Part 7 (Unicode)

17.7K 1.5K 118
                                    

အရာရာအားလုံး ကိုယ်ဘာမှ မသိလိုက်တဲ့အချိန်မှာ ကိုယ်ဘာတစ်ခုမှ မလုပ်ခဲ့ပါဘဲ ကိုယ့်ဘဝကို ကံတရားကို ပုံအပ်လိုက်ရတယ်။ ဘဝကြီးက ဖြစ်ချင်တာတွေ မဖြစ်ရသလို မဖြစ်ချင်တာတွေလည်း ဖြစ်လာခဲ့ရတယ်။ အဖြစ်အပျက်အားလုံး မြန်ဆန်စွာ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက် တစ်ပတ်အကြာမှာ ဖွားဖွားက ချိုတို့ဘက်ကိုတောင်းပန်ပြီး စေ့စပ်ပွဲဖျက်သိမ်းလိုက်တယ်။

တစ်ပတ်လုံး အခန်းထဲကအခန်းအပြင်ကို ခြေမချခဲ့တဲ့ကျွန်တော်က ဖွားဖွားလာပြောတဲ့ ‘ချိုတို့အိမ်ကို အကျိုးအကြောင်းပြောပြပြီး စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ပြီ’ ဆိုတဲ့ စကားကြောင့် ကျွန်တော့်ခြေလှမ်းတွေက ချိုရှိရာကိုသွားဖို့‌ ဦးတည်နေခဲ့ကြတယ်။ လက်မခံချင်လည်း လက်ခံလိုက်ရတော့မယ့် အခြေအနေမှာ ချို့ကိုရှင်းပြဖို့လိုအပ်တယ်လေ။

အတွေးတချို့နဲ့အတူ ကားကိုမောင်း‌ထွက်ခဲ့ပြီး ချို့ကိုဖုန်းခေါ်လိုက်တယ်။ အလင်းဖုန်းခေါ်လိုက်တော့ ချိုက ချက်ချင်းဖုန်းကိုင်လာတယ်။ ဒါဆို ကျွန်တော့်ကို ချိုစိတ်မဆိုးလောက်ဘူးပေါ့။

“ဟဲလိုချို . . မောင်. . ချိုနဲ့တွေချင်တယ်။ တွေ့ခွင့်ပေးပါချို”

“ဘယ်မှာစောင့်နေပေးရမလဲ”

“ကန်တော်ကြီးမှာ စောင့်နေပေးပါချို”

ဒါဆို ချိုကကျွန်တော့်ကို တွေ့ခွင့်ပေးလိုက်တာပေါ့။ ချိုကျွန်တော့်ကို စိတ်မဆိုးဘူးပေါ့။ နားလည်ပေးနိုင်တယ်ပေါ့။ ကျွန်တော့အတွက် အခွင့်အရေး ရှိသေးတယ်ပေါ့။ မျှော်လင့်ချက်တွေနဲ့အတူ ချို့ဆီကို ကျွန်တော်သွားခဲ့တယ်။

ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ချိုကရောက်နှင့်နေပါပြီ။ ကျွန်တော် ချိုထိုင်နေတဲ့ဘေးမှာဝင်ထိုင်ပြီး ချို့မျက်နှာကိုကြည့်လိုက်တယ်။ ဒါပေမဲ့ ချို့မျက်နှာကိုမြင်ရတဲ့အချိန် ကျွန်တော့်မှာပြောစရာစကားတွေ ပျောက်ရှကုန်တယ်။ ကျွန်တော် ချို့ကို အရင်ဆုံးရှင်းပြရမယ်။ ဒါကြောင့် ကျွန်တော်သေချာစဉ်းစားပြီး ပြောလိုက်တယ်။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now