ဒီနေ့က သားတို့ကိုကိုယ်ဝန်လွယ်ပေးထားတဲ့ သားတို့မေမေကို ဆေးခန်းပြပေးရမယ့်နေ့ပါ။ ခက်တာက ရန်ကုန်မှာ နှောင်းကားမမောင်ရဲတာပါပဲ။ မန္တလေးမှာတောင် ကားကိုကျွမ်းကျွမ်း ကျင်ကျင်နဲ့ ရဲရဲတင်းတင်း မမောင်းရဲခဲ့တဲ့နှောင်းက ရန်ကုန်မှာသာ မောင်းရမယ်ဆိုရင် ဒီနေ့တစ်နေ့ကုန်သွားရင်တောင် ဆေးခန်းကိုရောက်မယ့်ပုံမပေါ်ဘူး။ ကိုနစ်ကိုပြောကြည့်ချင်ပေမယ့် လိုက်မပို့ပေးလောက်ဘူးဆိုတာကို စိတ်ကအလိုလိုသိနေတယ်။
“မင်း ငါ့ကို ပြောစရာရှိနေတာလား မိုးနှောင်းကမ္ဘာ”
လူကိုတွေတွေကြီးစိုက်ကြည့်ပြီး ရပ်နေတာမို့ တစ်ခုခုကိုပြောချင်နေတဲ့ပုံပါပဲ။
“ဟုတ်ကိုနစ်”
“ဘာပြောမှာလဲ ပြောလေ”
“ဟိုလေ ဒီနေ့ သားတို့မေမေကို ဆေးခန်းသွားပြရမှာမို့လို့လေ။ အဲ့ဒါ ကိုနစ်လိုက်ပို့ပေးလို့ရမလား”
“ဘာလို့ ဆေးခန်းပြရမှာလဲ”
“ဒီနေ့က သားတို့ ကိုယ်ဝန်ရှစ်လပြည့်တဲ့နေ့လေ။ Ultrasound ရိုက်ရမှာ”
“ဖွား လိုက်ပို့ပေးလိမ့်မယ်လေ။ မင်းက ဘာလို့သွားမှာလဲ။ မင်းမသွားလည်းရနေတာကို”
“ကျွန်တော်က သားလေးတွေနဲ့ စကားပြောချင်လို့”
“စကားပြောရအောင် မင်းသားတွေက မွေးသေးလို့လား။ ခုမှဗိုက်ထဲမှာပဲ ရှိသေးတာကို”
ဟင် ကိုနှစ်က ဘယ်လိုလူ့ဂွစာကြီးလဲ မသိဘူး။ စိတ်ထဲကပဲ ပြောလိုက်တာပါ အပြင်မှာ ထုတ်မပြောရဲဘူး။ ဒေါသကုမ္မာရကို ကြောက်လို့။
“မွေးတော့ မမွေးသေးဘူးပေါ့။ ဒါပေမဲ့ ကလေးဆိုတာ အမေ့ဗိုက်ထဲမှာကတည်းက သီချင်းတွေဖွင့်ပြရတယ် စကားတွေပြောပေးရတယ်တဲ့။ ကိုနစ် မကြားဖူးဘူးလား”
“မကြားဖူးပါဘူး”
“ဟင်”
ဘယ်လိုလူကြီးပါလိမ့်။
“မကြားဘူးလို့ မကြားဖူးဘူးပြောတာကို ဘာ ‘ဟင်’ လဲ”
“ဟို အဲ့ဒါဆို ခုလိုက်မပို့ပေးဘူးလား”
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...