( Unicode )" Byun Baek Hyun...."
" Yes မာမား...."
" ကြွခဲ့ပါဦး ဒီကို ခဏလောက်...."
" Yes မာမား...."
" Yes မာမားကိုနောက်ထား....
လူအရင်ကြွ...."ဟု မေမေက လှမ်းအော်သည်ကြောင့်
ဆော့လက်စ ဂိမ်းကိုပစ်ထားခဲ့ကာ" လာပြီ လာပြီ မာမားရေ..."
ဟု အော်ကာ အပေါ်ထပ်အခန်းကနေ
အသည်းအသန်ပြေးထွက်လာခဲ့သည်....အောက်ထပ်ကိုရောက်ဖို့
ကျွန်းလှေကားကြီးကနေ
လှေကားထစ်ပေါင်းများစွာကို
ကျော်ဖြတ်ကာဆင်းရဦးမည်ကြောင့်
လက်တန်းပေါ်ကို တက်ထိုင်ကာ ဖင်ဖြင့်
လျှောတိုက်ပြီး ဆင်းသွားလိုက်သည်...အပေါ်ထပ်ကနေ လှေကားလက်တန်းကို
တက်ထိုင်ကာ လျှောတိုက်ပြီး ဆင်းလာသော
ကျွန်တော့ကို ဧည့်ခန်းတွင် ထိုင်နေသော
မေမေက မြင်သည်နှင့်" ဟယ်.... မျောက်လောင်း....
ဆင်းစမ်း... ဆင်းစမ်း....
ငါ ဘာပြောထားလဲ....ဒီလိုမျိုး
တက်မစီးပါနဲ့လို့ ပြောထားလား
မပြောထားဘူးလား....."ဟု မေမေ မေးသည့်အချိန်တွင်
ကျွန်တော်က လှေကားလက်တန်းပေါ်ကနေ
အောက်ကိုရောက်သွားပြီ...." ဟီးဟီး...မေမေက မစီးနဲ့လို့
ပြောထားတာကို သားခဏမေ့သွားလို့ပါ..."ဟု ခေါင်းကိုကုပ်ကာ ရယ်ကျဲကျဲလုပ်ပြီး
ပြန်ဖြေလိုက်တော့" မေ့စရာလား...မေ့စရာလား....
အေးးးး ခဏမေ့သွားတဲ့ ခေါင်းကို
ပြန်မှတ်မိအောင် လုပ်ပေးမယ်...လာခဲ့..."ဟု လှေကားပေါ်ကနေ ဆင်းခါစဆိုတော့
အရှိန်က မထိန်းနိုင်ဘဲ ရှောင်လင်သိုင်းကွက်ပင်
ထုတ်မသုံးရသေးခင် မေမေ့လက်အတွင်းသို့
ကျွန်တော့နားရွက် ကျရှုံးသွားခဲ့ပြီ....မေမေကတော့ ကျွန်တော့နားရွက်ကို
အပီအပြင်ဆွဲလိုက်လို့ စစ်ပွဲမှာ
အောင်မြင်သွားတဲ့စစ်သူကြီးနှယ်
အရှေ့ကနေလမ်းလျှောက်သွားတော့
ကျွန်တော့မှာ နားရွက်ပြုတ်မထွက်ဖို့အရေး
မေမေ့အနောက်သို့ အသည်းအသန်
ပြေးလိုက်နေရသည်....
ပါးစပ်ကလည်း နာကြောင်းကို
အော်လျက်နှင့်ပေါ့....
YOU ARE READING
Jikk Too ( U + Z )
FanfictionBaekhyun - ခင်ဗျားကြီးကို ကြည့်လို့ကို မရတာဗျာ..... ။ ။ Chanyeol - ငဂျစ်လေး မင်းကိုငါ တစ်ဖြည်းဖြည်းနဲ့ အသည်းယား လာပြီ.....။ ။