part12

3.4K 239 9
                                    

Unicode&Zawgyi

(Unicode)

တရားစီရင်ချက် ချမည့်နေ့....တရားရုံးထဲတွင်....

တရားသူကြီးနှင့်တကွ အမှုနဲ့ ပါဝင်ပတ်သက်သူအားလုံး ရောက်ရှိနေသော်လည်း....
ရှောင်းကျန့် ဘက်မှ တရားရေးရှေ့နေ
ဂူချန်းယွီ ရောက်မလာသေးပေ။

အမှု ကြားနာမှုကို လာရောက်ကြည့်ရှုသူများ၏ရှေ့ဆုံးတွင်...ဝမ်ရိပေါ်  နဲ့အတူ ကျိုးချန် ပါ  ထိုင်နေခဲ့သည်။

"ရိပေါ်... တရားခံ က မင်းကိုကို ဖြစ်နေတာလား..."

ကျိုးချန် အခုမှ သိရှိခြင်းသာ။

ဝမ်ရိပေါ် မှာ ဖြေဆိုခြင်းမရှိ ရှောင်းကျန့် ကို သာ စိုက်ကြည့်နေသည်။

ဝမ်ရိပေါ်  ၏ မျက်ဝန်းတို့တွင် နာကျည်းမှု၊ နောင်တ တရားတို့ ပြည့်နှက်နေသော်လည်း....ယခု အချိန်ထိ ဖြစ်ပျက်သမျှ အရာအားလုံး ကို အိမ်မက်တစ်ခု ဖြစ်ရန် ဆုတောင်းမိနေဆဲ ။

တုံ့ပြန်မှု မရှိသော ဝမ်ရိပေါ် ကြောင့် ကျိုးချန် ပို၍ ဘဝင်မကျတော့။

"ရိပေါ် မင်း သိနေခဲ့တာလား...."

"အင်း..."

ဝမ်ရိပေါ် ၏ အေးစက်စက် စကားတစ်ခွန်းနဲ့အတူ နာကျင်နေသည့် မျက်ဝန်းတစ်စုံ  ကြောင့် ကျိုးချန် စကား ဆက်မဆိုတော့...။ အခုချိန်မှာ အနာကျင်ဆုံးက ဝမ်ရိပေါ် ပင် မဟုတ်ပါလား...။

ရှောင်းကျန့် လည်း ဝမ်ရိပေါ် ကို မြင်သည်။ ရှောင်းကျန့် မှာ ဝမ်ရိပေါ် ကို ရင်ဆိုင်ဖို့ရာပင် ခွန်အား မရှိတော့သည့်အလား...
မျက်လုံးခြင်းဆုံအောင်မကြည့်တော့ပေ...။

"တရားခံ ဘက်က ရှေ့နေ ကလာရောက်ဦးမှာလား..."

တရားသူကြီးမှာ မစောင့်နိုင်တော့သောကြောင့် မေးလာသည်။

"တရားသူကြီးမင်း တရားခံ ရှေ့နေဟာ အချိန်ကို မလေးစားတာပါပဲ....စောင့်မနေသင့်ပါဘူး...အစိုးရ ရှေ့နေ နဲ့ အစားထိုးတာ သို့မဟုတ် တရားခံ ကိုယ်တိုင် ခုခံချေပခြင်းကို ခွင့်ပြုပေးဖို့တောင်းဆိုအပ်ပါတယ်..."

တစ်ဖက်က တရားလို ရှေ့နေက ပြောဆိုလာသည်။

အခြေအနေ အရပ်ရပ်ကြောင့် ရှောင်းကျန့် ပို၍ မျက်မှောင်ကြုပ်လာသည်။
ထိုလူ ဂူချန်းယွီ သူက မယုံကြည်ထိုက်ဘူးလား။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Onde histórias criam vida. Descubra agora