန်ရအောင်... "

ဝမ်ရိပေါ်သည်ကား ခေါင်းငြိမ့် ကာ တုံ့ပြန်၏။

"နေပါဦး ရိပေါ်.... ကိုယ့်ကို မိတ်ဆက်မပေးတော့ဘူးလား...."

ထွက်သွားတော့မည် ပြင်နေသည့်နှစ်ယောက်ကို ယွင်ဟန် တားဆီးလိုက်သည်။

"အကိုယွင် ဒါက...."

ဝမ်ရိပေါ် က မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း ရှောင်းကျန့် ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"စိတ်မရှိပါနဲ့ ခင်ဗျားနဲ့ သိကျွမ်းဖို့ စိတ်ကူး နည်းနည်းလေးတောင် မရှိတာမို့ မိတ်ဆက်စရာမလိုဘူး...ပြီးတော့ ကျွန်တော့်ချစ်သူအနား အလေအလွင့် ငကြောင်တွေ ကပ်တာ မကြိုက်ဘူး....ဒါကြောင့် နောက်တစ်ခါ ရိလေးအနားမှာ ခင်ဗျားကို မမြင်ရပါစေနဲ့..."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Hikayelerin yaşadığı yer. Şimdi keşfedin