part67

2.6K 177 7
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ် လက်ထဲက ဝိုင်ခွက်ကို ချကာ ပွဲတွင် ရှိမနေသင့်သည့် လူတစ်ယောက်နောက်ကနေ  တိတ်တဆိတ် လိုက်သွားလိုက်သည်။

ရှောင်းချန်ယင်းသည်ကား  ယွမ်ချင်ရဲ့ ပွဲကို တမင် ရည်ရွယ်ချက်ရှိရှိ လာလိုခဲ့ခြင်းသာ။

ရှောင်းချန်ယင်းက ဝိတ်တာ တစ်ယောက်နဲ့ ရပ်၍ စကားပြောနေသည့်အတွက် ဝမ်ရိပေါ် ထောင့်အကွယ်ကနေသာ စောင့်ကြည့်နေလိုက်သည်။

အကွာအဝေး ကွာခြားမှုကြောင့် ဝမ်ရိပေါ်မှာလှုပ်ရှားမှု အားလုံးကို မြင်တွေ့နေရ သော်လည်း ပြောနေသည့် စကားတို့ကို မကြားရပေ။

စကားသံ ကြားရလောက်တဲ့ အကွာအဝေးအထိ  တိုးသွားရအောင်လည်းမဖြစ်ချေ။

ရှောင်းချန်ယင်းက စကားအနည်းငယ် ပြောပြီးသည်နှင့် ဝိတ်တာလေးရဲ့ လက်ထဲသို့
အဖြူ ရောင် စက္ကူ ခေါက်လေးတစ်ခု ပေးလိုက်သည်။

ထိုဝိတ်တာလေးက တစ်ခုခု ထုပ်ပိုးထားဟန်ရသည့် စက္ကူ ခေါက်လေးကိုယူပြီးသည်နှင့် နေရာက ထွက်သွားသည်။

ရှောင်းချန်ယင်းသည်ကား ကျေနပ်စွာနဲ့ပင်
ဝမ်ရိပေါ် ရှိနေသည့်ဘက်သို့ ပြန်လျှောက်လာရင်း နှုတ်ကလည်း စကားလုံးအချို့ကို ရေရွတ်ပြောဆိုလာ၏။

"ရှောင်းကျန့် မနက်ဖြန်ဆိုရင် သတင်းစာတိုက် အားလုံးရဲ့ သတင်းခေါင်းစီးပိုင်းက
နင့်အကြောင်းတွေချည်း ဖြစ်လာတော့မှာ...ဟင်းဟင်း....!"

ဝမ်ရိပေါ်မှာ  ရှောင်းချန်ယင်း   သူ့ကို မတွေ့ခင် အမြန် ပုန်းလိုက်ရသော်လည်း ရှောင်းချန်ယင်း   ၏ နှုတ်က ထွက်လာသည့် စကားကိုတော့ အသေအချာ ကြားလိုက်ရသည်။

ဘာလို့ မနက်ဖြန် သတင်းခေါင်းစီးပိုင်းက ကိုကို့ အကြောင်း ဖြစ်ရမှာလဲ။.ဘာလို့လဲ....။ ရှောင်းချန်ယင်း ကိုကို့ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ။

ဝမ်ရိပေါ်  ဘယ်လိုဆက်စပ်ပါစေ အကြောင်းအရင်းရှာမရပေ.... ။

နောက်ဆုံး သူ ရှောင်းကျန့်  ကိုသာ သွားရှာရန် ဆုံးဖြတ် လိုက်သည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ