Part 9 (Zawgyi)

3.2K 261 7
                                    

နောက်တနေ့မနက် မိုးလင်းတဲ့အခါ ပန်းနုအခန်းထဲမှာ အိပ်နေတဲ့နှောင်းကို မေမေမြင်သွားခဲ့တယ်။

“သား ဘာလို့ ဒီအခန်းထဲမှာ အိပ်နေရတာလဲ။ သားတို့အခန်းထဲမှာ မအိပ်ဘူးလား”

“သားတို့အခန်းထဲမှာပဲ အိပ်တာပါမေမေ။ မနက်က အစောကြီးနိုးနေတာနဲ့ ပန်းနုကိုသတိရလို့ အခန်းထဲ ခဏဝင်လာရင်း မှေးခနဲ အိပ်ပျော်သွားတာ”

မေမေ့ကို ပထမဆုံး လိမ်ညာလိုက်ခြင်းပါ။ အမှန်တကယ်တော့ ညက ကိုနစ်ရဲ့ အတင်းအဓမ္မ ရယူခဲ့ခြင်းအပြီးမှာ နှောင်းခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီသွားခဲ့တာမို့ ရေးဆေးပြီး ဆေးထည့်ခဲ့ရတယ်။

နှောင်းကို သိမ်းပိုက်လိုက်ရလို့ထင်တယ် မောပန်းပြီး အိပ်‌ပျော်သွားတဲ့ ကိုနစ်ကို နာကျင်နေတဲ့ကြားထဲက ရေပတ်တိုက်ပေးပြီး ညဝတ်အင်္ကျီ ဝတ်ပေးလိုက်တယ်။ ဒီလို ညစ်ညစ်ပတ်ပတ်နဲ့ အဝတ်အစားကင်းမဲ့ပြီး တစ်ညလုံးအိပ်နေရင် မနက်ဖြန် ဖျားနေမှာဆိုးတာကြောင့်ပါ။

ဒါဟာ နှောင်းကျေပွန်ရမယ့် တာဝန်နဲ့ဝတ္တရားမို့လား။ ကိုနစ်ပြောသလိုပဲ နှောင်းကကိုနစ်ရဲ့ အိမ်ထောင်ဘက်ဖြစ်သွားပြီမို့ ကိုနစ်ကနှောင်းအပေါ် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နှောင်းကို ဘယ်လိုပဲဆက်ဆံဆက်ဆံ နှောင်းလုပ်ပေးရမယ့်အရာကိုတော့ ဝတ္တရားကျေပွန်ရမှာပေါ့။

ဒါဟာ နှောင်းလုပ်ပေးရမယ့် ဝတ္တရားလို့သတ်မှတ်ပြီး စေတနာအရင်းခံနဲ့ လုပ်ပေးခဲ့တာပါ။ ဒီလိုမျိုးတွေလုပ်ပေးရင်းနဲ့ ကျွန်တော်ကိုနစ်နားမှာနေပြီး ကျွန်တော့်အိမ်ထောင်ရေးကို ပြိုကွဲ မသွား‌အောင်ထိန်းသိမ်းမှာ။ ကိုနစ်ကျွန်တော့်အပေါ် ဘယ်လောက်ပဲ မကောင်းပါစေ ကျွန်တော်ကိုနစ်အပေါ် အတတ်နိုင်ဆုံးကောင်းပေးမှာ။

ဘာကြောင့်ဆို ဖေဖေနဲ့မေမေ အသက်ရှင်နေသ၍ ကျွန်တော်ကိုနစ်အနားမှာ တောက်တဲ့လို ကပ်တွယ်နေမှာမို့ပါ။ ဖေဖေနဲ့မေမေကို ကျွန်တော်စိတ်ညစ်နေရတယ်လို့ မသိစေချင်သလို ကျွန်တော့်အိမ်ထောင်ရေး သာယာပျော်ရွှင်နေတယ်လို့ပဲ မြင်စေချင်တယ်။ ဒါ့ကြောင့် ကျွန်တော်ခင်ဗျားကို နားလည်ပေးပြီး ခင်ဗျားအနားမှာ ပျော်အောင်နေနိုင်ဖို့  ကြိုးစားမှာ။ ဒါ့ကြောင့် ခင်ဗျားကြိုက်သလောက် ကျွန်တော့်အပေါ် ရင့်သီးနိုင်ပါတယ်။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now