part65

2.4K 167 4
                                    

Unicode&Zawgyi

(Unicode)

ရှောင်းနင် ၏ ဂယက်ရိုက်မှုပင် ဆုံးခန်းမတိုင်သေး ယခု စုဝမ်ဝမ်ကြောင့် ယွမ်ချင်သည်ကား ဟိုးအောက်ဆုံးသို့ ရောက်ရှိနေလေပြီ။

ရှောင်းချန်ယင်း စုဝမ်ဝမ် အကြောင်းကို သိပြီး တုန်လှုပ်လာသည်။

ရှောင်းချန်ယင်း အတွေးထဲမှာ ရှောင်းကျန့်  သိနေပြီလားဆိုသည့် အတွေးတို့က ခိုအောင်းလာ၏။

အိမ်သို့ ပြန်ရောက်ချိန်မှာ သူ့အခြေအနေက ပိုဆိုးသွားလေသည်။
သူ့အိမ်မှာ တရားရုံးမှ ဆင့်ခေါ်စာ ရောက်နေသည်။
ထို ဆင့်ခေါ်စာ မှာ ရှောင်းနင်ထံသို့ လည်း မဟုတ်သလို စုဝမ်ဝမ် ထံသို့လည်း မဟုတ်ပေ....။

ရှောင်းချန်ယင်း ထံသို့ တိုက်ရိုက် ဆင့်ခေါ်စာ ဖြစ်၏။

ရှောင်းချန်ယင်း ရှည်ရှည်ဝေးဝေး ဘာမှ မတွေးနိုင်တော့....။  ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ဖြစ်လာဖို့ကိုလည်း ယာယီ စွန့်လွှတ်လိုက်သည်။

ယခုအချိန်မှာ သူအဖမ်းမခံရဖို့က အရေးကြီးသည်။
ထို့အတွက်ကြောင့် အကောင်းဆုံး အရာသည်ကား ဒီနိုင်ငံမှ ချက်ချင်းထွက်သွားဖို့ပင် အခုချိန် ထွက်သွားလျှင် မှီနိုင်သေးသည်။

ရှောင်းချန်ယင်း ပိုင်ဆိုင်သမျှ ဘဏ်စာအုပ်အားလုံးကို ယူပြီး အထုပ်အပိုး ပြင်ကာ ညတွင်းချင်း လေဆိပ်သို့ ဆင်းသည်။

တစ်လကြာပြီးနောက်....

တစ်နိုင်ငံလုံးတွင် ရှောင်းချန်ယင်းအား ဖမ်းဝရမ်းထုတ်ထားသည်။

ထို့အပြင် ရှောင်းနင်၏ လူသတ်မှုအတွက် တရားရင်ဆိုင်မှုက လည်း စတင်ခဲ့သည်။ ရှောင်းနင်မှာ လူသတ်မှုအပြင်
ရှောင်းကျန့် တရား စွဲဆိုထားသည့် အမှုတွေပါ ရင်ဆိုင်ရသည်။

တစ်ဖက်က အသတ်ခံရသည့် မိန်းကလေးရဲ့ မိသားစုဘက်က ရှောင်းကျန့် ကူညီပေးခဲ့သည်။

ရှောင်းနင်မှာ သူ့ဘက်က ထောက်ပံ့ပေးမည့်သူ တစ်ဦးတစ်ယောက်မှ မရှိတော့ပေ​ ။
သူ့ဘက်ကနေ ခုခံချေပပေးမည့် အစိုးရ ရှေ့နေကလည်း ဝတ္တရား အရ သာ လုပ်ဆောင်ပေးသည်မို့ တရား ရင်ဆိုင်မှုတွင် ရှောင်းနင်ဘက်က ရှုံးနိမ့်ကာ အမှုအားလုံးအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၈ နှစ် ကျခံခဲ့ရသည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Donde viven las historias. Descúbrelo ahora