မနက်မိုးလင်းတဲ့အချိန် ဧည့်သည်တွေ၊ မိသားစုတွေအားလုံး မနက်စာ စားဖို့ပြင်တော့ နှောင်းနဲ့အလင်း ရောက်မလာသေးတာကြောင့် အိမ်ကိုရောက်နေတဲ့ မြေးဝမ်းကွဲလေးဖြစ်တဲ့ ဂျူးဂျူးကို နှောင်းတို့ကိုခေါ်ဖို့ အခေါ်လွှတ်လိုက်တယ်။ ခဏအကြာမှာတော့ ရှစ်နှစ်အရွယ် ဂျူးဂျူးလေးက အမောတကောနဲ့ပြေးလာပြီး အားလုံးစုဝေးနေတဲ့ ဧည့်ခန်းထဲမှာ ပြောလိုက်တဲ့စကားက အားလုံးကို အံ့အားသင့်စေသလို ဒေါ်နန်းအိမ်စည်ရဲ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။
"ဖွားဖွား ကိုကိုအလင်းက အင်္ကျီချွတ်ကြီးနဲ့ ကိုကိုနှောင်းကိုဖက်ထားပြီး မမပန်းနုအခန်းထဲမှာ အိပ်နေတယ်"
"ဟယ်"
"ဟမ်"
"အို"
အားလုံးဆီက အာမေဋိတ်သံ အစုံအလင် ထွက်လာတာကြောင့် ဒေါ်နန်းအိမ်စည်၊ ဒေါ်ဟေမာနဲ့၊ ဒေါ်သက်နှင်းတို့သုံးယောက် ခေါင်းနပန်းကြီးသွားရသလို မျက်နှာတွေလည်း ဟန်မဆောင်နိုင်အောင်ကို ပျက်ယွင်းနေကြပါပြီ။ အိမ်မှာရောက်နေကြတဲ့ မိသားစုနဲ့ဧည်သည့်တွေ အားလုံးပေါင်းရင် လူအယောက် ၁ဝဝကျော်လောက်ရှိတာကြောင့် ဘုမသိဘမသိပြောလိုက်တဲ့ ရှစ်နှစ်အရွယ် ဂျူးဂျူးလေးရဲ့စကားက အားလုံးကိုအံ့အားသင့်စေပြီး အမျိုးမျိုးတွေးမိစေပါတယ်။
ဧည်သည့်တွေထဲက တစ်ယောက်တစ်ပေါက်နဲ့ စကားတွေဆူညံလာတဲ့အချိန် သက်နှင်းကိုယ့်ကိုယ်ကို လဲပြိုမသွားအောင် လက်သီးလေးစုပ်ပြီး အားတင်းရပ်နေရတယ်။
"ဟဲ့ ယောင်္ကျားလေးချင်းအိပ်တာပဲ ဘာဖြစ်လို့အဲ့လောက် ထူးထူးဆန်းဆန်း ဖြစ်နေကြတာလဲ"
ဒါကမရင်းနှီးတဲ့သူ၊ မိသားစုဝင်မဟုတ်တဲ့သူ၊ မသိတဲ့သူတစ်ချို့ရဲ့ မေးတဲ့အသံ။
"ဟယ် နင်မသိဘူးလား။ သက်နှင်းသားလေး မိုးနှောင်းကမ္ဘာက အခြောက်လေ။ Gayပါလို့ သူ့မိဘတွေကို သူကိုယ်တိုင် Come Out လုပ်ထားတာ"
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...