part27

3.4K 252 14
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်  မနက်လင်းလို့ သူ့အခန်းထဲ က ထွက်လာချိန်တွင် တစ်အိမ်လုံး တိတ်ဆိတ်နေသည်။

တစ်အိမ်လုံး တွင် ရှောင်းကျန့် ၏ အရိပ်အယောင် တိတိပပ ပျောက်လို့နေသည်။

"ဘယ်ရောက်သွားတာလဲ...သူက ငါ့အိမ်ကို သူ့အိမ်သူ့ယာလို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတယ်..."

ဝမ်ရိပေါ် မကျေမနပ်နဲ့ ခပ်တိုးတိုး ရေရွတ်မိသည်။

ဝမ်ရိပေါ်  ... ရှောင်းကျန့် ကို
အိမ်အနှံ့ လျှောက်ရှာရင်း ထမင်းစားပွဲ နားရောက်လာသည်။

ရှောင်းကျန့်... ဝမ်ရိပေါ်  အတွက် ပြင်ထားပေးခဲ့သော မနက်စာ ထမင်းပွဲက လေးထောင့် စားပွဲရှည်ပေါ် တွင် အပြည့်နေရာယူထားသည်။

ဝမ်ရိပေါ်  ၏ အကြည့်တို့က ထမင်းစားပွဲ၏ အစွန်ဘက်တွင် တင်ထားသည့် noteစာရွက်လေးဆီ တခဏ ရောက်ရှိသွား၏။

ဝမ်ရိပေါ်  အပေါ်က ဖိထားသည့်ဖန်ခွက်ကို ဖယ်ပြီးစာရွက်ကို ယူပြီးဖတ်လိုက်သည်။

စာထဲတွင် ရေးထားသည့်အကြောင်းအရာမှာ သာမာန် စာကြောင်းလေးနှစ်ကြောင်းသာ ဖြစ်သော်လည်း ဝမ်ရိပေါ် သူ၏ နှလုံးသား ထဲတွင်တော့ ပုစဥ်းတောင်ပံ ခတ်လိုက်သည့်အလား ကလိကလိနဲ့ယားကျိကျိ ဖြစ်သွားရသည်။

ဝမ်ရိပေါ် ၏ နူးညံ့ သည့်အပြုံးလေးနဲ့အတူ မျက်နှာလေးက ကြည်လင်ဝင်းပသွား၏။

မသိစိတ်၏ လှုံဆော်မှု ဖြင့် သူသည်ကား ထမင်းစားပွဲ၌ နေရာအကျအန ထိုင်ကာ နှစ်ခြိုက်စွာ စားသုံးလိုက်သည်။

ရှောင်းကျန့် သည် မှာတော့ မနက်အစောကြီး ဆေးရုံရောက်နေသည်။

မနက်စောစောထပြီး မနက်စာ ချက်ကာ
ဝမ်ရိပေါ်  နဲ့အတူ မနက်စာ စားနိုင်ရန် မျှော်လင့်မိသော်လည်း ယန်မင်ရှုထံမှ ဖုန်းဝင်လာသည်။

ယန်မင်ရှုထံ မှ ဖုန်းကို လက်ခံဖြေကြားပြီးသည်နှင့် ရှောင်းကျန့်  မှာ သူ၏ နဂိုရည်ရွယ်ချက်ကို ဖျက်သိမ်းကာ ယန်မင်ရှု ထံသို့ သွားရန်သာ ပြင်လိုက်ရသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Donde viven las historias. Descúbrelo ahora