part41

3.1K 215 2
                                    

Unicode &Zawgyi

(Unicode)

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်  ကြားတွင် ရှိနေသည့် အမုန်း တံခါးက ပိတ်သိမ်းသွားသည်နှင့်
သူတို့ နှစ်ယောက်၏ မနက်ခင်းတိုင်းက သာယာပျော်ရွှင် ဖွယ်ကောင်းလှ၏။

တစ်ပတ်ကြာပြီးနောက်.... ယွမ်ချင် လုပ်ငန်းစုတွင်..

"မမ... ငါတော့ သေပြီ...."

​ရှောင်းနင်သည်ကား ဆိုင်းမဆင့် ဗုံမဆင့် ရှောင်းချန်ယင်း ၏ ရုံးခန်း အတွင်းသို့ အလောသုံးဆယ် ဝင်လာသည်။

"ရှောင်းနင် ဘာဖြစ်လာတာလဲ......"

"ဒီမှာ ဒါကိုကြည့်ကြည့်.... "

သူ့လက်ထဲက စာအိတ်ကို  ရှောင်းချန်ယင်းထံ ကမ်းပေးလိုက်၏။

" တရားရုံးက ဆင့်ခေါ်စာလား...."

ရှောင်းချန်ယင်း သူ့လက်ထဲက စာအိတ်ကို
ဖွင့်ဖောက်ဖတ်ပြီးနောက် သူ့မျက်နှာက အကျည်းတန်ရုပ်ဆိုးသွားသည်။

"မမ အဲ့ဒါ ဟိုကောင့်လက်ချက်ပဲနေမှာ သူ ငါ့ကို တရားစွဲတာ ဖြစ်လိမ့်မယ်...မမ နင်တစ်ခုခု လုပ်စမ်းပါ သူ့ကို လွှတ်မထားစမ်းပါနဲ့...."

"ရှောင်းနင် ...ငါ့ကို ဆရာမလုပ်စမ်းနဲ့...နင် တစ်နေ့တစ်နေ့ ရှာတဲ့ ပြဿနာပေါင်းများစွာကိုလည်း ဖြေရှင်းပေးရသေးတယ်... အခုလည်း ခေါင်းကိုက်စရာက ရောက်လာပြန်ပြီ...."

"မမ.."

"နင် က တကယ့် အနှောင့်အယှက်ပဲ....
နောက်တစ်ပတ်ဆို ဒု ဥက္ကဋ္ဌ ရွေးတော့မှာ.... အကယ်၍ အခုပြဿနာသာ ပြန့်သွားရင်.... ငါကြိုးစားလာခဲ့ရသမျှ ပလုံစီသွားလိမ့်မယ်...."

"မမ နင် ငါ့ကို ကူညီပါဟာ ငါ ထောင်ထဲ မသွားချင်ဘူး လုပ်ပါဟာ.... "

"....."

"မမ.... နင် ကူညီမှ ဖြစ်မယ်နော်.... မဟုတ်ရင် နင်လုပ်ထားတဲ့ဟာတွေ ငါ ဖော်ပစ်မှာ....."

ရှောင်းချန်ယင်း၏ မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားကာ လက်ထိပ်တို့က စားပွဲထက်သို့ တတောက်တောက် ခေါက်နေ၏။

"ငါ လုပ်ထားတဲ့ဟာတွေ....ဘယ်လို ဟာတွေလဲ....ပြောစမ်းပါဦး....."

အသံထဲတွင် အေးစက်မှု အပေါင်း ထုံလွှမ်းလျှက်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Hikayelerin yaşadığı yer. Şimdi keşfedin