Unicode&Zawgyi
(Unicode)
ယန်မင်ရှု သူ့ကုမ္ပဏီ သို့ပြန်ရောက်ချိန်တွင် နေ့လည်ပိုင်း တောင် ရောက်နေပြီပင်။
ယန်မင်ရှု ပြန်ရောက်သည်နှင့် ရှောင်းကျန့်ရှိရာ ရုံးခန်းဆီ ဦးတည်လိုက်သည်။
"မင်ရှု နင် ဘယ်တွေ သွားနေတာလဲ... "
"အဟမ်း...ငါ ကောင်လေးချောချောလေးနဲ့ သွားတွေ့လာတာ..."
"ဘယ်လောက်ချောချော ငါ့ရဲ့ ရိလေးကိုတော့ မှီမှာ မဟုတ်ဘူး.... ရိလေးက လောက မှာ အချောဆုံး လူသားလေးပဲ... "
ယန်မင်ရှု စိတ်ထဲ၌သာ မျက်ဖြူ လှန်မိသည်။
အကယ်၍ သူသွားတွေ့လာသည့်သူက ဤ အကောင်စုတ် အမွှန်းတင်လွန်းနေသည့်
ရိလေးဆိုတာသာ သိရင် ဘယ်လောက်တောင် နားငြီးအောင် ရိလေးဆိုသည့်
နာမည်ကို ကြားရဦးမည်မသိချေ။"အားကျန့် နင်ညက နင့်ရိလေးဆီမှာ သွားအိပ်တာမလား..."
"အင်း...."
"တကယ်ကြီး...Oh...! နင်တို့ ညက တစ်ခုခု ဖြစ်ခဲ့သေးလား...နင် သူ့ကို ဘာလုပ်လိုက်သေးလဲ...ငါ့ကို ပြောပြစမ်းပါ ဟာ.... ငါသိချင်လို့.. မြန်မြန်...မြန်မြန် ပြောပြ..."
ယန်မင်ရှု မည်မျှ တောင် သိချင်စိတ်ပြင်းထန်နေသည်မသိသော်လည်း မျက်လုံး ထဲ၌ အလင်းရောင်တို့က တဖျတ်ဖျတ် လင်းလက်နေသည်။
"မင်ရှု နင်က မိန်းကလေး နော်..."
ရှောင်းကျန့် တွန့်ဆုတ်စွာနဲ့ ယန်မင်ရှု ကို သတိပေးစကားဆိုလိုက်သည်။
"ငါသိတယ်လေ...
နင် ထူးပြောစရာ မလိုပါဘူး....
ငါသိချင်တာ နင်တို့ အကြောင်း....လုပ်ပါ.. ပြောပြစမ်းပါ...""ငါ ရိလေးကို ဘာမှ မလုပ်ခဲ့ဘူး...ဒီအတိုင်း ရိလေးအိမ်မှာ အိပ်ခဲ့တာ...."
"အသုံးမကျလိုက်တာ....နေရာချင်း လဲလိုက်ချင်တယ်....နင့် ရိလေး သဘောမတူရင်တောင် အင်အားသုံးပေါ့..."
"မင်ရှု နင်က ရိလေး ငါ့ကို ဓားနဲ့ထိုးတာကို ကြည့်ချင်နေတာလား....အခုချိန် အင်အားသွားသုံးရင် နောက်နေ့ ငါ့အလောင်းပဲ တွေ့ရလိမ့်မယ်...."
BẠN ĐANG ĐỌC
ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed)
Fanfictionအရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ဟာ ကံကြမ္မာ လှည့်ကွက်ကြောင့် အထင်လွဲမှုတွေ ဖြစ်တည်လာခဲ့တဲ့အခါမှာ... Zhanyi FanFic Starting date:10 February 2020 Ending d...