Part 14 (Unicode)

18K 1.5K 63
                                    

“အားးးကျွစ်းးးကျွစ်”

အလင်း ညကသောက်တာ တော်တော်များသွားတာမို့ မနက်အိပ်ရာနိုးတော့ ခေါင်းတွေ တော်တော်ကိုကိုက်နေပါပြီ။ အိပ်ရာထဖို့ကြိုးစားလိုက်ပေမယ့် ခေါင်းတွေအရမ်းကိုက်နေလို့ တော်တော်နဲ့မထနိုင်သေးဘဲ ငြိမ်နေလိုက်တယ်။

“ကိုနစ် နိုးနေပြီလား”

“အင်း နိုးပြီ။ ညက ငါ့ကို ဘယ်သူပြန်လိုက်ပို့ပေးလဲ”

“ဘယ်သူမှ လိုက်ပို့မပေးဘူး။ ကလပ်ကို ကျွန်တော်လာခေါ်တာ”

“အင်း ကျေးဇူးပဲ”

“ရပါတယ်။ ရော့ ဒါလေးသောက်လိုက် ခေါင်းမူးပြေသွားအောင်”

ညကသောက်တာများပြီး ခုမနက်ခေါင်းမကြည်ဖြစ်နေမှာကို ကြိုသိနေလို့ ပျားရည်ကို သံပုရာရည်လေးနဲ့ရောပြီး ဖျော်လာပေးတာ။ သောက်လို့ ကောင်းမယ်ထင်တာပဲ။ တတ်သလောက် မှတ်သလောက် လုပ်လာခဲ့ရတာ။

“ကျေးဇူး”

“သောက်လို့ကောင်းလား”

“အင်း မဆိုးပါဘူး။ ယဉ်ယဉ်ဖျော်ပေးတာလား”

“မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင် ဖျော်လာပေးတာ”

“ယဉ်ယဉ်ကဘယ်သွားလို့ မင်းကိုယ်တိုင်ဖျော်ရတာလဲ”

“မနေ့က ယဉ်ယဉ်ရောက်မလာဘူး။ ဘာလို့လဲ မသိဘူး။ ကိုနစ် ဖွားကို ဖုန်းဆက်ပြီး မေးကြည့်လိုက်ပါ့လား”

“အင်း ခဏနေ ဖုန်းဆက်ကြည့်လိုက်မယ်။ ဒါနဲ့ မင်းအနာသက်သာလား”

“အင်း”

တကယ်တော့ မသက်သာပါဘူး။ နှောင်း အနာရှိန်ကြောင့် ဖျားနေတာပါ။

“သက်သာတယ်သာပြောတယ် မင်းမျက်နှာက နီနေတယ်။ နေမကောင်းဘူးလား”

“ကောင်း. . .”

ကောင်းပါတယ်တောင် ပြောခွင့်မရလိုက်ဘူး။ နေမကောင်းဘူးလားဆိုတဲ့ အမေးနဲ့အတူ မတ်တပ်ရပ်ပြီး နှောင်းနဖူးကို သူ့လက်ဖဝါးကြီးနဲ့ လာစမ်းတယ်။

“ကိုယ်တွေပူနေတာပဲ။ ညက ဆေးသောက်မအိပ်ဘူးလား။ မင်းဆရာဝန်တော့ ဟုတ်တယ်မို့လား။ ဆေးတော့ ကုတတ်ပါတယ်နော်”

ချစ်၍မုန်းခဲ့သည် (Season 1)Dove le storie prendono vita. Scoprilo ora