လွန်ခဲ့တဲ့ငါးနှစ် နှောင်းဘဝကို စုတ်ပြတ်သတ်စေခဲ့တဲ့ နေ့ရဲ့အစ အဲ့ဒီနေ့ကပေါ့ . . .
ဒီနေ့က နှောင်းမန္တလေးကနေရန်ကုန်ကို ပထဆုံးခြေချတဲ့နေ့ဖြစ်သလို ဖေဖေတို့မေမေတို့နဲ့ ပထမဦးဆုံး ခွဲရခြင်းဆိုလည်း မမှားပါဘူး။
ရန်ကုန်ကို နှောင်းလုံးဝ မလာချင်ခဲ့ပါဘူး။ ဒါပေမဲ့ မေမေက ရန်ကုန်မှာ တစ်နှစ်လောက်ပဲနေပေးပါလို့ တောင်းဆိုခဲ့လို့ပါ။ မေမေတို့နဲ့ မခွဲနိုင်ပေမယ့် မိဘစကားကို မပယ်ရှားခဲ့ဖူးသူမို့ သားလိမ္မာဆိုတဲ့ ဂုဏ်လေးနဲ့အညီ မိဘစကားကို နားထောင်ပြီး လာခဲ့တာပါ။
လာရတာကလည်း သုခရိပ်မြုံစံအိမ်က ပန်းနုရောင်ဆိုတဲ့ ကောင်မလေးရဲ့ နှလုံးရောဂါကြောင့်ပါ။ ဆေးတက္ကသိုလ်က လောလောလတ်လတ် ဘွဲ့ရထားပြီး မန္တလေးဆေးရုံကြီးမှာ Postingကျတဲ့နှောင်းကို ပန်းနုရောင်ကို စောင့်ရှောက်ဖို့အတွက် ဖွားဖွားဒေါ်နန်းအိမ်စည်က ရန်ကုန်ဆေးရုံကြီးမှာ Postingလွှဲပြောင်း ရယူပေးခဲ့ပါတယ်။
သုခရိပ်မြုံဆိုတာ အနွယ်တော်ဖွားတွေရဲ့ အိမ်ဖြစ်တာနှင့်အညီ ကျိကျိတက်ချမ်းသာခြင်းနှင့်အတူ ဩဇာအလွန်ညောင်းတဲ့ မျိုးနွယ်ဆိုလည်း မမှားပါဘူး။ ဖွားဖွားဒေါ်နန်းအိမ်စည်က မေမေ ဒေါ်သက်နှင်းအပေါ် စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝကို ယခုအချိန်ထိ စောင့်ရှောက်ခဲ့ဖူးတဲ့ ကျေးဇူးတရားတွေနဲ့အတူ သမီးအရင်းတစ်ယောက်လို ချစ်ပေးခဲ့တာမို့ မေမေ့အပေါ် ဖွားဖွားရဲ့သြဇာသက်ရောက်မှုက ကြီးမားပါတယ်။
နှောင်းတို့မန္တလေးမှာ ပွဲရုံတွေ၊ ပိုးထည်တိုက်တွေ၊ စက်ရုံတွေ အများကြီးပိုင်ဆိုင်ပြီး မန္တလေးမြို့ရဲ့ လူဂုဏ်ထံ အသိုင်းအဝိုင်းတွေကြား အချမ်းသာဆုံး စာရင်းဝင်ငါးဦးထဲ ရပ်တည်နေနိုင်ခဲ့တာ ဖွားဖွားရဲ့ ပံ့ပိုးစောင့်ရှောက်ခဲ့မှုတွေကြောင့်ပါ။
ဒါကြောင့်လည်း မေမေက ဖွားဖွားစကားကို တစ်ခွန်းဆိုတစ်ခွန်း မပယ်ရှားခဲ့ဖူးပါဘူး။ ဒီတော့လည်း နှောင်းက သုခရိပ်မြုံမှာ နေရတော့မှာပေါ့လေ။ မိဘစကား မပယ်ရှားကောင်းဘူးမို့လား။ မိဘစကားကို နားထောင်လိုက်လို့ အကျိုးယုတ်သွားတာမှ မဟုတ်တာ။
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...