Unicode&Zawgyi
(Unicode)
စုဝမ်ဝမ် ရှောင်းနင်၏ သတင်းကို ကြားကြားချင်း အငြိမ် မနေနိုင်တော့။
မည်သို့ဆိုစေ ရှောင်းနင်သည်ကား သူမ၏ သားငယ်တစ်ယောက်ဖြစ်နေဆဲပင်။"ချန်ယင်း သမီး.... "
စုဝမ်ဝမ် အရင်ဆုံး အကူအညီတောင်းရန်တွေးမိသည်က သူ့ခင်ပွန်းမဟုတ်...သူ့သမီး အကြီး ရှောင်းချန်ယင်း ကိုပင်...။
ရှောင်းချန်ယင်း သည်ကား ရှောင်းစုဖန်း ထက်မနိမ့်သော အဆက်အသွယ်ကောင်းများစွာရှိသည်။
စုဝမ်ဝမ် ရှောင်းချန်ယင်း ကို လာရှာချိန်တွင် ရှောင်ချန်ယင်း မှာ သူ့အခန်းထဲတွင် ထိုင်လျှက် အေးအေးလူလူ ကော်ဖီပင် သောက်နေသေးသည်။
"ချန်ယင်း သမီးမောင်လေး အခုလို ဖြစ်နေချိန်မှာတောင် သမီးက အေးအေးဆေးဆေး
နေနေနိုင်တယ်လား...."စုဝမ်ဝမ် ရှောင်းချန်ယင်း ၏ ပုံစံကို ကြည့်ပြီး စိတ်ထဲ ဘဝင်မကျဖြစ်မိသည်။
"အေးအေးဆေးဆေး နေနေတယ်တဲ့လား....အမေ
ဒါဆိုရင် သမီးက ဘာလုပ်နေရမှာလဲ.... ရှောင်းနင် ဒီလို ဖြစ်တာနဲ့ပဲ ငိုနေရမှာလား...ဒါမှမဟုတ်အရူးတစ်ယောက်လို လျှောက်အော်နေရမှာလား....""အနည်းဆုံးတော့ အားနင်ကို ကူညီနိုင်ဖို့ သမီးအဆက်အသွယ်တွေကို သုံးသင့်တယ်..."
"သမီးမကူညီနိုင်ဘူး.....အဲ့လို အသုံးမကျတဲ့ကောင်မျိုးအတွက် သမီး ရဲ့ တန်ဖိုးရှိလှတဲ့ ဝှက်ဖဲတွေကို အဆုံးရှုံးမခံနိုင်ဘူး...."
ရှောင်းချန်ယင်းသည်ကား တိကျပြတ်သားသည့်ဆုံးဖြတ်ချက်ကို ချထားပြီးပုံပင်။
"ချန်ယင်း သူက သမီးမောင်လေး လေ... "
"သမီးမောင်ဆိုတော့ရော ဘာဖြစ်လဲ..... သမီးအတွက် အကျိုးမဖြစ်စေဘဲ ဆိုးကျိုးဖြစ်စေတဲ့ သူကို သမီးက ကာကွယ်ပေးရမှာလား....
ဟင့်အင်း....မဖြစ်နိုင်ဘူး...."စုဝမ်ဝမ် သူ့သမီး၏သံယောဇဉ် ကင်းမဲ့လှပုံကို ကြည့်ပြီး ဘာမှ ဆက်ပြောလိုစိတ် မရှိတော့သည့်တိုင်အောင် ဖြစ်သွားရသည်။
![](https://img.wattpad.com/cover/213859525-288-k911902.jpg)
JE LEEST
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Fanfictieအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...