Part 22 (Unicode) ပိစိသေးသေးမှောင်တယ်

22.9K 1.5K 71
                                    

“Happy 4 Years Anniversary ပါ မိုးနှောင်းကမ္ဘာ”

အိပ်ပျော်နေတဲ့ မိုးနှောင်းကမ္ဘာရဲ့ နှဖူးလေးကို အနမ်းပေးရင် ခပ်တိုးတိုးလေး ပြောလိုက်တယ်။ နိုးလာတဲ့အခါ မပြောရဲသလို ကြားသွားမှာလည်း ဆိုးတာကြောင့်ပါ။

နှောင်းရဲ့နဖူးကိုလာနမ်းပြီးပြောလာတဲ့ ကိုနစ်ရဲ့စကားလေးကြောင့် နှောင်းအံ့ဩလို့သွားတယ်။ ကိုနစ်က နှောင်းရဲ့ နဖူးကို နမ်းလိုက်ပြီး Happy 4 Years Anniversary ပါလို့ ပြောလိုက်တာတဲ့လား။ ဒါဆို နှောင်းတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကို ကိုနစ်က မမေ့ဘူး‌ပေါ့။ သတိတရ ရှိနေပေးရှာသားပဲ။ နှောင်းအိပ်ချင်ယောင် ဆက်ဆောင်နေလိုက်တယ်။ နှောင်းအိပ်နေတုန်းပဲလို့ထင်ပြီး ပြောလာတာမို့ နှောင်းသိသွားတဲ့အခါ ကိုနစ်နေရခက်သွားမှာဆိုးလို့ မသိချင်ယောင်ပဲ ဆောင်နေလိုက်ပါ့မယ်။ ကိုနစ်က နှောင်းနဲ့ပတ်သက်လာရင် အရင်လိုမမာကြောတော့ဘဲ ပျော့ပြောင်းလာပေးလို့ ကျေးဇူးတင်ပါတယ်။

အစကတော့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ မိုးနှောင်းကမ္ဘာကို ဖွင့်ပြောမလို့ပါပဲ။ ဒါပေမဲ့ မနေ့က ဖွားတို့အိမ်ကိုရောက်တဲ့အချိန် ညီမလေးကိုလွမ်းလို့ ညီမလေးအခန်းထဲကို ဝင်ကြည့်မိခဲ့တယ်။ တစ်ခါမှ နှံ့နှံ့စပ်စပ် မကြည့်ခဲ့ဘူးတဲ့ ညီမလေးအခန်းထဲကို ဝင်ကြည့်ရင်း ညီမလေးရဲ့ မှန်တင်ခုံလေးမှာ ဝင်ထိုင်ပြီး အံဆွဲလေးကို ဆွဲဖွင့်လိုက်တဲ့အချိန် စာအုပ်လေးတစ်အုပ်ကို တွေ့လိုက်ရတယ်။ စာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးထားတာက ပန်းနုလေးရဲ့ ဒိုင်ယာရီတဲ့။ ညီမလေးရဲ့ဒိုင်ယာရီမို့ အိမ်ရောက်တဲ့အခါမှ ဖတ်ကြည့်ဖို့အတွက် အလင်းယူလာခဲ့မိတယ်။

ညက စာအုပ်လေးကိုဖတ်ဖို့အတွက် ဖွင့်ကြည့်လိုက်တော့ စာအုပ်ကြားထဲမှာ ဘော့ပင်လေးညှပ်ထားတာကို တွေ့လိုက်ရတယ်။ ဘောပင်လေးညှပ်ထားတဲ့နေရာကို လှန်ကြည့်လိုက်တော့ ထိုစာရွက်လေးက နောက်ဆုံး စာမျက်နှာလေးဖြစ်နေတယ်။ ထိုစာမျက်နှာလေးမှာ ရေထားတာက မနက်ဖြန်မှတစ်ခါ ဆက်ရေးပါမည်တဲ့။ ထိုစာလေးရဲ့ အပေါ်မှာရေးထားတဲ့ အကြောင်းအရာလေးက. . .

“သိုက်ကနှောင်းကိုလွမ်းလို့ ရန်ကုန်ကိုလာမယ်ပြောတယ်။ မနက်ဖြန် ရန်ကုန်ကို သိုက်လာတဲ့အခါ နှောင်းကသိုက်ကို အဖြေပေးမှာတဲ့လေ။ သိုက်ကိုယ်စားရင်တွေခုန်ပြီး သိုက်အတွက်ပျော်မိတယ်။ ပန်းနုလေ ဖြစ်နိုင်ရင် သိုက်နဲ့နှောင်းလက်ထပ်ပြီး ကလေးလေးတွေရတဲ့အထိ နေချင်သေးတာ။ အဲ့ဒီအချိန်ထိ မနေရတော့ပေမယ့် မနက်ဖြန် နှောင်းတို့ ပထမဆုံး ချစ်သူစ’ဖြစ်တဲ့ နေ့မှာတော့ ပန်းနုရှိနေနိုင်သေးတယ်လေ”

“မနက်ဖြန် သိုက်ကို အပြင်မှာ ပထမဆုံးတွေ့ဖူးမှာပါ။ သိုက်နဲ့တွေ့တဲ့အခါ နှောင်းကိုအများကြီးချစ်ပေပြီး ပျော်ရွှင်အောင်ထားပေးဖို့ နှောင်းအနားမှာအမြဲနေပေးပြီး နှောင်းကို ဘယ်တော့မှမထားခဲ့ဖို့ မှာခဲ့ရမယ်။ သိပ်ကိုဖြူစင်ပြီး နူးညံသိမ်မွေ့လွန်းတဲ့နှောင်းလေးက သိုက်အချစ်နဲ့ ထိုက်တန်ပါတယ်။ သိုက်ကြောင့် ပျော်ရွှင်ရမှာပါ။ မနက်ဖြန်အတွက် ပန်းနု ရင်တွေခုန်နေပါတယ်။ နောင်ဘဝဆိုတာများရှိခဲ့ရင် နှောင်းနဲ့အကြာကြီး သူငယ်ချင်းဖြစ်ခွင့်ရချင်တယ်”

“နှောင်းချစ်တဲ့သူနဲ့ ပျော်ရွှင်နေတာကိုမြင်ချင်တယ်။ ဘဝမှာ တစ်ဦးတည်သာရှိတဲ့ သူငယ်ချင်းလေးကို အမြဲပျော်နေတာလေးပဲ မြင်ချင်လို့ပါ။ နှောင်းနဲ့သိုက် ထာဝရလက်တွဲနိုင်ပြီး ပျော်ရွှင်ပါစေ။ နှောင်းနဲ့သိုက်ရဲ့ အချစ်ခရီးလမ်း သာယာဖြောင့်ဖြူးပါစေလို့ ပန်းနုဆု‌တောင်းပေးပါတယ်။ ပန်နုချစ်ရတဲ့ နှောင်းဆိုတဲ့ လူသားလေးတစ်ယောက် သူချစ်ရတဲ့သူနဲ့ အသက်ထက်ဆုံး မခွဲမခွာ ထာဝရအတူနေနိုင်ပြီး နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ”

အရှေ့စာမျက်နှာတစ်ခုကို လှန်ကြည့်လိုက်တဲ့အချိန်မှာ တွေ့လိုက်ရတာက ရင်ထဲကို ပြောမပြတတ်တဲ့ ဝမ်းနည်းမှုလေးကို ဖြစ်ပေါ်စေတယ်။

“ဒီကမ္ဘာပေါ်မှာ နှောင်းရဲ့ မျက်လုံးလေးတွေကို ပြုံးအောင်လုပ်နိုင်တဲ့သူက သိုက်နဲ့ကလေးလေးတွေပဲရှိတယ်။ နှောင်းရဲ့အချစ်ကိုခံရတဲ့သူက ကံကောင်းလိုက်တာ။ ပန်းနုလည်း နှောင်းရဲ့ရင်ဖွင့်ဖော် သူငယ်ချင်း ဖြစ်ခွင့်ရလို့ ပျော်တယ်။ နှောင်းရဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အဖြစ် နှောင်းရဲ့အချစ်တွေကိုရလို့ ပန်နုအရမ်းပျော်ပါတယ်”

ညီမလေးရဲ့ ဒိုင်ယာရီစာအုပ်မှာ နောက်ပိုင်းစာရွက်လေးတွေက မိုးနှောင်းကမ္ဘာရဲ့ အကြောင်းလေးတွေချည်းပဲ။ ညီမလေးက နှောင်းကို သိပ်ချစ်ခဲ့တာပါ့လား။ မင်းက အချစ်ခံလူတန်းစားလေးပါ မိုးနှောင်းကမ္ဘာ။ မင်းကိုမုန်းခဲ့မိတဲ့အချိန်တွေကို နောင်တရလိုက်တာ။

ညီမလေးရဲ့ဒိုင်ယာရီကိုဆက်ဖတ်ဖို့ ခွန်အားမရှိတော့ဘူး။ တခြားစာရွက်တွေကို ဆက်လှန်ဖို့ လက်တွန့်နေခဲ့မိတယ်။

မင်း အဲ့လောက်တောင် သိုက်ဆိုတဲ့တစ်ယောက်ကို ချစ်ခဲ့တာလားမိုးနှောင်းကမ္ဘာ။ ခုရော မင်းသူ့ကို ချစ်နေတုန်းပဲလား။ ငါလေ မင်းကိုချစ်တယ်လို့ ဖွင့်ပြောဖို့အတွက် နှစ်နှစ်ကျော်တောင် အားမွေးခဲ့ရတာ။ ဒီနေ့လေးမှာ မင်းကိုချစ်တယ်လို့ ဖွင့်ပြောဖို့ ကြိုးစားခဲ့ရတာ။

ဒါပေမဲ့ ငါ . . ငါ . . ညီမလေးရဲ့ဒိုင်ယာရီကို ဖတ်မိပြီးတဲ့အချိန်မှာ မင်းကိုဖွင့်ပြောဖို့ စိုးရွံ့နေမိတယ်။ မင်းငါ့အချစ်ကို ဘယ်လိုတုန့်ပြန်မလဲဆိုပြီး တွေးကြည့်ရုံလေးနဲ့တောင် လူကရူးချင်နေပြီ။ မင်းများငါ့ကို စိတ်နာနေမလား။ မင်းများငါ့ကို စကားလှလှလေးတွေသုံးပြီး ငြင်းလိုက်လေမလားလို့ တွေးရင်းရူးရတယ်ကွာ။

ငါကလေ မင်းဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူးလို့ ထင်ထားခဲ့ပြီး မင်းကိုချစ်ခွင့်ပန်ဖို့ ကြိုးစားခဲ့တာ။ မင်းရင်ထဲ တစ်ခြားတစ်ယောက် ထည့်ထားခဲ့ဖူးတာကို သိလိုက်ရတော့ ငါတကယ်ကို ဖွင့်ပြောဖို့ သတ္တိနည်းသွားတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ဘူး။ ငါလည်း လူတစ်ယောက်ကို ချစ်ခဲ့ဖူးတာမို့ မေ့ဖို့ခက်ခဲတယ်ဆိုတာကို ငါသိတယ်။

မင်းငါ့အပေါ် အနစ်နာခံပြီး သည်းခံပေးမှုတွေကြောင့် မင်းကငါ့ရင်ထဲကို အမြန်ရောက်လာခဲ့တာထင်ပါတယ်။ ငါကိုယ်တိုင်လည်း ချို့ကို အရှင်းမမေ့နိုင်သေးဘူးလေ။ ဒါ့ကြောင့် ငါ့ဆီက ဒဏ်ရာတွေအမြဲရခဲ့တဲ့မင်းက ငါ့ကိုချစ်လာဖို့ ခက်ခဲမယ်မို့လား။ ငါ့ကိုမချစ်လာနိုင်သလို မင်းအပေါ်အရမ်းချစ်ပေးတဲ့ အချစ်ဦးကိုလည်း မေ့ဖို့ခဲယဉ်းမှာပေါ့။ နောက်လူက‌ကောင်းပေးမှ ရှေ့လူကိုမေ့ဖို့ လွယ်ကူမှာလေ။ ခုတော့ ငါကမင်းအပေါ် ဒဏ်ရာတွေပဲ ပေးခဲ့ဖူးတဲ့သူဆိုတော့ မင်းကိုသိပ်ချစ်ခဲ့သူကို မင်းမေ့နိုင်ပါ့မလား။

ငါမင်းကို ဖွင့်ပြောတဲ့အခါ မင်းဘက်က . . .
“ကိုနစ်ကျွန်တော့်ကို ပိုင်ဆိုင်နေရပြီပဲ။ သိုက်ကို ကျွန်တော်လိုချင်လည်း ရမှမရနိုင်တာ။ သိုက်ကို ချစ်နေခွင့်လေးပဲရှိတာမို့ ချစ်နေခွင့်လေးတော့ပေးပါ” . . . ဆိုတဲ့စကားကို မင်းနှုတ်ဖျားက ထွက်ကျလာရင် ငါရူးပြီမိုးနှောင်းကမ္ဘာ။

ဒါမှမဟုတ် ကျွန်တော့်ကို ဒဏ်ရာတွေပေးခဲ့တဲ့ကိုနစ်ကို ကျွန်တော်မချစ်ဘူးလို့များပြောခဲ့ရင် ငါဆောက်တည်ရာမဲ့မှာ။

ငါကြိုးစားကြည့်ချင်ပါတယ်။ ဒါပေမဲ့ မင်းအပေါ် မချိုသာခဲ့တဲ့ ငါ့အပြုအမှုတွေကြောင့် မင်းကိုချစ်တယ်လို့ ဖွင့်ပြောရမှာကြောက်တယ်။ ငါရဲ့အချစ်ကို မင်းမယုံမှာလည်းဆိုးတယ်။ တကယ်ပါ မင်းငါ့ကိုပြန်မချစ်ရင်နေပါ ငါ့အချစ်ကိုမယုံမှာကိုတော့ ငါတကယ်ကြောက်တယ်။

ငါ့အဖြစ်က ချောက်ကမ်းပါးမှာရပ်နေရတဲ့သူလိုပဲ ရှေ့တိုးရင်လည်း မင်းရဲ့ယုံကြည်မှုကို မရမှာဆိုးတယ်။ နောက်ဆုတ်ရင်လည်း မင်းနဲ့ဝေးကွာသွားမှာဆိုးရတယ်။ ငါရူးတော့မယ်ကွာ။

ငါ့ဘဝမှာ တွေဝေခဲ့ဖူးတာဆိုလို့ ဒီတစ်ခါပဲရှိမယ် ထင်ပါတယ်။ ဒါပေမဲ့ မင်းက ငါ့ရဲ့ပိုင်ဆိုင်မှုလေးပဲမို့လား။ ငါမင်းကို ပိုင်ဆိုင်ခွင့်ရပြီးသားမို့ ဘယ်အချိန်ပဲဖွင့်ပြောပြော ပြောဖို့ အချိန်တွေ အများကြီးကျန်နေသေးတယ်မို့လား။

အခွင့်အရေးတွေ ရှိနေပါသေးတယ်။ ငါမင်းကို အရင်ကထက် ပိုဂရုစိုက်ပြီး ပိုကြင်နာပေးမယ်။ ငါမင်းကို အတတ်နိုင်ဆုံး အမူအရာတွေနဲ့ ချစ်ကြောင်းပြမယ်။ ငါမင်းရဲ့ယုံကြည်မှုကို အရင်ဆုံးရယူပြီးမှ ငါ့အချစ်တွေကို မင်းကိုယ်တိုင် အလိုလို ခံစားသိရှိလာနိုင်ပြီဆိုမှ ငါမင်းကိုချစ်တဲ့‌အကြောင်းကို ဖွင့်ပြောမယ်။ မင်းလက်ခံပေးနိုင်အောင် ငါအရင်ကြိုးစားပါ့မယ်။ ငါ့အချစ်တွေကို မင်းသိမြင်လာအောင် ကြိုးစားမယ်။ ငါမင်းကိုအရမ်းချစ်တယ် မိုးနှောင်းကမ္ဘာ။

“ကိုနစ်”

“ဟင်”

အတွေးတွေထဲ မျောလွင့်နေတာမို့ မိုးနှောင်းကမ္ဘာရဲ့ ခေါ်သံကြားမှ သတိဝင်လာတယ်။

“မျက်နှာမသစ်ဘဲ ဘာထိုင်လုပ်နေတာလဲ။ နိုးနေတာကြာပြီ‌လား”

“ဟင့်အင် ခုမှနိုးတာ”

“ဘာတွေများတွေးနေလို့ ခေါ်မကြား အော်မကြား ဖြစ်နေရတာလဲ။ ကျွန်တော်ခေါ်နေတာ ငါးခွန်းလောက်ရှိပြီ”

“ဒီနေ့ ငါတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ဆိုတော့ မိဘမဲ့ဂေဟာမှာ သွားလှူမလားလို့ စဉ်းစားနေတာ”

“တကယ်”

“အင်း”

ကိုနစ်က နှောင်းတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် အလှူလုပ်ဖို့အထိတောင် တွေးပေးထားတာပဲ။ ကျေးဇူးပါကိုနစ်။

“ကိုနစ်ထိုင်နေတုန်းလား။ မျက်နှာသစ်ဦးလေ။ ကျွန်တော်ပြင်ဆင်ပေးထားတယ်။ ကျွန်တော်ကိုနစ်အတွက် ပုဆိုးနဲ့အင်္ကျီ ထုတ်ပေးခဲ့မယ်နော်”

“အင်း။ ဘုရားအရင်ဝင်ပြီးမှ ဂေဟာကို သွားရအောင်”

“ဟုတ်။ ကိုနစ်ကိုယ့်ဘာကိုယ်ပြင်ဆင်ပြီး ထွက်လာလိုက်‌တော့နော်။ ကျွန်တော်အင်္ကျီလဲပြီးတာနဲ့ သားသားတို့ကို ပြင်ဆင်ပေးရဦးမယ်”

“အင်း”

နှောင်းလည်း ကိုနစ်နဲ့ဆင်တူ ပုဆိုးနဲ့အင်္ကျီ ဝတ်လိုက်တယ်။ ဆင်တူဝယ်ထားတာတော့ မဟုတ်ဘူး။ သားအဖလေးယောက်အတွက် ဖွားဝယ်ပေးထားလို့ ဆင်တူနေတာ။

“ယဉ်ယဉ်”

“ရှင်ကိုနှောင်း”

“ဘုရားကိုသွားမှာမလို့ နင်ပါလိုက်ခဲ့ရမယ်နော်။ သွားပြီးပြင်ဆင်ခဲ့”

“သားသားတို့ကို အင်္ကျီလဲပေးပြီးမှ ယဉ်ယဉ်ပြင်လိုက်မယ်”

“ရပါတယ်။ သားသားတို့ကို ငါပဲပြင်ပေးလိုက်မယ်။ နင် လှလှလေးပြင်ခဲ့နော် သွား”

“ဟုတ်။ ကျေးဇူးပါကိုနှောင်း”

ဘုရားသွားမှာမို့ အပျိုဖြန်းလေး ကျွန်တော့်ညီမလေးကို အလှပဆုံး ဖြစ်စေချင်တာကြောင့် ကလေးတွေကို ကျွန်တော်ပဲ ပြင်ဆင်ပေးလိုက်တော့မယ်။ ယဉ်ယဉ်လေးက ကျွန်တော်နဲ့ကိုနစ်အတွက် ညီမအရင်းအချာလိုဖြစ်‌နေပါပြီ။ ကျွန်တော်နဲ့ အတူနေခဲ့တဲ့နှစ်ကလည်း ကျွန်တော်တို့ အိမ်ထောင်သက်အတိုင်းပဲလေ။ ကိုနစ်နဲ့ အတူ‌နေရတာကတော့ ပိုကြာတာပေါ့။ ဒီကလေးမလေးက ကိုနစ်ဆူသမျှကိုလည်း ကိုကိုကြီးကလည်းဆိုတဲ့ စကားလေးတစ်ခွန်းအပြင် ပိုမပြောတတ်တဲ့သူပါ။ တစ်ခါက ကိုနစ်သူမ‌လေးကိုစိတ်ဆိုးပြီး ဖွားတို့အိမ်ကို ပြန်ပို့မယ်လို့ပြောတုန်းက တက်မတတ် ချက်မတတ် အော်ငိုခဲ့တာပါ။

ကိုနှောင်းတို့၊ ကိုကိုကြီးတို့၊ သားသားလေးတို့နဲ့ မခွဲနိုင်ဘူးဆိုပြီး အော်ငိုခဲ့တဲ့ကလေးမလေး။ ကိုနစ်ဘယ်လောက်ဆူဆူ အပြုံးမပျက် မျက်နှာတစ်ချက်မပျက်ခဲ့တဲ့ ဒီကလေးမလေးကို ညီမအရင်းလေးသဖွယ် ချစ်ရပါတယ်။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ့တဲ့အခါ ချစ်သူထားပါလို့ပြောခဲ့ပေမယ့် သားသားလေးတွေကိုထိန်းကြောင်းရင်း သားသားလေးတို့နဲ့ပဲ တစ်သက်လုံးနေမှာတဲ့လေ။ သိပ်ကိုချစ်ဖို့ကောင်းတဲ့ ကလေးမလေး။

သားသားတို့ကိုအိပ်ရာနှိုးတော့ အသဲလေးတွေက မထချင်ကြဘူး။ အီး အဲ နဲ့ မနည်းနှိုးရတယ်။

“ကိုးလေး ဂိုးလေး ဖေဖေက ဒီနေ့ သားသားတို့ကို ကစားကွင်းလိုက်ပို့ပေးမှာတဲ့။ သဲလေးတို့က ကစားကွင်းကို မသွားချင်ဘူးလား”

ထိုသို့ နှိုးလိုက်မှပဲ နှစ်ယောက်သားနိုးလာတယ်။

“ဖေဖေနဲ့ တူတူတွားရမာ”

“ဟုတ်ပါတယ်ခင်ဗျ။ ကိုကိုးဖေဖေနဲ့ အတူတူသွားရမှာပါခင်ဗျာ”

“ရှစ်ရယ်ပါး မွ”

အဖေချစ်သားလေးကိုကိုးက ဖေဖေနဲ့အတူတူသွားရမယ်ဆိုတာနဲ့ အပျော်လွန်ပြီး နှောင်းပါးလေးကို လာနမ်းရှာတယ်။

သားသားတွေကို ပုဆိုးသေးသေးလေးတွေ ဝတ်ပေးလိုက်တော့ . . . ဝါးးး . . . နှောင်းရဲ့သားသားလေးတွေက အရမ်းကို ချစ်ဖို့ကောင်းလိုက်တာ။ ချစ်လိုက်တာ ဖေဖေ့သားလေးတွေကို။ ဓာတ်ပုံလေးတွေရိုက်ပြီး ဖွားကိုပို့ပေးရမယ်။ သားသားတို့ရဲ့ ပုဆိုးနဲ့ပုံလေးတွေကို ဓာတ်ပုံအဝရိုက်ပြီးတာနဲ့ ဖွားကိုပို့ပေးလိုက်တယ်။

သားသားတို့ကို ဓာတ်ပုံရိုက်ရင်းအလုပ်ရှုပ်နေပါသော မိုးနှောင်ကမ္ဘာကိုကြည့်ပြီး အလင်းပြုံးလိုက်မိတယ်။ ပုဆိုးလေးနဲ့မိုးနှောင်းကမ္ဘာက အရမ်း အရမ်းကို ချစ်ဖို့ကောင်း‌လို့နေပါတယ်။ နှောင်းပုဆိုးဝတ်တာကိုမြင်ရခဲတာမို့ ခုလိုပုဆိုးဝတ်ထားတဲ့အချိန်ဆို ကြည့်လို့ကိုမဝဘူး။

“မိုးနှောင်းကမ္ဘာ”

“ဗျာ”

“ကိုယ်ပြီးပြီ သွားရအောင်”

“ဟုတ်။ ယဉ်ယဉ်”

“လာပြီ ကိုနှောင်း။ ယဉ်ယဉ်လည်းပြီးပြီ”

နှောင်းတို့မိသားစုတစ်ခုလုံး ရွှေတိဂုံဘုရားကို ချီတက်ခဲ့ကြတယ်။ ဘုရားကိုရောက်တဲ့အချိန် ဘုရားအမြန်ဝတ်ပြုရတယ်။ မျောက်လောင်းလေးတွေ ပါလာတယ်မို့လား။ ယဉ်ယဉ်တစ်ယောက်တည်း မထိန်းနိုင်မှာဆိုးလို့ပါ။

“ကိုနှောင်းတို့မိသားစုကို ယဉ်ယဉ်ဓာတ်ပုံရိုက်ပေးမယ်”

ယဉ်ယဉ်ဓာတ်ပုံရိုက်ပေးမယ်ဆိုတော့ ကိုနစ်နဲ့နှောင်း သားကို တစ်ယောက်စီ ချီလိုက်တယ်။

“ကိုကိုကြီးနဲ့ကိုနှောင်း သားသားတို့ကိုအောက်ချပြီး ကိုကိုကြီးတို့ရှေ့မှာ ထားလိုက်ပါ့လား”

ချီပြီးရိုက်ပြီးတော့ သားသားတို့ကို အောက်ချခိုင်းတာမို့ ယဉ်ယဉ်စေရာအတိုင်း လိုက်လုပ်ခဲ့ကြရတယ်။

“ကိုကိုကြီးနဲ့ကိုနှောင်း ထိုင်ပြီး သားသားတို့ကို ပေါင်ပေါ်တင်ပေးထားပါ့လား”

တစ်မျိုးပြီးတစ်မျိုး ပုံစံအမျိုးမျိုး လုပ်ခိုင်းနေတဲ့ ယဉ်ယဉ်ရဲ့ စကားကို ကိုကိုကြီးက ဒီနေ့မှ ထူးထူးဆန်းဆန်း နားထောင်လို့ပါ့လား။

“ဟို ဒီကအစ်ကိုတို့ ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ခွင့်ပေးပါ့လား”

ကောင်မလေးနှစ်ယောက် ခွင့်လာ‌တောင်းတာမို့ ခေါင်းငြိမ့်ပြလိုက်ပြီး သားသားတို့ကိုပဲ ရိုက်ချင်တယ်ထင်တာကြောင့် ကလေးတွေရဲ့ဘေးကနေ ကိုနစ်နဲ့နှောင်း ဖယ်ပေးလိုက်ကြတယ်။

“မဖယ်ပေးပါနဲ့ အစ်ကိုတို့ရဲ့။ ညီမတို့က အစ်ကိုတို့မိသားစုပုံလေးကို ရိုက်ချင်လို့ပါ”

“ဪ ဟုတ်”

အစ်ကိုတို့ မိသားစုလေးတဲ့လား။ ထိုစကားလုံးလေးက ကြားရတဲ့သူကို နွေးထွေးစေတယ်။ အဓိကကတော့ အလင်းရဲ့ရင်ကို နွေးသွားစေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ အလင်းအံ့ဩနေမိတာက ကောင်မလေးတွေကိုပါ။ အလင်းနဲ့နှောင်းကို ကလေးလေးတွေနဲ့မိသားစုဆိုတာ ဘယ်လိုသိလဲ စဉ်းစားစရာပါ။

ဒီခေတ်ကောင်မလေးတွေ အမြင်စူးရှတယ်ပြောရမယ်။ တကယ်ဆို မိန်းကလေးဖြစ်တဲ့ယဉ်ယဉ်နဲ့ ထင်ရမှာမဟုတ်ဘူးလား။ ယဉ်ယဉ်ကလည်း အသက်နှစ်ဆယ်ကျော် လုံးကြီးပေါက်လှ မိန်းမပျိုလေးပါ။ မြန်မာဝတ်စုံဝတ်ထားတဲ့ယဉ်ယဉ်က ကောင်လေးတွေ လည်ပြန်ငေးရလောက်အောင် လှပါတယ်။ ဘုရားရောက်ကတည်းက ကောင်လေးတော်တော်များများက ယဉ်ယဉ့်ကိုပဲ ငေးကြည့်နေကြတာ မဟုတ်ပါလား။

ကောင်မလေးတွေက နှောင်းတို့ကို ရှုထောင့်မျိုးစုံကနေ ပုံစံအမျိုးမျိူး စိတ်တိုင်းကြ ဓာတ်ပုံရိုက်ယူကြတယ်။ ယဉ်ယဉ်ကလည်း ကောင်မလေးတွေနဲ့အတူ လိုက်ရိုက်နေသေးတယ်။ ဒီနေ့ ယဉ်ယဉ်ဓာတ်ပုံရိုက်လို့ ပြီးပါဦးမလားဘဲ။

“အစ်ကိုတို့ကို ကျေးဇူးတင်ပါတယ်နော်။ သားသားလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ။ အစ်ကိုတို့နှစ်ယောက်ကလည်း ရှေ့သွားနောက်လိုက်ညီတယ်။ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ မိသားစုလေး။ အစ်ကိုတို့မိသားစုလေး အသက်ထက်ဆုံး မခွဲမခွာ အတူတူနေနိုင်ပါစေနော်။ အစ်ကိုတို့နှစ်ယောက်လည်း ဒီ့ထက်မက အများကြီးပိုချစ်နိုင်ပါစေနော်။ ဓာတ်ပုံရိုက်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။ သွားခွင့်ပြုပါဦးနော်”

“ဟုတ်”

ကောင်မလေးတွေရဲ့ စကားလေးတွေကိုကြားတော့ အလင်းအပျော်ကြီးပျော်ပြီး အကျေနပ်ကြီး ကျေနပ်နေမိတယ်။ ရှေ့သွားနောက်လိုက် ညီတယ်တဲ့လား။ ဒီခေတ်ကောင်မလေးတွေ မဆိုးဘူးအမြင်ရှိတယ်။ ဒီကောင်မလေးတွေ ပြောတတ်ဆိုတတ်လေးတွေ။ နောက်တစ်ခါကြုံမှ ဒီကိုကြီးက မင်းတို့ကို မုန့်ဝယ်ကျွေးမယ်။

မိဘမဲ့ဂေဟာကို နေ့လည်ဘက်မှရောက်သွားတယ်။ ကလေးတွေဆော့ကစားနေတဲ့အချိန်မှာ ရောက်သွားတာမို့ သားသားတို့ကိုပါ ကလေးတွေနဲ့အတူ‌ ကစားစေလိုက်တယ်။ မယ်ယဉ်ယဉ်ကတော့ သူ့တူလေးတွေ လှုပ်ရှားသမျှကို မမောနိုင်မပမ်းနိုင် အမိအရကို ဓာတ်ဖမ်းနေလေရဲ့။

“မောင်အလင်းနစ် ဂေဟာကိုမလာတာတောင် အတော်ကြာသွားပြီနော်”

“ဟုတ်တယ်ဦးဆွေ”

“ငါကတော့ မင်းကိုသတိရနေတာ။ သတိရတိုင်းလည်း ရင်းနှီးတဲ့သူတွေနဲ့တွေ့တိုင်း မင်းအကြောင်းကို မေးဖြစ်တယ်။ မင်းကတော့ နေနိုင်လိုက်တာကွာ။ ဂေဟာဘက်ကို တစ်ချက်လေးတောင် လှည့်မလာဘူး”

“ခုနောက်ပိုင်း အလုပ်လေးတွေရှုပ်နေလို့ မလာဖြစ်တာပါဗျာ”

မယုံကြည်စရာကောင်းတဲ့မုသားကို အလင်းဆိုလိုက်တယ်။ လေးနှစ်လုံး အလုပ်ရှုပ်နေတာတော့ ယုံကြည်ချင်စရာ မကောင်းဘူးမို့လား။ ဂေဟာမှုးနဲ့အရမ်းခင်တာမို့ အလင်းလေးနှစ်မလာတာတောင် သတိတရရှိတုန်းပါပဲ။ ဂေဟာမှုးနဲ့အလင်းက အရင်နှီးဆုံးမိတ်ဆွေတွေဖြစ်နေတာလည်းပါတယ်။

“ဒေါက်တာတေးသံသာချိုကတော့ ခဏခဏကိုလာတယ်ကွ။ တစ်လတစ်ခါ ဂေဟာက ကလေးတွေရဲ့ကျန်းမာရေးကို လာစစ်ဆေးပေးတယ်။ အရင်ကတော့ သူ့မွေးနေ့၊ မင်းမွေးနေ့နဲ့ မင်းတို့Anniversaryအတွက်ဆိုပြီး လှူတတ်ပေမယ့် ခုနောက်ပိုင်းတော့ Anniversaryအတွက်လှူတာ မတွေ့ရတော့ဘူး။ Anniversaryအစား သိပ်ချစ်ရတဲ့ကလေးလေးတွေရဲ့ မွေးနေ့အတွက်ဆိုတဲ့ နာမည်လေးနဲ့တော့ နှစ်တိုင်းလှူတယ်ကွ။ မင်းမွေးနေ့အတွက်ကတော့ ခုထိလှူပေးတုန်းပဲ။ အစက သိပ်ချစ်ရတဲ့ကလေးလေးတွေရဲ့ မွေးနေ့ဆိုတော့ ငါက မင်းနဲ့သူနဲ့ရတဲ့ ကလေးတွေလို့ထင်နေတာ။ ငါသေချာသိချင်လို့ မေးကြည့်တော့မှ သူက မင်းအိမ်ထောင်ကျသွားပြီလို့ပြောတယ်။ သူပြောတော့ ငါ့မှာအံ့ဩရသေးတယ်။ ငါက မင်းနဲ့သူနဲ့ ယူတော့မယ်လို့တောင်ထင်နေတာ”

ဘုမသိဘမသိပြောနေပါသော ဂေဟာမှူးကြောင့် မိုးနှောင်းကမ္ဘာကို အားနာစွာလှည့်ကြည့်လိုက်တော့ အလင်းကိုပြုံးပြလာတယ်။ ရပါတယ် နားလည်ပါတယ်ဆိုတဲ့ အပြုံးလေးနဲ့ပါ။

“ဟို ဦးဆွေကို မိတ်ဆက်ပေးရဦးမယ်။ ဒီဘက်က ကျွန်တော့်အိမ်ထောင်ဖက်ပါ။ မိုးနှောင်းကမ္ဘာလို့ ခေါ်ပါတယ်”

“ဟေ”

မိုးနှောင်းကမ္ဘာကို အလင်းရဲ့အိမ်ထောင်ဘက်ပါလို့ပြောပြီး မိတ်ဆက်ပေးလိုက်တော့ ဦးဆွေကအံ့ဩပြီး အားနာသွားပုံရတယ်။

“ဟာကွာ Sorryနော်သား။ ဦးက ဘုမသိဘမသိ ပြောလိုက်မိတယ်။ တကယ်ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်ကွာ။ စိတ်ထဲ တစ်မျိူးမထင်နဲ့နော်သားလေး။ စိတ်လည်းမဆိုးပါနဲ့ကွာ။ ဦးက အလင်းနဲ့ခင်နေတော့ အရင်ပြောနေကြအတိုင်း ပြောလိုက်မိတာ”

တကယ်တော့ ဦးဆွေထင်ခဲ့တာက အလင်းတို့နဲ့ပါလာပြီး ကလေးတွေအနားမှာ အချိန်ပြည့်ရှိနေတဲ့ ယဉ်ယဉ်ဆိုတဲ့ကောင်မလေးကို အလင်းရဲ့အမျိုးသမီးလို့ ထင်ခဲ့မိတာပါ။ မိုးနှောင်းကမ္ဘာဆိုတဲ့ကောင်လေးနဲ့ အင်္ကျီဆင်တူ ဝတ်ထားတာတွေ့ပေမယ့် ညီအစ်ကိုတွေမို့ ဆင်တူဝတ်တယ်လို့ ထင်နေမိတာ။

အလင်းလိုလူက ယောင်္ကျားလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုလိမ့်မယ်လို့ လုံးဝမထင်မိတာလည်းပါတယ်။ ခုတော့ ဦးဆွေ ရှေ့မကြည့်နောက်မကြည့် ပြောလိုက်မိတာက မိုးနှောင်းကမ္ဘာဆိုတဲ့ကလေးကို အားနာစရာတွေဖြစ်ကုန်ပြီ။ လူကြီးတစ်ယောက်အနေနဲ့ မပြောသင့်တဲ့စကားတွေကို မတွေ့ရတာကြာပြီဖြစ်တဲ့အလင်းကို ခုမှပြန်တွေ့ရ‌တာမို့ ကရားရေလွှတ် ပြောနေမိခဲ့တာပါ။

“ရပါတယ်ဦးရဲ့။ မသိလို့ပြောတာပဲဟာ။ ကျွန်တော့်စိတ်ထဲ ဘယ်လိုမှသဘောမထားပါဘူး”

“ကျေးဇူးပါကွာ”

ဂေဟာအတွက်လှူပြီး ပြန်တော့မယ်ဆိုတော့ သားသားတို့က မပြန်ဘူးဆိုပြီး ဂျီကျပါလေရော။ အိမ်ထဲမှာပဲနေခဲ့ရတဲ့ ကလေးတွေဆိုတော့ တခြားကလေးတွေနဲ့ တစ်ခါမှမဆော့ခဲ့ရရှာတာမို့ ခုမှပထမဆုံးတွေ့ဖူးတဲ့ ဂေဟာက ကလေးတွေကို ခဏလေးနဲ့ ခင်တွယ်သွားပုံရတယ်။ သားသားတို့ကို မနက်ဖြန် ထပ်လိုက်ပို့ပေးမယ်ပြောပြီး မနည်းချော့မော့ကာ ပြန်ခေါ်ခဲ့ရတယ်။

ထိုနေ့က အလင်းသိလိုက်ရတာတစ်ခုက ချိုကသူ့မွေးနေ့အတွက် လှူနေကြအတိုင်း နှစ်တိုင်း လှူပေးနေတုန်းပဲတဲ့လား။

အိမ်ပြန်ရောက်တော့ သားသားတို့က တစ်နေကုန်ဆော့ထားရလို့ထင်တယ် မောပြီးအိပ်ပျော်သွားတယ်။

“ယဉ်ယဉ် နင်လည်းပင်ပန်းနေပြီ။ ရေမိုးချိုးပြီးတာနဲ့ အနားယူလိုက်တော့နော်”

“ဟုတ်ကိုနှောင်း”

အိပ်ခါနီးတော့ ကိုနစ်တစ်ယောက် နှောင်းကိုခဏခဏကြည့်နေတာမို့ တစ်ခုခုကို ပြောချင်နေပုံရတယ်။ ပြောရခက်နေတဲ့ပုံမို့ နှောင်းကပဲမေးလိုက်တယ်။

“ကိုနစ် ကျွန်တော့်ကိုပြောစရာရှိလို့လား”

နှောင်းမေးတော့မှ ကိုနစ်ကခေါင်းငြိမ့်ပြလာတယ်။

“ဘာပြောမလို့လဲ ပြောလေ”

“ငါဒီည မင်းနဲ့အတူနေချင်လို့ အတူနေခွင့်ပေးနိုင်မလား မိုးနှောင်းကမ္ဘာ”

ကိုနစ်က ဒါကိုပြောဖို့အတွက် ပြောရခက်နေတယ်တဲ့လား။ အရင်ကလည်း ငါမင်းနဲ့ အတူနေဖို့လိုအပ်တယ်ဆိုပြီး ပြောနေကြပါ။ ခုမှ ပြောဖို့ကို ခက်ခဲနေရတယ်လို့။

ကိုနစ်ရဲ့တောင်းဆိုမှုကို ခေါင်းငြိမ့်ပြလိုက်တော့ နှောင်းရဲ့ နှုတ်ခမ်းကို စတင်နမ်းရှိုက်လာတယ်။ အံ့ဩမှု၊ မယုံကြည်နိုင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစွာနဲ့ ကိုနစ်ရဲ့အနမ်း‌တွေကို ခံယူနေခဲ့မိတယ်။ ဒါဟာ လေးနှစ်တာအတွင်း ကိုနစ်ဆီက ပထမဆုံးရဖူးတဲ့အနမ်းပါ။ လေးနှစ်တာအတွင်းမှာ ကိုနစ်နဲ့ အကြိမ်ရေများစွာ အတူနေခဲ့ဖူးပေမယ့် နှောင်းရဲ့ နှုတ်ခမ်းကို နမ်းဖို့နေနေသာသာ နှောင်းမျက်နှာတစ်ခုလုံးရဲ့ ဘယ်နေရာ ဘယ်အစိတ်အပိုင်းကိုမှ ဘယ်တုန်းကမှ မနမ်းခဲ့ဖူးပါဘူး။

အတူနေခဲ့တဲ့အချိန်တိုင်းမှာ နှောင်းရဲ့လည်တိုင်ကိုပဲ စတင်နမ်းရှိုက်ပြီး အစပျိုးနေကြပါ။ ဒီနေ့မှ ပထမဦးဆုံး ထူးဆန်းစွာနဲ့ နှုတ်ခမ်းကို နမ်းရှိုက်လာတာပါ။ နှောင်းဘာလို့‌စိတ်လှုပ်ရှားနေတာလဲဆိုတော့ ဒါဟာ နှောင်းရဲ့ First Kiss မို့ပါ။ နှောင်းတစ်ခါမှ နှုတ်ခမ်းကို အနမ်းမခံခဲ့ဖူးပါဘူး။ ပါးကိုတောင် ဖေဖေ၊ မေမေ၊ ဖွားဖွားနဲ့ ခုသားလေးတွေရတော့မှ သားလေးတွေနမ်းတာပဲ ခံယူဖူးတာပါ။

ဒါဆို ကိုနစ်နဲ့ ပထမဦးဆုံးအကြိမ် အတူနေခဲ့တုန်းကရော စိတ်မလှုပ်ရှားခဲ့ဘူးလားလို့ မေးစရာ ရှိကောင်းရှိပါလိမ့်မယ်။ ဟင့်အင် တစ်စက်လေးတောင်မှ စိတ်မလှုပ်ရှားခဲ့ပါဘူး။ လိုလိုချင်ချင်ရယူခဲ့တာမဟုတ်ဘဲ နင်းချေဖို့ရယူခဲ့တာကြောင့် ကြမ်းတမ်းစွာ ဆက်ဆံခံခဲ့ရတာမို့ ကြောက်ရွံ့ခဲ့ရပါတယ်။ ခုကရော ကိုနစ်အနမ်းကို ဘာလို့စိတ်လှုပ်ရှားနေတာလဲလို့မေးရင် ကြမ်းတမ်းမှု နည်းနည်းလေးမှမရှိဘဲ နူးညံ့ရစ်မူးစွာ အနမ်းခံနေရလို့ပါ။

ဒီနှုတ်ခမ်းလေးတွေကို လေးနှစ်တာမနမ်းခဲ့မိတာကို နောင်တရမိတယ်။ နုထွေးအိဖတ်ပြီး နမ်းလို့မဝနိုင်ဘူး။ နမ်းပြီးရင်း နမ်းချင်နေတုန်းပဲ။ ထပ်ခါထပ်ခါ စားသုံးချင်နေတုန်းပဲ။ နမ်းနေရင်းနဲ့တောင် လွတ်ထွက်သွားမှာကို ကြောက်မိတဲ့အထိပါပဲ။

နှုတ်ခမ်းတွေကို မွတ်သိပ်စွာ စုပ်ယူနမ်းရှိုက်ပြီးတဲ့နောက် လည်တိုင်ကျော့ကျော့ဆီသို့ ခရီးဆက်ခဲ့တယ်။ ဒီလည်တိုင်ဖွေးဖွေးလေးကလည်း အမြဲတမ်း စားသုံးဖူးနေကြပေမယ့် ရိုးလို့မသွားခဲ့ဘူး။ လည်တိုင်အနှံ့ကို နီနီရဲရဲ အချစ်အမှတ်အသားလေးတွေအပြည့် တံဆိပ်ခတ်နှိပ်ပြီးတဲ့နောက်မှာတော့ ဘယ်တုန်းကမှ အလည်ရောက်မလာခဲ့ဘူးတဲ့ ကွင်းပြင်ငယ်လေးဆီက နီနီရဲရဲ ချယ်ရီပွင့်ဖတ်လေးတွေဆီသို့ ပထမဆုံးအကြိမ် အလည်တစ်ခေါက်ရောက်လာပြီး စုပ်ယူလိုက်မိတယ်။

ဒီအထိအတွေ့ကို ပထမဦးဆုံးခံစားဖူးတာမို့ နှောင်းရင်တွေတလှပ်လှပ်ပါပဲ။ ဒါဟာ နှောင်းအတွက် ရင်တုန်စရာအကောင်းဆုံး အခြေအနေပါ။

ချယ်ရီပွင့်ဖတ်လေးတွေကို အချိန်ကြာမြင့်စွာ စုပ်ယူနမ်းရှိုက်ပြီးတဲ့နောက် ကုတင်ဘေးနားမှာရှိတဲ့ စားပွဲလေးပေါ်က Gelဘူးလေးကို လှမ်းယူလိုက်တယ်။ Gelဘူးလေးကို မိုးနှောင်းကမ္ဘာရဲ့ တွင်းဝလေးပေါ်ကို လောင်းချရင်း အလင်းရဲ့ ညီငယ်ကိုပါ သုတ်လိမ်းလိုက်တယ်။

ထို့နောက်မှာတော့ အလင်းရဲ့ ညီအငယ်ကောင်ကို တွင်းဝလေးထဲသို့ ဖြည်းညှင်းစွာ တိုးဝင်စေခဲ့တယ်။ တပြိုင်တည်းမှာပဲ မိုးနှောင်းကမ္ဘာရဲ့ ညီငယ်လေးကိုပါ အလင်းရဲ့လက်နဲ့ ချော့မြှူရင်း အလုပ်နှစ်ခုကို တစ်ပြိုင်တည်း စည်းချက်ညီညီ လုပ်ဆောင်စေခဲ့တယ်။ ဒါဟာ မိုးနှောင်းကမ္ဘာအပေါ် ပထမဦးဆုံးအကြိမ်အဖြစ် သာယာစွာဆက်ဆံပေးခြင်းပါ။ ကြမ်းတမ်းစွာ ဆက်ဆံခဲ့တဲ့ အရင်အချိန်တွေအတွက် တောင်းပန်ပါတယ် မိုးနှောင်းကမ္ဘာ။

အနည်းငယ်ကြာမြင့်ပြီးတဲ့နောက် အလင်းရဲ့အသွင်းအထုတ်ကို အရှိန်ပိုမြှင့်လိုက်သလို မိုးနှောင်းကမ္ဘာရဲ့ ညီငယ်ကို အုပ်မိုးထားတဲ့ လက်ရဲ့လှုပ်ရှားမှုကိုပါ ပိုမိုမြန်‌ဆန်စေလိုက်တဲ့အခါ ခံစားမှုအထွဋ်အထိပ်ဆီသို့ ပြိုင်တူရောက်ရှိခဲ့ကြတယ်။

“အာ့ . . . နှောင်း”

ကိုနစ်ရဲ့ နှောင်းလို့ခေါ်သံအဆုံးမှာ နှောင်းလည်း ပြီးဆုံးခြင်းဆီကို ရောက်ရှိခဲ့ပါတယ်။ ကိုနစ်က နှောင်းလို့ ခေါ်ပြီး ပြီးဆုံးခဲ့တယ်တဲ့လား။ အတူနေခဲ့ဖူးတဲ့ လေးနှစ်တာမှာ ဒါဟာ ပထမဦးဆုံးအကြိမ် ကိုနစ်နှုတ်ဖျားက နှောင်းရဲ့အမည်နာမကိုရွတ်ဆိုပြီး ပြီး‌ဆုံးခြင်းဆီသို့ ရောက်ရှိခဲ့ခြင်းပါ။

အလင်းရဲ့လက်ထဲမှာတော့ မိုးနှောင်းကမ္ဘာရဲ့ ပြီးမြောက်မှုသက်သေလေးတွေက ပြည့်နှက်လို့နေပါတယ်။

ဒါဟာ နှောင်းရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ် ခံစားဖူးတဲ့ လေဟာနယ်သို့ရောက်ရှိမှုပါ။ ဒီအရွယ်ယောင်္ကျားလေးတစ်ယောက်အတွက် ဒါဟာ ပထမဦးဆုံးဆိုတာ လိမ်ညာမှုတစ်ခုလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ နှောင်းငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးပြီးတောင် သာယာမှု မဖန်တီးခဲ့ပါဘူး။ အရှင်းဆုံးပြောရရင် အာသာမဖြေခဲ့ဖူးပါဘူး။ ဆရာဝန်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တာအားလုံးတော့ သိပါတယ်။

ဒါဆိုရင် ကိုနစ်နဲ့ အတူတူနေခဲ့ဖူးတာကြာပြီပဲ မခံစားဘူးတာ ဟုတ်ပါ့မလားလို့ မေးလာခဲ့ရင်လည်း တကယ်ကို မခံစားဖူးခဲ့ပါဘူးလို့ အမှန်အတိုင်း ဝန်ခံရမှာပါပဲ။ ဒါဟာ ကိုနစ်ကနှောင်းကို လေးနှစ်တာအတွင်းမှာ ပြန်‌လည်ပေးအပ်လာတဲ့ ပထမဦးဆုံးအကြိမ် သာယာမှုပါ။

လေးနှစ်တာအတွင်း ကိုနစ်နဲ့ အကြိမ်ရေများစွာ အတူတူနေခဲ့ဖူးခဲ့ပေမယ့် ကိုနစ်ရဲ့ပြီးမြောက်ချင်းကိုပဲ ဦးတည်ခဲ့တာပါ။ ကိုနစ်ရဲ့လိုအင်ဆန္ဒပြည့်ဝမှုကိုပဲ ဖြည့်ဆည်းပေးခဲ့ရုံပါ။ သာယာမှုလုံးဝမရှိခဲ့တဲ့ နာကျင်မှုအတိနဲ့ပဲ ကိုနစ်ရဲ့လိုအပ်မှုတွေကို ဖြည့်ဆည်းပေးခဲ့တယ်။ နှောင်းရဲ့ပြီးမြောက်ခြင်းဆိုတာ လုံးဝမရှိခဲ့သလို ကိုနစ်ဘက်ကနှောင်းကို သာယာမှုတွေပေးပြီး နှောင်းရဲ့ ညီငယ်ကို ချော့မြှူပေးခဲ့ခြင်းဟာလည်း ဒါဟာ ပထမဆုံးအကြိမ်ပါ။

ဒါကြောင့်မို့ နှောင်းအတွက် ဒါဟာ ပထမဦးဆုံးအကြိမ် ဘဝမှာခံစားဖူးတဲ့ သာယာခြင်းအတိနဲ့ ပြီးဆုံးခဲ့တဲ့ အတူနေခြင်းပါပဲ။ ယောင်္ကျားလေးတစ်ယောက်ရဲ့ ပြီးမြောက်မှု အထွဋ်အထိပ်ကို ပထမဦးဆုံးအကြိမ် စတင်ခံစားဖူးတာမို့ ရင်ခုန်လှိုက်ဖိုမောစေခဲ့ပါတယ်။ လေဟာနယ်ထဲကို ရောက်သွားသလိုပဲ ရင်တွေတုန်နေဆဲပါပဲ။

ဒီညလေးမှာတော့ သာယာခြင်း၊ လှိုက်ဖိုမောခြင်း၊ ရင်တုန်ခြင်း၊ ရင်ခုန်ခြင်းများစွာနဲ့အတူ နှောင်းအိပ်ပျော်သွားပါတော့တယ်။ မောပန်းစွာအိပ်ပျော်သွားတဲ့ နှောင်းရဲ့နဖူးလေးကို အနမ်းပေးပြီး အပြုံးတွေနဲ့အတူ အလင်းအိပ်ရာဝင်ခဲ့တယ်။ အရင်အချိန်တွေအတွက် တောင်းပန်ပါတယ်။ ဒီအချိန်ထိ အတူရှိနေပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ရက်တွေမှာလည်း ဒီညလိုပဲ သာယာတဲ့ခရီးလမ်းကို မင်းနဲ့အတူတူ ဆက်လျှောက်ချင်ပါသေးတယ်။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now