Part 25 (Zawgyi)

2.7K 204 4
                                    

“တီ တားတား ဒါဝတ်မယ်”

“တီ တားတားရိုဒါ”

“အေးပါ တီ့သားလေး‌တွေရယ် သားတို့စိတ်ကြိုက် တီဝတ်ပေးမယ်နော်”

“တီပါ ရိုက်နော်”

“တီက‌ ဒီနေ့မလိုက်ဘူး မနက်ဖြန်မှ လိုက်မယ်နော်”

တစ်မနက်လုံး ဆူညံပွက်လောရိုက်နေပါသော သားငယ်လေးတွေနဲ့ တီယဉ်ယဉ်။ မနက်ဖြန် သားတို့မွေးနေ့မို့ ဒီနေ့ ကစားကွင်းကို လိုက်ပို့ပေးမှာပါ။ မနက်ဖြန်မွေးနေ့ကိုတော့ နှောင်းတို့ မင်္ဂလာနှစ်ပတ်လည်နေ့တုန်းကလှူခဲ့တဲ့ မိဘမဲ့ဂေဟာမှာသွားလှူမှာပါ။ ကစားကွင်းသွားရမှာကို တက်ကြွပျော်ရွှင်နေကြပါသော သားငယ်လေးတွေ။ သူတို့အတီကိုလည်း လိုက်စေချင်ကြသေးတယ်။

“ဟားဟားဟား”

နှောင်းကိုကြည့်ပြီး အူတက်အောင်ရယ်နေပါသော ကိုနစ်။

“လူကိုဘာရယ်တာလဲ”

“လွယ်အိတ်ကြီးက ဘာလုပ်ဖို့လဲ မိုးနှောင်းကမ္ဘာရယ်။ သားသားတွေက ကလေးလား။ မင်းက ကလေးလား မသဲကွဲဘူး”

“ကိုနစ်ကမှ ဘာမှမသိတဲ့ကလေးဆိုးကြီး။ လွယ်အိတ်က မပါလို့မရဘူး။ သူတို့ဗိုက်ဆာရင်စားဖို့ မုန့်တွေထည့်ရတယ်။ Tissueကအစ Wet Tissueအဆုံး အကုန်ပါအောင် ထည့်ရသေးတယ်။ အင်္ကျီအပို နှစ်စုံသုံးစုံလည်း ပါအောင်ထည့်ရတယ်။ ဒါတွေပြောလည်း ကိုနစ်မသိပါဘူး။ ကိုနစ်က ကလေးတွေနဲ့ ရန်ဖြစ်ဖို့လောက်ပဲ သိတာပါ”

သေရော။ ကိုယ့်စကားနဲ့ကိုယ် ခံလိုက်ရပါသော မောင်အလင်းနစ်။ သူပြောတော့လည်း ဟုတ်သားပဲ။ ဒါပေမဲ့ ကိုယ့်မှာသူ့ကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ ဘောင်းဘီရှည်အပွ၊ အင်္ကျီအပွနဲ့ ဦးထုပ်ဝိုင်းလေး ဆောင်းထားတဲ့အပြင် ကျောပိုးလွယ်အိတ်ပါ လွယ်ထားလိုက်သေးတယ်။

သေချာစဉ်းစားကြည့်မှ မိုးနှောင်းကမ္ဘာမှာရှိတဲ့ အဝတ်အစားတော်တော်များများက ဒါမျိုးလေးတွေချည်းပါပဲ။ မဆိုးပါဘူး ဒါလေးတွေနဲ့လည်း ကလေးပိစိပေါက်စရုပ်နဲ့ ချစ်ဖို့တော့အတော်ကောင်းတယ်။ ဘယ်သူထင်မှာလဲ ကလေးနှစ်ယောက်အဖေပါလို့။ ဒီလောက်သေးကွေးပြီး ဖြူဖွေးဥနေရတဲ့အထဲ ဝတ်ထားတဲ့အဝတ်အစားနဲ့ ပြင်ဆင်ထားတဲ့ဒီဇိုင်းက မသိရင် ကလေးတွေရဲ့ အစ်ကိုလိုလိုရုပ်နဲ့။ မသိတဲ့သူစိမ်းဆိုရင် အလင်းရဲ့သားလို့ ထင်ချင်စရာရုပ်နဲ့ပါ။ အင်း ဒီနေ့တော့ သားသုံးယောက်နဲ့ သွားရတော့မှာပေါ့။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now