Part 15 (Unicode)

19.6K 1.5K 143
                                    

မနက်စောစောအိပ်ရာထဖို့ စိတ်ကူးလိုက်ပေမယ့် ကိုနစ်ရဲ့ခြေထောက်တစ်ချောင်းက နှောင်းကိုဖိထားတာမို့ ထလို့အဆင်မပြေဘူး ဖြစ်နေရတယ်။ လူကို သူ့ဖက်လုံးများ မှတ်နေလားမသိဘူး။ အိပ်လိုက်ရင် အမြဲတမ်းလူအပေါ်ကို ခြေထောက် တစ်ချောင်းတင်ပြီးအိပ်တယ်။ စအိပ်ရင်တော့ အချေ။ လူကို မတူသလို မတန်သလိုနဲ့ ပေ၁ဝဝအကွာမှာအိပ်တယ်။ အိပ်ပျော်ပြီး သိပ်မကြာဘူး လူအပေါ်ကို ခြေထောက်တစ်ချောင်းက အမြဲရောက်ရောက်လာတတ်တယ်။

“ဒီးးးဒီးးးး”

ဖုန်းကို Muteလုပ်ထားတာမို့ Vibrateကတုန်ခါပြီး တဒီးဒီးကိုမြည်နေပါပြီ။ ဘယ်သူဖုန်းခေါ်နေမှန်း မသိတာမို့ ထကြည့်ဖို့ပြင်လိုက်ပေမယ့် ကိုနစ်ခြေထောက်က ဖယ်မရပြုမရနဲ့ ထဖို့ အဆင်မပြေဘူး ဖြစ်နေရတယ်။

“ကိုနစ် ကိုနစ်”

“. . .”

“ခြေထောက်ဖယ်ပေးပါ့လား အိပ်ရာထချင်လို့”

နှောင်းပြော‌တော့မှ ခြေထောက်ကိုဖယ်ပေးပြီး ဟိုဘက်လှည့်ကာ ပြန်အိပ်သွားတယ်။ ဖုန်းခေါ်နေတဲ့သူကိုကြည့်လိုက်တော့ သိုက်ဖြစ်နေတာမို့ အမြန်ဖုန်းကိုင်လိုက်ရတယ်။

“ဟဲလို သိုက်”

“အင်းနှောင်း ငါ ရန်ကုန်ကိုရောက်နေတယ်။ အလုပ်ကိစ္စနဲ့လာတာမို့ မင်းဆီကို ခဏအိမ်လည် ဝင်လာမလို့။ ရလား”

အရင်လို နှောင်းလို့ခေါ်ပေမယ့် အရင်လို သူ့ကိုယ်သူ ကိုယ်လို့မသုံးတော့ဘူး။ အလိုက်သိစွာနဲ့ မင်းနဲ့ငါလို့ ပြောင်းလဲသုံးပေးခဲ့တဲ့ သိုက်ရယ်ပါ။ တကယ်ကို သူငယ်ချင်းတစ်ယောက်လို နှောင်းကိုဆက်ဆံပေးတယ်။

သူ့ရင်ထဲမှာ နှောင်းအပေါ်ထားတဲ့စိတ်က ဘယ်လိုပဲရှိရှိ အပြင်မှာတော့ စကားပြောတာလေးကအစ စည်းလေးထားပေးတယ်။ နှောင်းတို့နှစ်ယောက်ကြားမှာ တံတိုင်းအကြီးကြီးက မြင့်မားစွာနဲ့ စည်းခြားသွားခဲ့ပြီးကိုး။

“ရတာပေါ့ သိုက်ရ။ ဘယ်အချိန်လောက် လာမလဲ”

“ခဏပဲလာမှာဆိုတော့ အလုပ်ကိုမသွားခင် မင်းအိမ်ကို ခဏဝင်ခဲ့မယ်လေနော်”

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now