part8

3.8K 258 9
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် စစ်ဆေးရေးခန်းထဲ ရောက်မှ
သူနားလည်သည်။
ရှောင်းနင်၏ ပြစ်မှုများကို သူ့ခေါင်းပေါ်ပုံချနေခြင်းသာ။ သူလက်မခံနိုင်ပေ။
ဤ သားအမိ သူ့အပေါ်အနိုင်ကျင့်လွန်းသည်မှာ သည်းခံနိုင်သည့် အတိုင်းအတာ ထက်ကျော်လွန်နေပြီပင်။

" ဆက်မငြင်းတော့ရင် ကောင်းမယ်.....မင်းရဲ့ ကားကို C C TVမှာ အသေအချာ ရိုက်မိထားခဲ့တာတောင်မှ...."

ကျိုးအန်း သူ့ရှေ့က လူကို ဒေါသ ထွက်လွန်း၍ သည်းမခံနိုင် တော့။

"စုံထောက်ကျိုး ဒီနေ့မတိုင်ခင် အရင်နေ့တွေက ဒီကားရဲ့ပိုင်ရှင် အမည်ပေါက်က ဘယ်သူလဲ ဆိုတာ ခင်ဗျား စုံစမ်းသင့်တယ်....ကျွန်တော် ကိုယ်တိုင် တောင် ဒီကားကို ပိုင်ဆိုင်မှန်း ခင်ဗျားတို့ သိပြီးမှ
သိခဲ့တာ... "

ကျိုးအန်းမှာ ရှောင်းကျန့် ၏ စကားကြောင့် တွေဝေသွားသည်။

"ကောင်းပြီ ရှောင်းကျန့် မင်းပြောတာ ဟုတ်မဟုတ် ငါ စစ်ဆေးမယ်..."

ကျိုးအန်း တခြားလိုအပ်သည်တို့ကို မေးမြန်းပြီးသည်နှင့် ရှောင်းကျန့်ပြောသည့်ကိစ္စအား စုံစမ်းရန် ပြန်ထွက်သွားခဲ့သည်။

ကျိုးအန်း ထွက်သွား ပြီး သိပ်မကြာ
အားလော့ဆိုသူ ဝင်လာသည်။

ထိုသူက ဘာမှ မပြောဘဲ စစ်ဆေးရေး ခန်းထဲမှာ တပ်ဆင်ထားသည့် ကင်မရာ အားလုံးကို လိုက်လံပိတ်နေသည်။

ကင်မရာအားလုံးကို ပိတ်ပြီးသွားပြီဆိုတာ သေချာမှ.... ရှောင်းကျန့် ဆီသို့ လျှောက်လာပြီး သူ့ရဲ့laptop မှာ video တစ်ခုကို ဖွင့်ပြလိုက်သည်။

ရှောင်းကျန့်မှာ ထို video ကို ကြည့်နေရင်း မျက်နှာထားတို့ တည်တင်းလာကာ လက်သီး ကို တင်းတင်းဆုပ်ထားမိသည်။

"သူ့ကို ဘာလုပ်လိုက်တာလဲ..... မင်းတို့ သူ့ရဲ့ ဆံပင်တစ်မွှေးကိုတောင် ထိရဲထိကြည့် ငါ မင်းတို့ အားလုံး ကို သတ်ပစ်မယ်...."

"စိတ်မပူပါနဲ့ သူ့ဆံပင်တစ်မွှေးတောင်မထိပါဘူး....တစ်ခုတော့ ရှိတယ်....မင်းဒီအမှုကို မင်းလုပ်ခဲ့တယ်လို့ ဝန်ခံမယ်ဆိုရင်ပေါ့.....မင်း ဝန်မခံရင်တော့ သူ့အတွက်
မကောင်းနိုင်ဘူးပေါ့နော်..."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now