part38

3.1K 235 6
                                    

Unicode&Zawgyi

(Unicode)

Goldness bar အတွင်း၌....

"ရိပေါ် ....မင်း ဒီလို မရယ်တာတောင် အတော်ကြာပြီပဲ...."

"စိတ်ထဲ လေးလံနေတာတွေ လျှော့ချပြီး
ငါ  ပျော်ပျော်ရွှင်ရွှင် နေသွားဖို့ ရွေးချယ်လိုက်လို့လေ...."

မှန်ကန်သည့် ရွေးချယ်မှုကို ပြုလုပ်နိုင်လိုက်သည့်အတွက် ကျေနပ်နေမှုက ဝမ်ရိပေါ် မျက်နှာထက်တွင် ထင်ရှားပေါ်လွင်နေသည်။

"တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ....
ဒါနဲ့လေ....
အစ်ကို ရှောင်း ဆီက တစ်ခုလောက် မေးပေးပါလား..."

"ဘာမေးပေးရမှာလဲ...."

"သူနဲ့ ဟိုတစ်ခါက အတူတူ ပွဲတက်တဲ့ အမျိုးသမီးရဲ့ အကြောင်း..."

"အဲ့အမျိုးသမီးအကြောင်းသိချင်ရင် မင်းတစ်ခြားနည်းနဲ့ စုံစမ်းလို့ရတာပဲ....ငါ့ကို အကူအညီ တောင်းစရာ မလိုဘူးလေ ကျိုးချန်..."

"စုံစမ်းလို့ရပါတယ်...ဒါပေမဲ့ အဲ့ဒါ အကြမ်းဖျင်းပဲ စုံစမ်းလို့ရတယ်.....အသေးစိတ် အချက်အလက်တွေကျတော့ မသိရဘူး....ရိပေါ်  မင်းပြောဖူးတယ်မလား....သူက အစ်ကို ရှောင်း ရဲ့ သူငယ်ချင်းလို့...ဒါဆို မင်းငါ့ကို ကူညီနိုင်ပါတယ်ကွာ...."

တကယ့်ကို မျက်နှာငယ်လေးနှင့်တောင်းဆို နေသည့် ကျိုးချန်ကြောင့် ဝမ်ရိပေါ် မျက်ခုံးတို့ ပင့်တက်သွားသည်။

"ကျိုး ချန် မင်း တကယ်ကြီးကို ကြွေဆင်းသွားတာပဲ.."

"ညီလေး ကျိုးက ဘယ်သူ့ကို နှစ်သက်နေတာလဲ...."

ဝမ်ရိပေါ်  နဲ့ ကျိုးချန်၏ စကားဝိုင်းအား တစ်စုံတစ်ယောက်က  ဝင်ရောက် နှောင့်ယှက်လာ၏။

ထိုဝင်နှောင့်ယှက်သူမှာ အခြားသူမဟုတ်
ယွင်ဟန်ပါပင်။

"အကိုယွင် ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ..."

ကျိုးချန် က အားရဝမ်းသာ ယွင်ဟန်ထံ နှုတ်ဆက်မှု ပြုလိုက်သော်လည်း ဝမ်ရိပေါ်  ကတော့ မသိမသာ မျက်မှောင်ကျုံ့မိသည်။

ဒါ ဟို ထူးဆန်းတဲ့လူပဲ။ ဝမ်ရိပေါ် သူ့စိတ်ထဲ မည်သို့မျှ ဘဝင်မကျနိုင်ချေ။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now