part19

3.5K 252 15
                                    

Unicode&Zawgyi

(Unicode)

"ရိလေး...ကိုယ့် အချစ်က မင်းအတွက် ရွံရှာစေတာလား...."

"......"

"ရိလေး အတွက် ကိုကို က မသတီစရာပေါ့..
ကိုကို့ အချစ်တွေက စျေးပေါတယ်ပေါ့ ..ဒါပေမဲ့ ရိလေး သိလား...ကိုကို့မှာ ရှိတဲ့ အရာအားလုံးက နိမ့်ကျနေရင်တောင် ရိလေး အပေါ် ထားတဲ့ ကိုကို အချစ်တွေက ရိလေး ထင်သလို မနိမ့်ကျပါဘူးကွာ......."

ရှောင်းကျန့် ခေါင်းငိုက်စိုက်ကျလျှက်
ဆိုလာသည်။ ထိုစကားတို့ကို သူ့ကိုယ်သူ ပြောနေသည်လား။ ဝမ်ရိပေါ်ကို ပြောနေသည်လား မသဲကွဲပေ။

ဝမ်ရိပေါ်  လှောင်ရယ်နေသည့် မျက်ဝန်းတို့
ဖြင့် ရှောင်းကျန့် ကို စိုက်ကြည့်ရင်း...

"ခင်ဗျားရဲ့ အချစ်တွေက... ဟုတ်ပါတယ်
မနိမ့်ကျပါဘူး.....မြင့်မြတ်လွန်းအားကြီးလို့ ကျွန်တော် နဲ့ မထိုက်တန်တာ..ပြီးတော့...."

"အားကျန့်.... "

ယန်မင်ရှု  ရောက်လာခြင်းပင်...။
သူအမှန်တကယ် မလာချင်ပါ...။

ထိုနှစ်ယောက်အတွက် အချိန်ပေးချင်သည်။သို့သော်လည်း မတတ်သာတဲ့ အရာတွေက ရှိနေသေးသည်။

"မင်ရှု... ကိစ္စ ရှိလို့လား...."

"အင်း....သူဌေးဝူ နဲ့ တွေ့ဖို့..."

ယန်မင်ရှု ရှောင်းကျန့် ကို ပြန်ဖြေရင်း
ဝမ်ရိပေါ် ကို တိတ်တဆိတ် ကြည့်နေမိသည်။

အကောင်စုတ် ကံကောင်းလိုက်တာ...။
ဒီလောက် ချောတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတယ်။
မနာလိုလိုက်တာ။
ငါလည်း ကောင်လေး ချောချောလေး ပိုင်ဆိုင်ရရင် ကောင်းမယ်။

ဝမ်ရိပေါ်  မိမိကို ဖောက်ထွင်းမတတ် စိုက်ကြည့်နေသည့် သူရှေ့က အမျိုးသမီးကို သဘောမကျတော့ပေ။
ထိုအမျိုးသမီးက ရှောင်းကျန့် နဲ့တစ်ခုခု ပတ်သက်နေသည်ဟု တွေးမိတိုင်း ထိန်းချုပ်ထားသည့် စိတ်တို့က ထိုးထွက်လာသည်။

"Hk...! ..ခင်ဗျား တို့ကို မနှောင့်ယှက်တော့ဘူး...ခွင့်ပြုပါဦး... "

ဝမ်ရိပေါ်   ခပ်မြန်မြန်ပြောပြီး လှည့်ထွက်လိုက်သည်။

"ရိလေး..."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Dove le storie prendono vita. Scoprilo ora