မနက်စောစော အိပ်ရာနိုးတာနဲ့ ပထမဆုံး ခေါင်းထဲမှာ တွေးလိုက်မိတာက စားဖို့သောက်ဖို့။ ဒီနေ့ ဘာစားရမလဲပေါ့။ ကိုနစ်လည်း ရုံးပိတ်တာဆိုတော့ တခုခုတော့ လုပ်စားရမယ်။
ချက်ဖို့ပြုတ်ဖို့အတွက် ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့ အံ့အားသင့်ဖွယ် အခြေအနေကို တွေ့လိုက်ရတယ်။ ဘာလို့လဲဆိုတော့ ရေခဲသေတ္တာထဲမှာ ဘာမှမရှိတော့ဘဲ ပြောင်သလင်းခါနေလို့ပါပဲ။
အင်း ပြောင်းသလင်းလည်း ခါသင့်နေပါပြီ။ ယဉ်ယဉ်သွားတာပဲ တစ်လကျော်နေပြီကိုး။ သားသားတို့လည်း မေမေ့ဗိုက်ကတည်းက ထွက်လာဖို့ သိပ်မလိုတော့ဘူးပဲ။
ကဲ မိုးနှောင်းကမ္ဘာ ဈေးသွားဖို့ပြင်ရမယ်။ လက်ဆွဲခြင်းလေးယူ ပိုက်ဆံအိတ်လေး ကောက်ထည့်ပြီးတာနဲ့ ယဉ်ယဉ်ပြောခဲ့တဲ့ လေးလမ်းကျော်ဆိုတဲ့နေရာကို စိတ်ကူးနဲ့မှန်းပြီး သွားလိုက်တယ်။
နောက်ဆုံးတော့ စိတ်ကူတည့်ရာလျှောက်လာအပြီးမှာ တွေ့လိုက်ရပါပြီ မယ်ယဉ်ယဉ်ပြောတဲ့ ဈေး။ ဈေးသေးသေးလေးပေမယ့် စုံစုံလင်လင်ရှိတာကြောင့် ဝယ်ရခြမ်းရတာတော့ အတော်လေးကို အဆင်ပြေပါတယ်။
ကိုနစ်က ပုဇွန်ထုပ်ကြိုက်တာဆိုတော့ ဒီနေ့ ပုဇွန်ထုပ်ချက်မယ်။ ပဲဟင်းချိုချက်မယ်။ ပြီးတော့ ကြာဇံချက် ချက်သောက်မယ်ကွာ။ ကြာဆံ၊ မှိုခြောက်ပန်းခြောက်၊ ငုံးဥ၊ သံပုရာသီး၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သား၊ ငါးဖယ် ဝယ်မယ်။
ဘာဝယ်ရဦးမလဲ စဉ်းစားစမ်းနှောင်း။ စဉ်းစားလို့ မရတဲ့အဆုံးမှာတော့ သပျစ်သီးနဲ့ နဂါးမောက်သီး ဝယ်လာလိုက်တယ်။ တော်ပြီ နောက်နေ့မှ စားချင်တာ လာထပ်ဝယ်မယ်။ စဉ်းစားလို့ရမှ လာဝယ်တော့မယ်။
ဈေးကအပြန် တစ်နာရီလောက် လမ်းလျှောက်လာပေမယ့် အိမ်ကို မရောက်နိုင်ဘဲ ဒီနေရာမှာပဲ လည်နေသလိုပါပဲလား။ လာတုန်းက အိမ်ကနေ နီးနီးလေးပါ။ ငါ လမ်းမမှတ်မိတော့ဘူး။ ခြေထောက်လည်း ညောင်းလာသလို လူကလည်း ငိုချင်လာတယ်။ နှောင်းမှာ အားနည်းချက်က လမ်းတွေကို လုံးဝမမှတ်နိုင်တာပါ။
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...