part9

3.6K 241 1
                                    

Unicode&Zawgyi

(Unicode)

ဝမ်ရိပေါ်မှာ ဒူးခေါင်းနှစ်ဖက်ကြား ခေါင်းဝှက်ရင်း လူကို ကျုံ့နိုင်သမျှ ကျုံ့လျှက်
ထိုင်နေသည်။

သူ၏ တစ်ကိုယ်လုံး တုန်ယင်သည်အထိ ငိုကြွေးနေမိသည်။

ဝမ်ရိပေါ်  သူ့ကိုယ်သူ မည်သည့်နေရာ ရောက်နေမှန်းလည်း မသိချေ။
သူ၏ အသိစိတ်တို့ကလည်းဗလာနတ္ထိ ။
သူပြေးနေရင်း မောလာသည့်နေရာတွင်သာ ထိုင်နေခဲ့ခြင်းပေ။

ညဥ့်နက်လာသည်မို့ ပတ်ဝန်းကျင် တွင် သွားလာသူဟူ၍ တစ်ဦးတစ်ယောက်တောင်မရှိတော့။
နဂိုကတည်းက ဝမ်ရိပေါ် ရောက်နေသည့် နေရာမှာ လူသွားလူလာနည်းသည်။

"ရိပေါ်....ရိပေါ်...."

'ကိုကို....ကိုကို လား...မဖြစ်နိုင်ဘူး....'

ဝမ်ရိပေါ်ကား ထိုအတွေးကို ပစ်ခါထုတ်လိုက်ပြီး ခေါင်းမော့ကြည့်လာခဲ့သည်။

"ရိပေါ်...ငါပါ ကျိုးချန်..."

"......"

ဝမ်ရိပေါ် ၏ စိတ်ထဲတွင် နာကျင်မှု ၊  စိတ်ပျက်မှုတို့ ကသာ စီးဆင်းလျှက်။

"ရိပေါ် ငါ မင်းကို အိမ်ပြန်ပြီးအနားယူခိုင်းတာလေ....ဖုန်း ဆက်တော့လည်း မကိုင်ဘူး... ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ ငါသာ
အရင်နေ့က မင်းဖုန်းကို လျှောက်ကလိရင်း GPS software သာ ထည့်မထားခဲ့ရင် အခုချိန် ငါ မင်းကို ဘယ်မှာ လိုက်ရှာ ရမှန်းတောင် သိမှာ မဟုတ်ဘူး...."

"......"

ဝမ်ရိပေါ် သည်ကား စကားတစ်ခွန်း မှ
မကြားသည့်အလား တိတ်ဆိတ်လျှက်။

"လာ ငါ အိမ်ကို လိုက်ပို့ပေးမယ်.... "

ကျိုးချန်... ဝမ်ရိပေါ် ကို အိမ်ရောက်သည်အထိ လိုက်ပို့ပေးခဲ့သည်။

ဝမ်ရိပေါ် အိပ်ပျော်သွားပြီဆိုတာ သေချာမှသာ ပြန်လာခဲ့သည်။

ရှောင်းစုဖန်း ၏ စာကြည့်ခန်းထဲ တွင်....

"ဖေဖေ  ကျန့်ကျန့်ရဲ့ကိစ္စကို ဘယ်လို
လုပ်ကြမလဲ...."

ရှောင်းချန်ယင်း အပူတပြင်း ဆိုမိသည်။

"ရှေ့နေ ဂူ ကို ဆက်သွယ်လိုက်...."

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Hikayelerin yaşadığı yer. Şimdi keşfedin