ဒီလိုနဲ့ နှောင်းရန်ကုန်ရောက်တာ တစ်လပြည့်သလို အရာရာ နေသားတကျဖြစ်နေပြီမို့ မေမေလည်း ပြန်သွားခဲ့ပါပြီ။ နှောင်းလည်း ဆေးရုံကလူတွေရဲ့ ကူညီဖေးမမှုကို အပြည့်အဝရသလို မမချိုကလည်း နှောင်းကိုအရမ်းချစ်တာမို့ အစစအရာရာ ကူညီပေးခဲ့တာကြောင့် ဆေးရုံမှာအခက်အခဲမရှိ အဆင်ပြေနေတော့ ရန်ကုန်မှာနေရတာ နေပျော်လာပါပြီ။
ဒီနေ့ ကိုကိုက သူတို့ထုတ်လုပ်ရေးရဲ့ ရုပ်ရှင်ကန်တော့ပွဲအတွက် ဘုရားကိုသွားမှာဖြစ်သလို နှောင်းကိုလည်း ဒီနေ့ အပြင်လိုက်ပို့ပေးမယ် ပြောတာကြောင့် ပြင်ဆင်ရပါတော့မယ်။
သို့ပေသည့် နှောင်းအခန်းက ရေမလာတာကြောင့် ပန်းနုအခန်းကိုသွားသော်လည်း ရေကမလာ။ တစ်အိမ်လုံးမှာ ဘုရားခန်းရဲ့ညာဘက်အခြမ်းက ပိုက်ပျက်နေတာမို့ ရေမလာဘူးပြောတာကြောင့် နှောင်ရေချိုးစရာ တစ်နေရာသာ ကျန်တော့သည်ပေါ့။ အဲ့ဒီအခန်းက ဘုရားခန်းရဲ့ဘယ်ဘက် ဒုတိယမြောက်အခန်း နှောင်းအခန်းရဲ့ရှေ့တည့်တည့်က ကိုကိုနေတဲ့အခန်းပါ။
"ကိုကို . . . ကိုကို့ . . . နှောင်းပါ"
"လာပြီ လာပြီနှောင်း"
ကိုကို့ အခန်းတံခါးကိုထုတော့ လာပြီဆိုတဲ့အသံနှင့်အတူ ကိုကိုက အခန်းတံခါးကို ဖွင့်ပေးလာပါတယ်။
"ကိုကို့ နှောင်းနဲ့ပန်းနုအခန်းက ရေမလာလို့။ အဲ့ဒါ ကိုကို့အခန်းကို ရေလာချိုးချင်တယ်"
"အင်း လာလေနှောင်းရဲ့"
"ဟုတ် အဲ့ဒါဆို ခဏနေလာခဲ့မယ်နော်"
အခန်းကိုပြန်ပြီး အဝတ်အစားနဲ့တဘက် ပြန်ယူလိုက်တယ်။ ရေချိုးဖို့ပြန်လာတော့ အခန်းထဲမှာ ကိုကို့ကိုမတွေ့တော့ဘူး။ နှောင်းလွတ်လွတ်လပ်လပ် ရေချိုးလို့ရအောင် အပြင်ထွက်ပေးတာလို့ ထင်တာကြောင့် အင်္ကျီတွေကို ကိုကို့ကုတင်ပေါ် တင်ခဲ့လိုက်တယ်။ ရေမိုးချိုးပြီးထွက်လာတော့ အင်္ကျီဝတ်ဖို့ရာ ကိုကို့ကုတင်ပေါ်က အင်္ကျီကို လှမ်းယူလိုက်တဲ့အချိန် ကိုကိုကအခန်းထဲကို ဝင်လာတာကြောင့် လန့်သွားရပါတယ်။
ESTÁS LEYENDO
ချစ်၍မုန်းခဲ့သည် (Season 1)
Ficción Generalကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...