Part 12 (Unicode)

18K 1.5K 107
                                    

“ဟေး ကိုအလင်း ရိုက်ကွင်းကို လာကြည့်တာလား”

“ဆိုပါတော့ဗျာ။ ဒါနဲ့ ရိုက်နေတာ ပြီးခါနီးပြီလား”

“အင်း ပြီးတော့ ပြီးတော့မယ်ဗျ ကိုအလင်းရ။ နောက်ထပ် နှစ်ခန်းလောက်ပြီးရင်ပြီးပြီ”

“ဪ ဟုတ်ကဲ့ပါဗျာ။ ဆက်ရိုက်နော် ကျွန်တော့်ကို အားမနာနဲ့။ ကျွန်တော်က လာကြည့်ရုံ သက်သက်ပါ”

တကယ်လည်း ဇာတ်ကားသစ်အတွက် စာချုပ်လာချုပ်ရင်း လမ်းကြုံတာနဲ့ ကာရံချိုရှိနေတဲ့ ရိုက်ကွင်းကို ဝင်လာကြည့်လိုက်တာပါ။

အလင်း ဒါရိုက်တာရဲ့ဘေးမှာထိုင်ပြီး အရှေ့မှာရှိနေတဲ့ ရိုက်ကူးရေးကို ထိုင်ကြည့်နေလိုက်တယ်။ ရိုက်ကွင်းမှာ ချို့ရဲ့သရုပ်ဆောင်ချက်တွေကို ကြည့်ရတဲ့အခါ ကိုယ်သူနဲ့ စာချုပ်ချုပ်ဖို့အတွက် အစမ်းသရုပ်ဆောင်ခိုင်းတုန်းကထက် ပိုကောင်းနေတာကို တွေ့လိုက်ရတယ်။

မဆိုးပါဘူး အလင်းနစ်ရဲ့ရွေးချယ်မှုတိုင်းက တော်နေတုန်းပဲ။ ဒါ့ကြောင့်လည်း မာန်ရုပ်ရှင် ထုတ်လုပ်ရေးက ခုထိနာမည်မကျသေးတာ။ အမြဲတမ်း သရုပ်ဆောင်သစ်တွေကို အကောင်းဆုံးလေ့ကျင့်ပြီး သရုပ်ဆောင်ကောင်းတွေကို ပိုင်ဆိုင်ထားနိုင်တုန်းပဲ။

ဒါ့ကြောင့်လည်း အလုပ်ကိစ္စတွေ ဆုံးဖြတ်တဲ့အခါ လူကဲဖြတ်ခိုင်းတဲ့အခါ အလင်းနစ်ကို ဆုံးဖြတ်ခိုင်းကြတာ။ အလင်းနစ်ဆိုတာ လူကဲဖြတ်တာ သိပ်တော်သလို လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ ဘယ်အတိုင်းအတာထိ အောင်မြင်နိုင်တဲ့သူဆိုတာကိုပါ တန်းသိနေတဲ့လူစားမျိုး။

ဒါ့ကြောင့်လည်း ရုပ်ရှင်လောကမှာ အလင်းနစ်ရဲ့ နှုတ်ထွက်စကားတစ်ခွန်းကို တန်ဖိုးထားကြတယ်။ အလင်းနစ်ရဲ့ချီးကျူးတာကို ခံချင်ကြတယ်။ အလင်းနစ်ချီးကျူးလိုက်တဲ့သူက တကယ်တော်လို့ဆိုပြီး ပရိုဂျူဆာတွေက လက်ခံထားကြတာမို့ အလင်းနစ်ချီးကျူးတာကို ခံရတဲ့သူက နောက်မှာ ပရိုဂျူဆာတွေ ဝိုင်းဝိုင်းလည်သွားပြီး ထုတ်လုပ်ရေးတိုင်းက သူတို့နဲ့လက်တွဲဖို့ အပြိုင်အဆိုင် ကမ်းလှမ်းတာကိုခံရတာမျိုး။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now